Tuesday, February 18, 2020

ကိုရိုနာဗိုင်းရပ်(စ်) COVID-19 ကို မြန်မာနိုင်ငံတွင် ကိုယ်တိုင်ဓာတ်ခွဲစစ်ဆေးတော့မည်

Image may contain: 1 person, sky, cloud and outdoor
ကိုရိုနာဗိုင်းရပ်စ် COVID-19 ကိုလာမယ့် ဖေဖော်ဝါရီ ၂၀ရက်ကစပြီး ကိုယ်တိုင်ဓာတ်ခွဲစစ်ဆေးစစ်ဆေးနိုင်တော့မယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) မှာ ပညာရှင်တွေနဲ့ စက်ပစ္စည်းတွေ အဆင့်သင့်ရှိနေတဲ့အတွက် ဓာတ်ခွဲပစ္စည်း (Primers, Probes and Reagents) တွေရရှိစေဖို့ချိတ်ဆက်ဆောင်ရွက်တာကို ဆက်လက်လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ချိတ်ဆက်မှုကြောင့် ဂျပန်နိုင်ငံ ထိုင်းနိုင်ငံတွေက ဓာတ်ခွဲပစ္စည်းတွေလက်ခံရရှိခဲ့ပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့လုပ်ငန်း သတ်မှတ် ချက်၊ ညွှန်ကြားချက်အတိုင်း လူနာများထံမှဓာတ်ခွဲနမူနာတွေမှာ COVID-19 ဗိုင်းရပ်(စ်)ရောဂါပိုး ရှိ၊ မရှိ ကိုကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ရည်ညွှန်းဓာတ်ခွဲခန်းနဲ့တစ်ပြိုင်နက်ဓာတ်ခွဲစစ်ဆေး (parallel testing) ရာ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) ရဲ့ဓာတ်ခွဲခန်းအဖြေနဲ့ကိုက်ညီတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒါကြောင့် ကိုယ်တိုင်သီးခြားဓာတ်ခွဲစစ်ဆေးတာတွေကိုလုပ်ဆောင်တော့မယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Image may contain: house, sky and outdoor

ဓာတ်ပုံ-MOHSM

No comments:

Post a Comment

My Blog List