Thursday, February 20, 2020

အခြေခံဥပဒေ ပြင်ဆင်ရေး တပ်မတော်အပေါ် မျှော်လင့်ချက်ထားမှု ဒေါ်အောင်ဆန်းစုကြည် စိတ်ကူးယာဉ်နေသလားဟု ဝေဖန်


Image may contain: 2 people, closeup
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် NLD က လွှတ်တော်တွင်းလမ်းကြောင်းမှ ကြိုးပမ်းနေပြီး လက်ရှိတွင် အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေမူကြမ်းတစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားသည်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အားလုံးက အခြေခံဥပဒေ ပြင်ဆင်သည့် အရေးကိစ္စနှင့်ပတ်သက်ပြီး ဆွေးေနွးရန် စာရင်းပေးထားရာ လွှတ်တော်တွင်း အပြန်အလှန် အငြင်းအခုန် ဖြစ်လာမည့် အခြေအနေများဖြစ်နေသည်။ NLD လွှတ်တော် အစိုးရအနေဖြင့် အခြေခံဥပဒေ ပြင်ဆင်နိုင်မည်လား၊ စိတ်ကူးယာဉ်သက်သက်ဖြင့် အချိန်ကုန်မည်လားကို နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် လွှတ်တော်အမတ်များကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။
စာရေး ဆရာမောင်မောင်စိုး (နိုင်ငံရေးလေ့လာသုံးသပ်သူ)
တပ်မတော်အနေနဲ့ကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လက်ရှိNLD ပြင်ဆင်ချက်တွေနဲ့ ပတ်သက်ပြီး ကန့်ကွက်နေတာတော့ ကြာပြီပေါ့။ အခုသူတို့အနေနဲ့ အားလုံးနီးပါး ဆွေးနွေးမယ်ဆိုတာကတော့ သူတို့ကန့်ကွက်ဆွေးနွေးဖို့ ဖြစ်နိုင်ခြေများပါတယ်။ လက်တွေ့မှာလည်းပဲ ၇၅ရာခိုင်နှုန်းမကျော်ရင် ဒီအခြေခံဥပဒေ ပြင်ဆင်လို့မရတဲ့ အခြေအနေအောက်မှာတော့ သူတို့ သဘောမတူရင်တော့ ပြင်လို့ရမယ့် အလား အလာ နည်းမယ်လို့ ထင်ပါတယ်။

မညှိနှိုင်းရင်တော့ တင်းမာမှာပဲဗျ။ တင်းမာမယ်ဆိုတာက ဒါပေမယ့် မဲခွဲဆုံးဖြတ်တဲ့စနစ်အရသွားမယ်။ ၂ဝဝ၈အခြေခံဥပဒေအရ သွားမယ်ဆိုရင်တော့ အတည်ပြုတယ်။ မပြုဘူး။ ပြောတယ်ဆိုရင်တော့ ဆက်တင်းမာစရာမရှိပါဘူး။ ရွေးကောက်ပွဲမှာတော့ ၂ဝဝ၈အခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် NLD အနေနဲ့ ကတိကဝတ်ပေးထားတယ်။ သူတို့အနေနဲ့ ပြင်ဖို့ကြိုးစားတယ်။ အကြောင်းကြောင်းကြောင့် ပြင်လို့မရဘူးဆိုတာ မဲဆွယ်မှာပေါ့။ တပ်မတော်ဖက်ကလည်း ၂ဝဝ၈ အခြေခံဥပဒေကိုပြင်ဆင်ဖို့ သဘောတူတယ်။ တပ်မတော်ဆိုတာ ကြံ့ခိုင်ရေးပေါ့။ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ကေတာ့ သူတို့ပြင်ဆင်ချင်တဲ့အချက်ေတွက ဘာဖြစ်တယ်ဆိုတဲ့ မဲဆွယ်မှုမျိုးကတော့ ၂ဝ၂ဝရွေးကောက်ပွဲမှာ တွေ့ရလိမ့်မယ်ထင်ပါတယ်။

ဦးကြီးမြင့် (တရားလွှတ်တော်ရှေ့နေ)

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စိတ်ကူးယဉ်တာပေါ့။ သူကလက်တွေ့ဘဝတွေက ဖြတ်လာတာ မဟုတ်ဘဲနဲ့ စိတ်ကူးယဉ်ပြီးလာတော့ တပ်မတော်ပေါ်မှာ သူအများကြီးမျှော်လင့်တာပေါ့။ တစ်ကမ္ဘာလုံးက အပြစ်တင်တာတောင် ခံပြီးတော့တောင်မှပဲ လုပ်ပေးမယ်ပေါ့။ တပ်မတော်က စစ်အာဏာရှင်စနစ်ဆိုတဲ့ဟာကို သုံးတာကို သူတို့က အရမ်းနာတယ်။ သူတို့သိပ်နာတယ်ဆိုပဲ အဲဒီဟာတွေက သူတို့ကအရင်စိတ်ကူးနဲ့ တပ်မတော်က ဘာမှပြောင်းလဲမှုမရှိဘူး။ လိုက်လျောချင်တဲ့စိတ်လည်းမရွိဘူး။

သူက၂ဝဝ၈ကို အသေဆုပ်ကိုင်ထားပြီးတော့ နောက်တစ်ကျော့ တပ်မတော်အားပေးတဲ့ ပါတီတွေကိုထောက်ခံပြီး သူနဲ့ပေါင်းပြီးတော့ နောက်တစ်ခါပြန်ပြီးတော့ တပ်မတော်ဦးဆောင်သော တပ်မတော်နဲ့ တပ်ထွက်သူတွေဦးဆောင်သော အဖွဲ့ကို သူတို့ကအဲလိုလုပ်ချင်တာပဲ။ အဲတာကြောင့်မို့လို့ သူတို့ကတော့ဆက်ပြီးတော့ အဲဒီအလုပ်တွေကို ကန့်ကွက်တာတွေ ၂ဝဝ၈ကို ပြင်ဆင်ရေးကို ဆန့်ကျင်တာတွေ ဆက်လုပ်နေမှာပဲ။

အဲဒါကိုအကဲမခက်တတ်ဘဲနဲ့ နိုင်ငံရေးမှာ ဒီတိုင်းပဲ ငါမေတ္တာထားတာပဲဆိုပြီးတော့ စိတ်ကူးရင်ဝါဒဟာ အိပ်ယာလန့်နိုးဖို့ အချိန်တန်ပြီ
ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေးလေ့လာသုံးသပ်သူ)

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ဆိုတာ လွှတ်တော်ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ သဘောတူမှ ပြင်နိုင်မယ့် အနေအထားရှိတဲ့အခါကျတော့ လက်ရှိလွှတ်တော်ထဲမှာ ဆွေးနွေးမှုတွေပေါ်မှာ ကြည့်ပြီးတော့ ပြင်နိုင်ခြေဘယ်လောက်ရှိမလဲဆိုတာကတော့ ပြောဖို့ခက်မယ်လို့ထင်တယ်။ အဓိကကတော့ ဆိုလိုချင်တဲ့ သဘောကတော့ ၅၈ရာခိုင်နှုန်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ နောက် ၂၅ရာခိုင်နှုန်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ ဒီအစုအဖွဲ့နှစ်ခုက သဘောတူမှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးက ပထမအဆင့်အထမြောက်နိုင်မယ်။

အဲတော့ ပြင်ဆင်တဲ့ ပုဒ်မကိုဖြစ်ဖြစ် ဒီအစုအဖွဲ့တစ်ခုက ကန့်ကွက်တယ်ဆိုရင် ပြင်ဖို့အခက်အခဲရှိနိုင်တယ်။ အဲဒီတွက်ကြောင့်မို့လို့ လက်ရှိအခြေအနေမှာလည်း ဖွဲ့စည်းပုံအခြေခံအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ဆိုတာက ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး နောက်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ ရည်မှန်းချက်အတွက် မဖြစ်မနေလိုအပ်တဲ့ အခြေအနေတစ်ခုပဲ အဲဒီခါကျတော့ အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့အတွက် တိုင်းရင်းသားခေါင်းဆောင်တေွအပါအဝင် အရပ်ဖက်ခေါင်းဆောင်တွေ တပ်မတော်ခေါင်းဆောင်တွေကြားမှာ ပွင့်ပွင့်လင်းလင်းနဲ့ ကျယ်ကျယ်ပြန့်ပြန့် အကျိတ်အနယ် ညှိနှိုင်းဆွေးနွေးပြီးတော့ သဘောတူညီချက်တွေရအောင် လုပ်ဖို့ လိုအပ်တယ်လို့မြင်ပါတယ်။
ဦးအောင်ကျော်ကျော်ဦး (လိူင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ္)
အဲဒါကတော့ တပ်မတော်ပေါ်မှာမူတည်တယ်။ သူတို့မဲပေးမှ အဲဒီဥပဒေက ပြင်လို့ရမှာကို ဒီဘက်ကရော အားလုံးက ပြင်ထားပြီးသားလေ အားလုံးလည်း သတ်မှတ်ထားပြီးသား။ ဒါကတော့ တပ်မတော်ပေါ်မှာပဲ အခြေခံ ဥပဒေပြင်နိုင် မပြင်နိုင် တပ်မတော်ပေါ်မှာပဲ မူတည်တာ။ သူတို့ရဲ့ အဆုံးအဖြတ် သူတို့က လွှတ်တော်ထဲမှာ ရှိသလောက် တပ်မတော်သားအမတ်တွေ ထည့်ထားတာ။ အဲဒါလည်း ကျွန်တော်တို့ သူတို့ ဘက်ပေါင်းစုံက ဆွေးနွေးတာလား ဒါမှမဟုတ် အချိန်ဆွဲတာလား။ အဲဒီလိုမျိုး စဉ်စားစရာတွေရှိတယ်။ သူတို့ဘာတွေဆွေးနွေးမလဲတော့ မပြောတတ်ဘူး။
အခြေခံ ဥပဒေပြင်ဖို့ မပြင်ဖို့ဆိုတာက တပ်မတော်ရဲ့ သဘောထားပေါ်မှာပဲ မူတည်ပါတယ်။ ၂၀၂၀ရွေးကောက်ပွဲအတွက်တော့ မထူးခြားပါဘူး။ သူတို့က ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုပြီးတော့ ရွေးကောက်ပွဲတုန်းက ကတိပေးထားတာရှိတယ်။ အဲဒီကတိကို အကောင်အထည်ဖော်ဖို့တော့ ကျွန်တော်တို့ ကြိုးစားတယ်ပေါ့နော်။ ဒါပေမယ့် ပြင်နိုင်မပြင်နိုင်ဆိုတာကို ကျွန်တော်တို့ တပ်မတော်ပေါ်မှာ မှီခိုရမယ့် သဘောပေါ့။
ဦးအောင်လိူင်ဝင်း (မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ္)
ပြင်နိုင်လား။ မပြင်နိုင်ဘူးလား ဆိုတာကတော့ တပ်မတော်ပေါ်မူတည်တာပဲ ဖွဲ့စည်းပုံနဲ့ ကျွန်တော်တို့ ပြင်ချင်လို့ ကျွန်တော်တို့က တင်ထားပြီပေါ့။ ပြင်နိုင်မယ်။ မပြင်နိုင်ဘူးဆိုတာ တပ်မတော်ရဲ့ သဘောထားပေါ် မူတည်လိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ တပ်မတော်က ပြင်ဆင်နိုင်တဲ့မဲအရေအတွက် ကို ကိုင်ထားတာဖြစ်တယ်။
နှစ်ဖက်တင်းမာမှုထက်စာရင် မူဝါဒချင်း မတူဘူးပေါ့။ အာဏာရပါတီ မူဝါဒနဲ့ တပ်မတော်မူဝါဒနဲ့ မတူဘူးပေါ့။ တပ်မတော်ရဲ့မူဝါဒသည် အရင်ညောင်နှစ်ပင်ညီလာခံထဲက တစ်ဖက်သတ်ချမှတ်ခဲ့တဲ့မူဝါဒတစ်ခုရှိတယ်။ တပ်မတော်သည်အမျိုးသားဦးဆောင်ရေး မူဝါဒမှာ အစဉ်တစိုက်ပါဝင်ရေးဆိုတဲ့မူကို တပ်မတော်က ကိုင်စွဲထားတယ်ပေါ့။ ကျွန်တော်တို့ ဒီဖက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ နိုင်ငံတကာမှာလိုပဲ တပ်မတော်သည် နိုင်ငံရေးပါဝင်တာကို လက်မခံဘူး။
တစ်ခါပြည်သူလူထုကပဲ နိုင်ငံကို ဦးဆောင်ရမယ်။ ပြည်သူလူထုက ရွေးကောက်တင်မြောက်တဲ့ သူတွေပဲ နိုင်ငံကို ဦးဆောင်ရမယ်။ အဲဒီနှစ်ခုကြားမှာ အမြင်မတူဘူးပေါ့။ တပ်မတော်ဖက်ကလည်း ခေတ်ကာလပြောင်းထားသည်ဖြစ်တဲ့အတွက် တပ်မတော်ဘက်ကလည်းအပြောင်းအလဲလုပ်လာခဲ့မယ်လို့ ယူဆပါတယ်။ ကမ္ဘာမှာလည်းပဲ နိုင်ငံသိပ်မကျန်တော့ဘူးပေါ့။
တပ်မတော်က ဦးဆောင်ပြီးတော့ နိုင်ငံရေးမှာ တလျောက်ပါဝင်လာတာဆိုတာ အာဏာသိမ်းတဲ့နိုင်ငံတွေလည်းရှိပါတယ်။ အာဏာသိမ်းတာကိစ္စတစ်ခုပေါ့။ တပ်မတော်ဘက်က တလျောက်လုံးအမျိုးသားဦးဆောင်မှုအခန်းကဏ္ဍ အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍမှာ ပါဝင်ရမယ်ဆိုတာကတော့ဘယ်နိုင္ငံမွာမွ မရွိဘူး။
တပ်မတော်ကတော့ အဲဒီမူကို ကိုင်စွဲထားပုံရတယ်။ တကယ်လို့ ပြင်ဆင်မယ်ဆိုရင် တပ်မတော်ဘက်က အဲဒီမူကို ပြင်မယ်ဆိုရင်တော့အများကြီးကောင်းသွားမှာပါ ဒီလိုမျိုးအမြင်မတူ ဘူး ဆိုရင်တော့ မူဝါဒအပေါ်မှာ အခြေပြုတာချင်မတူလို့ပါ။ ဖွဲ့စည်းပုံဆွေးနွေးတဲ့ လာမည့်ကာလတွေ ဆွေးနွေးပြီးတော့ မဲခွဲဆုံးဖြတ်တဲ့အခါကျရင်တော့ ဘယ်အချက်တွေပြင်မယ်မပြင်ဘူးဆိုတာတပ်မတော်အပေါ်မှာပဲ တာဝန်ကျနေတဲ့သဘောပဲ ကျွန်တော်ဘက်က ပြင်ချင်လွန်းလို့ဒီဟာကိုလွှတ်တော်ကို တင်ပြီးနောက် ပြည်သူလူထုကိုလည်း ထုတ်ပြန်ပြီးပြီး တပ်မတော်ဘက်က ပြင်မယ် မပြင်ဘူးဆိုတဲ့ဟာအပေါ်မှာ သူရဲ့အဓိကမဲကို ကိုင်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ တပ်မတော်ဘက် တာဝန်ရှိတဲ့သူတွေကို မေးစမ်းကြည့်တော့ ဘယ်အချက်တွေ ပြင်ချင်တာလည်း ဘယ်အချက်တွေကို မပြင်ချင်တာလည်း ရှင်းရှင်းလင်းလင်းသိဖို့လုိတယ်လို့ထင်တယ်။
ဒေါ်ဖြူဖြူသင်း (မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ္)

NLD လုပ်နေတာကတော့ တကယ်ကို ပြင်ဆင်ချင်တဲ့အတွက် ၂၀၁၂နှင့် ၂၀၁၅ကြားမှာလည်း ကြားဖြတ်ရွေး ကောက်ပွဲတုန်းကလည်း ဒီလိုပဲ ကျွန်မတို့ ပြင်ဆင်တဲ့နေရာမှာဆွေးနွေးြပီးတော့ ဆုံးဖြတ်ခဲ့ကြတယ်ပေါ့။ တချို့ ပုဒ်မတွေကျတော့ ကျွန်မထင်တယ်။အကုန်လုံးသိပြီသား ဒီအခြေခံဥပဒေက တကယ်ကို အရေးကြီးတဲ့တည် ဆောက်ရေး ပြင်ဆင်ရေးအတွက်လုပ်ဆောင်တယ်ဆိုတာ အားလုံးသိပြီးသား ဒီတပ်မတော်သားမပါရင် မဖြစ်ဘူးဆိုတာလည်းသိပြီးသား
ဒီဟာကတော့ ကျွန်မမြင်တာတော့ ဘယ်လောက်ထိ တိုင်းပြည် အပေါ်မှာ စေတနာထားသလဲ။ ဘယ်လောက်ထိ ပြင်ဆင်ချင်တဲ့ ဆန္ဒရှိသလဲ။ ကျွန်မတို့က NLDအဖွဲ့ကပေါ့ NLD ကတော့ ၂၀၁၂နှင့် ၂၀၁၅ကြားမှာ မနိုင်ဘူးဆိုတာသိတယ် ။ ဒါပေမယ့် အခြေခံဥပဒေက ပြင်ဆင်ရခက်တယ်ဆို တာကိုသိတယ်။ ဒါပေမယ့် ကျွန်မတို့ ကြိုးစားခဲ့တယ်၊ ဒါပေမယ့် ကျွန်မတို့က လူနည်းစုဖြစ်တဲ့အတွက် တစ်ချို့ ဟာတွေ တစ်ချို့ ပုဒ်မတွေဆိုရင် ၂၅အပေါင်း ပြင်လို့မရတဲ့ ပုဒ်မတွေရှိတယ်ဥပမာ ဖယ်ဒရယ်စနစ်ကိုသွားတဲ့ဟာတွေဆိုရင် ပြင်လို့ရတာတော့ရှိတယ်။
တကယ်လိုနေတာကတော့ ပုဒ်မ (၇)ချက်ထပ်ထည့် အမှန်တကယ်ကတော့ ကျွန်မတို့ လတ်တလာမှာကတော့ ကျွန်မတို့နိုင်ငံက ဘာပဲပြောပြောအများကြီးသူ များနိုင်ငံရဲ့ အနောက်ရောက်နေတာဖြစ်တဲ့အတွက် လေးငါးနှစ်အတွင်းမှာ ရုန်းကန်လိုက်တဲ့ အချိန်မှာအားလုံး နည်းနည်းလေးပြုပြင်ပြောင်းလဲမူတွေ လုပ်နေတဲ့အခါကျတော့ ငြိမ်းချမ်းရေးမရတာတွေ အခြေခံဥပဒေမပြောင်းလဲခင် တစ်ကဏ္ဍ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်ကလုပ်နိုင်တဲ့စွမ်းအားတွေရှိတယ်။
တကယ္သာဥပေဒေဘာင္ထဲကလုပ္ႏုိင်တယ် ဒီအခြေခံဥပဒေကို ပြင်နိုင်မယ်ဆိုရင် ကျွန်မတို့ တိုင်းပြည်က ဘယ်လိုပဲဖြစ်ဖြစ် အားလုံးအတွက်ပေါ့နော်။တပ်မေတာ်သားတွေအတွက် နိုင်ငံသူနိုင်ငံသားတွေ အတွက်အောင်မြင်မယ်လို့ မြင်တယ်။ ကျွန်မတို့က လုပ်နိုင်မလား။ မလုပ်နိုင်ဘူးလားဆိုတာ ဥပဒေအရကတော့ ရေးဆွဲတာတော်တော်ခက်လိမ့်မယ်။ ဒီတပ်မတော်ပါမှပဲ ဒီပြင်ဆင်နိုင်တဲ့ အနေ အထားရှိတယ်။ မပါဘဲ ပြင်လို့မရတဲ့အပိုင်းတွေရှိတယ်။ ဒါပေမယ့် ကျွန်မတို့က အကုန်လုံးပြင်ဖို့လိုတာဖြစ်တဲ့အတွက် အခုလက်ရှိ အခြေအနေမှာတော့ နိုင်ငံအတွက်ပဲစဉ်စားပြီးတော့ အကောင်းဆုံးဖြစ်အောင်လုပ်နုိင်မယ်ဆိုလိုရှိရင်တော့ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်အတွက်က စိတ်ချရမယ်။
အခုလိုတိုင်းရင်းသားတွေဖြစ်နေတဲ့ ငြိမ်းချမ်းရေး ကိစ္စတွေကော ပြည်တွင်းမှာဖြစ်နေတဲ့အခက်အခဲတွေရော့ လုပ်ရကိုင်ရတာ တရားဥပဒေစိုးမိုးရေးကိစ္စ ရပ်တွေ အကုန်လုံး တစ်ခါတည်းအဆင်ပြေနိုင်မယ်လုိ့ထင်တယ်။ ဘယ်လောက်ထိလဲဆိုရင် ပြည်သူအားလုံး လိုချင်တယ်လေ။ လက်မှတ် ၅သိန်းတောင် လက်မှတ်ထိုးပြီးပြီ။ ပြီးခဲ့တဲ့ လွှတ်တော်မှာလည်း တင်ထားပြီးသား ဖြစ်တဲ့အတွက် ကျွန်မတို့က ဘယ်ဥပဒေမဆို ပြည်သူဆန္ဒနဲ့ ဘယ်သူပါမှ ငါပါမှ တင်လို့ရတယ်ဆိုတာထက် ပြည်သူ့ဆန္ဒက အရေးကြီးတယ်လို့ မြင်တဲ့အတွက် ဒီဟာကတော့ တကယ်ပဲ ပြည်သူလူထုနဲ့ ရှိမယ်ဆိုရင် တကယ်ကို သုံးလို့မရဘူးလို့ထင်တယ်။ တကယ်အခက်အခဲဖြစ်တယ်။ တကယ်အကျပ်အတည်းတွေရှိတယ်။ တကယ်ကို နိုင်ငံအတွက်အကျပ်အတည်းတြွေဖစ် နေတာထက် ကျွန်မတို့ NLDဘက်ကတော့အမြဲတမ်းကြိုးစားသွားမှာပါ ဒီဥပဒေကို ပြင်လို့ရအောင် ကြိုးစားသွားမှာပါ။

Photo Credit - MAH, AFP
ရန်ကုန်ခေတ်သစ်

No comments:

Post a Comment

My Blog List