Monday, February 17, 2020

အားနာရမည့် ယောက္ခမအမျိုး၊ခမည်းခမက်အမျိုးလည်း မရှိသဖြင့် တိုင်းရင်းသား လူမျိုးများအတွက် ခိုင်ခိုင်မာမာရပ်တည်မည်ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ပြော


Image may contain: 1 person
အားနာရမည့် ယောက္ခမအမျိုး ခမည်းခမက်အမျိုးလည်း မရှိသဖြင့် တိုင်းရင်းသား လူမျိုးများအတွက် ခိုင်ခိုင်မာမာ ရပ်တည်မည်ဖြစ်ပြီး အတူတူယုံယုံကြည်ကြည် လက်တွဲလုပ်ကြရန် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေးက ကျိုက်မရောမြို့နယ် အတွင်းရှိ ပါတီဝင်များနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီက ကောက်နုတ်ဖော်ပြခဲ့သည်။
“ကျွန်တော်ရဲ့မျိုးရိုးဟာ ဗမာတိုင်းရင်သား စစ်စစ်မြန်မာနိုင်ငံသား စစ်စစ် ဖြစ်တဲ့အတွက် နည်းနည်းလေးမှ ကိုယ့်မြေကိုရွေးစေ့လောက်တောင် မပေးနိုင်ဘူး။ ကျွန်တော့်မှာ အားနာရမယ့်ယောက်က္ခမ အမျိူးလည်းမရှိဘူး။ ခမည်းခမက် အမျိုးလည်းမရှိဘူး၊ အဲ့ဒီ့အတွက် ဒီတိုင်းရင်းသား လူမျိုးတွေအတွက် ဒီမြေ အတွက်ပဲ ကျွန်တော်တို့ ခိုင်ခိုင်မာမာရပ်တည်မယ်။ ကျွန်တော်တို့နဲ့ အတူတူ... ယုံယုံ ကြည်ကြည် လက်တွဲအလုပ်လုပ်ကြပါ...။ ပါတီဝင်များကလည်း အောင်ကို အောင်နိုင်ရမယ်၊ သေချာပေါက်နိုင်ရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့လုပ်ကြပါ”ဟု ဦးသန်းဌေးက ပြောကြားခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီက ကောက်နုတ်ဖော်ပြခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ပါတီအထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးလှထွန်း၊ မွန်ပြည်နယ် ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်း၊ ဗဟိုကော်မတီဝင် ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ ရပ်ကျေးပါတီကော်မတီများ၊ ရပ်မိရပ်ဖများ စုစုပေါင်း အင်အား ၅၀၀ ခန့် တက်ရောက်ခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီက သတင်းဖော်ပြခဲ့သည်။

The Ladies News
အားနာရမည့် ယောက္ခမအမျိုး၊ခမည်းခမက်အမျိုးလည်း မရှိသဖြင့် တိုင်းရင်းသား လူမျိုးများအတွက် ခိုင်ခိုင်မာမာရပ်တည်မည်ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ပြော
--- --- ----
အားနာရမည့် ယောက္ခမအမျိုး ခမည်းခမက်အမျိုးလည်း မရှိသဖြင့် တိုင်းရင်းသား လူမျိုးများအတွက် ခိုင်ခိုင်မာမာ ရပ်တည်မည်ဖြစ်ပြီး အတူတူယုံယုံကြည်ကြည် လက်တွဲလုပ်ကြရန် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေးက ကျိုက်မရောမြို့နယ် အတွင်းရှိ ပါတီဝင်များနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီက ကောက်နုတ်ဖော်ပြခဲ့သည်။

“ကျွန်တော်ရဲ့မျိုးရိုးဟာ ဗမာတိုင်းရင်သား စစ်စစ်မြန်မာနိုင်ငံသား စစ်စစ် ဖြစ်တဲ့အတွက် နည်းနည်းလေးမှ ကိုယ့်မြေကိုရွေးစေ့လောက်တောင် မပေးနိုင်ဘူး။ ကျွန်တော့်မှာ အားနာရမယ့်ယောက်က္ခမ အမျိူးလည်းမရှိဘူး။ ခမည်းခမက် အမျိုးလည်းမရှိဘူး၊ အဲ့ဒီ့အတွက် ဒီတိုင်းရင်းသား လူမျိုးတွေအတွက် ဒီမြေ အတွက်ပဲ ကျွန်တော်တို့ ခိုင်ခိုင်မာမာရပ်တည်မယ်။ ကျွန်တော်တို့နဲ့ အတူတူ... ယုံယုံ ကြည်ကြည် လက်တွဲအလုပ်လုပ်ကြပါ...။ ပါတီဝင်များကလည်း အောင်ကို အောင်နိုင်ရမယ်၊ သေချာပေါက်နိုင်ရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့လုပ်ကြပါ”ဟု ဦးသန်းဌေးက ပြောကြားခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီက ကောက်နုတ်ဖော်ပြခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ပါတီအထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးလှထွန်း၊ မွန်ပြည်နယ် ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်း၊ ဗဟိုကော်မတီဝင် ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ ရပ်ကျေးပါတီကော်မတီများ၊ ရပ်မိရပ်ဖများ စုစုပေါင်း အင်အား ၅၀၀ ခန့် တက်ရောက်ခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီက သတင်းဖော်ပြခဲ့သည်။

The Ladies News

No comments:

Post a Comment

My Blog List