Wednesday, February 19, 2020

ဗိုင်းရပ်စ်ကာကွယ်ရေး တရုတ်နိုင်ငံသားတွေ ရုရှား ဝင်ခွင့်ပိတ်

Image may contain: 4 people, sky and outdoor
ရုရှားအစိုးရက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တားဆီးရေးအတွက် ဖေဖေါ်ဝါရီလ ၂ဝ ရက်နေ့ မနက်ဖြန်ကစပြီး တရုတ်နိုင်ငံသားတွေကို ပြည်ဝင်ခွင့် ပိတ်ပင်မယ်လို့ ကြေညာလိုက်ပါတယ်။
တရုတ်နိုင်ငံမှာ ဒီဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု ပိုမိုဆိုးဝါးလာနေပေမယ့် တရုတ်နိုင်ငံသားတွေ ရုရှားနိုင်ငံတွင်းကို ဆက်လက်ဝင်ရောက်နေတဲ့အတွက် အခုလို တားမြစ်ရတာဖြစ်တယ်လို့ ရုရှား ကျန်းမာရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

တရုတ်နိုင်ငံ ပြင်ပ တခြားကမ္ဘာ့နိုင်ငံ ၁၂ ခုမှာ လူတဦးကနေ နောက်တဦးကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၉၂ ခုရှိနေပြီလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အင်္ဂါနေ့ မနေ့က ထုတ်ပြန်ကြေညာပါတယ်။

ဒီအတောအတွင်းမှာပဲ ကမ္ဘာကျော် ပြင်သစ်ဆေးဝါးကုမ္ပဏီ Sanofi စနိုးဖီ က ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို တီထွင်ဖို့အတွက် အမေရိကန် ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ မနေ့က ထုတ်ပြန်ပြောဆိုပါတယ်။ အဲဒီဆေးကို တနှစ်အတွင်း စမ်းသပ်နိုင်မယ်လို့လည်း ပြောပါတယ်။ အလားတူ အမေရိကန်ဆေးဝါးကုမ္ပဏီတခုဖြစ်တဲ့ Johnson & Johnson ဂျွန်ဆင် အန် ဂျွန်ဆင်ကလည်း ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ပဋိဇီဝဆေး ရှာဖွေထုတ်လုပ်ရေးအတွက် အမေရိကန် ကျန်းမာရေးဌာန နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ မနေ့က ကြေညာပါတယ်။

ဘာလင်က လာတဲ့ သတင်းမှာတော့ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု တိုက်ဖျက်ရေးအတွက် ဂျာမဏီနိုင်ငံက တရုတ်နိုင်ငံကို ဒုတိယ အသုတ် ဆေးဝါးအကူအညီတွေ ပို့ဆောင်နေပြီလို့ ဖေါ်ပြထားပါတယ်။ အခု ပို့လိုက်တဲ့ ပစ္စည်းတွေဟာ ဥရောပ ယူရိုငွေ ၁ သိန်းခွဲ တန်ဖိုးရှိပြီး ကာကွယ်ရေးဝတ်စုံပစ္စည်းတွေနဲ့ ဗက်တီးရီးယား ပိုးသတ်ဆေးတွေပါဝင်ပါတယ်။

ဒီအတောအတွင်း အမေရိကန် Apple အက်ပဲလ် ကုမ္ပဏီက သူတို့ထုတ်လုပ်နေတဲ့ iPhone ဖုန်းအပါအဝင် နည်းပညာပစ္စည်းတွေ ရောင်းချရမှုဟာ အခု သုံးလပတ်အတွက် မူလ ရည်မှန်းချက်ကို ပြည့်မှီမှာ မဟုတ်ဘူးလို့ မနေ့က ကြေညာလိုက်ပြီးနောက် အက်ပဲလ် အစုရှယ်ယာဈေး ၂.၆% ကျဆင်းသွားခဲ့သလို နယူးယောက် Wall Street ဝေါလ် စထရိ နဲ့ ဥရောပ အစုရှယ်ယာ ဈေးကွက်တွေလည်း ထိခိုက်သွားခဲ့ပါတယ်။

အိုင်ဖုန်းမှာ ပါဝင်တဲ့ ပစ္စည်းအများအပြားကို တရုတ်ပြည်မှာ ထုတ်လုပ်တာဖြစ်ပြီး လက်ရှိ ဗိုင်းရပ်စ်ပြသနာကြောင့် ထုတ်လုပ်မှုရော ရောင်းချမှုအားပါ ကျဆင်းနေတယ်လို့ အက်ပဲလ် က ပြောပါတယ်။

တရုတ်ပြည်က စက်ရုံ အမြောက်အများ ပိတ်ထားရဆဲ ဖြစ်တဲ့အတွက် ထုတ်လုပ်မှု ကျဆင်းပြီး ကမ္ဘာ့နိုင်ငံ အများအပြားကလည်း တရုတ်နိုင်ငံသားတွေကို ဝင်ထွက်သွားလာခွင့် ပိတ်ပင်ထားတဲ့ အတွက် နိုင်ငံတကာမှာ ရှိတဲ့ တရုတ်ပြည်ရဲ့ စီးပွါးရေးစီမံကိန်းတွေမှာ ပါဝင်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေ အနေနဲ့ အဲဒီ နိုင်ငံတွေကို ပြန်လည် သွားရောက်ခွင့် မရကြဘူးလို့ ဆိုပါတယ်။ သမ္မတ ရှီကျင်းပင် ရဲ့ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းမှာ ပါဝင်တဲ့ နိုင်ငံရပ်ခြားက လုပ်ငန်းတွေကို အကောင် အထည်ဖေါ်ရာမှာ အခက်အခဲတွေနဲ့ တွေ့ကြုံနေရတယ်လို့ တရုတ်အစိုးရပိုင် ကုမ္ပဏီတွေက မနေ့က ဝန်ခံပြောဆိုပါတယ်။
RFA

Unicode

Zawgyi
AFP Photo

RFA

No comments:

Post a Comment

My Blog List