Monday, February 17, 2020

ကော်ရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၇၇၀ ဦး ရှိပြီး ကူးစက်ခံရသူ ၇၀၅၄၈ ဦးရှိကာ ၁၀၆၁၀ ဦး သက်သာ ပျောက်ကင်း

Image may contain: one or more people and indoor
တရုတ်နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော ကော်ရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၁၇၇၀ ဦးရှိပြီး ကူးစက်ခံရသူ ၇၀၅၄၈ ဦးရှိကာ ကုသပျောက်ကင်းသွားပြီဖြစ်သော အရေအတွက် ၁၀၆၀၁ ဦးရှိနေပြီဖြစ်ကြောင်း တရုတ်အာဏာပိုင်များက ထုတ်ပြန်ပြောဆိုသည်။

အဓိက ဖြစ်ပွားရာ ဟူဘေးပြည်နယ်တွင် ယမန်နေ့က ဗိုင်းရပ်စ်ကြောင့် ၁၀၀ သေဆုံးခဲ့ပြီး ၁၉၃၃ ဦး ထပ်မံ ကူးစက်ခံရကြောင်း သိရှိရသည်။
လတ်တလော ကော်ရိုနာဗိုင်းရပ်စ်ကြောင့် ကူးစက်မှု အတွက် စိုးရိမ်ရမှုသည် မြင့်မားနေဆဲဖြစ်ပြီး ဗိုင်းရပ်စ် ကူးစက်မှု အခြေအနေကိုလည်း WHO က ခန့်မှန်းရန် မဖြစ်နိုင်ကြောင်း ၊ တရုတ်နိုင်ငံတွင် WHO မှ ကျွမ်းကျင်သူများ တွေ့ဆုံမှုများ စတင်နေပြီဖြစ်ကြောင်း သိရှိရသည်။
Photo Credit - Reuters

No comments:

Post a Comment

My Blog List