Thursday, February 20, 2020

လူကယ်ပြန်၀န်ကြီးဒေါက်တာ၀င်းမြတ်အေး စီးလာသော ရဟတ်ယာဉ်သေနတ်ဖြင့်ပစ်ခံရ

Image may contain: 1 person, standing
လူကယ်ပြန်၀န်ကြီး ဒေါက်တာ၀င်းမြတ်အေး စီးနင်းလိုက်ပါလာသော ရဟတ်ယာဉ် သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

အဆိုပါဖြစ်စဉ်သည် ယနေ့မနက် ၁၀နာရီ ၄၅ မိနစ်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
ဒေါက်တာ၀င်းမြတ်အေးနှင့် ရခိုင်ဝန်ကြီးချုပ် ဦညီပုတို့သည် စစ်တွေမှ ဘူးသီးတောင်သို့ တပ်မတော်ရဟတ်ယာဉ်ဖြင့်အသွားတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်ခံရမှုကြောင့် လူထိခိုက်မှုမရှိသော်လည်း ရဟတ်ယာဉ်၀မ်းဗိုက်ကို သေနတ် ၂ ချက်မှန်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
"လူထိခိုက်တာမရှိဘူး။ ရဟတ်ယာဉ်ဖြတ်ပျံတိုင်းAA ကတော့ လက်နက်ငယ်နဲ့ပစ်နေကြပါပဲ" ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောသည်။
သို့သော် ဘူးသီးတောင်သို့ အောင်မြင်စွာဆင်းသက်နိုင်ခဲ့ပြီး ညနေ ၃ နာရီတွင်စစ်တွေသို့ ပြန်လည်ရောက်ရှိကြောင်း သိရသည်။
No photo description available.
Image may contain: 1 person, standing and text
ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List