Monday, February 17, 2020

ရွေးကောက်ပွဲမတိုင်ခင် မြန်မာနိုင်ငံစီးပွားရေး တက်လာရန် အလားအလာရှိကြောင်း ဒေါက်တာ မောင်မောင်လေးပြော

Image may contain: 1 person, indoor
၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် မြန်မာနိုင်ငံ၏ စီးပွားရေးမှာ တိုးတက်လာရန် အလားအလာရှိကြောင်း ကုန်သည်စက်မှုလက်မှု အသင်းချုပ်မှ ဒုဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲအလွန် စီးပွားရေးအခြေအနေနှင့် ပတ်သက်၍ အကုန်သိသတင်းဌာနမှ မေးမြန်းရာတွင် ၎င်းက အထက်ပါ အတိုင်း ပြန်လည်ဖြေကြားခဲ့သည်။
“အစိုးရ တော်တော်များများက ပြည်သူတွေရဲ့တောင့်တချက်၊ လုပ်ငန်းတွေရဲ့လိုအပ်ချက် လုပ်ငန်းတွေရဲ့မျှော်မှန်းချက်တွေကို နောက်ဆုံးနှစ်မှာ ဖြည့်ဆည်းပေးလေ့ရှိပါတယ်။ ဒါကတော့ ရွေးကောက်ခံ ပုဂ္ဂိုလ်တွေ၊ ပါတီတွေက ဒါမျိုးကို လုပ်လေ့လုပ်ထ ရှိ တဲ့အတွက် ဒီအခွင့်အရေးကို ယူချင်တဲ့ ဆန္ဒနဲ့ ပိုပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေက ဝင်လာတာရှိတယ်။ ရွေးကောက်ပွဲမတိုင်ခင် ဒီနှစ် ကိုက မြန်မာနိုင်ငံရဲ့စီးပွားရေးက တက်ဖို့ အလားအလာရှိပါတယ်။ အသားလည်း နည်းနည်းကျလာတယ်။ လက်တွေ့ အလုပ်အ ကိုင် ဓာတ်ကျလာတာ လေးတွေကိုလည်း မြင်တယ်။ ပညာလည်း အထိုက်အလျောက်ရပြီးတော့ ဗဟုသုတတွေ အတွေ့အကြုံ ရှိတာတွေအတွက် နောက်ဆုံးနှစ်လောက်မှာ ပိုပြီးတော့ လျင်လျင်မြန်မြန်နဲ့ သွားလေ့သွားထရှိပါတယ်”ဟု ဒေါက်တာ မောင် မောင်လေးက ပြောသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရည်ရွယ်၍ လာမည့် နှစ် ၂၀ အတွင်း ကန်ဒေါ်လာ ၂၀၀ ဘီလျံကျော် ရရှိမည့် စီမံ ကိန်းကို ရေးဆွဲထားပြီး ယင်းစီမံကိန်းမှာ ၂၀၁၆ မှ ၂၀၃၆ ခုနှစ် အထိဖြစ်ကြောင်း သိရသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန်အတွက် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကျင်းပ၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဖိတ် ခေါ်ခဲ့သည့်အပြင် လက်ရှိတွင်လည်း နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ တိုးတက်လာပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ၆ ရာခိုင်နှုန်း၊ ၂၀၂၀ တွင် ၆ ဒဿမ ၈ ရာခိုင်နှုန်း တိုးတက်လာမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
Image may contain: sky and outdoor
Image may contain: sky, skyscraper and outdoor

စုသက်နှင်း ( အကုန်သိ သတင်းဌာန )
<<< Unicode Version >>>
ရွေးကောက်ပွဲမတိုင်ခင် မြန်မာနိုင်ငံစီးပွားရေး တက်လာရန် အလားအလာရှိကြောင်း ဒေါက်တာ မောင်မောင်လေးပြော
-------- စုသက်နှင်း ( အကုန်သိ သတင်းဌာန ) ----------
၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် မြန်မာနိုင်ငံ၏ စီးပွားရေးမှာ တိုးတက်လာရန် အလားအလာရှိကြောင်း ကုန်သည်စက်မှုလက်မှု အသင်းချုပ်မှ ဒုဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲအလွန် စီးပွားရေးအခြေအနေနှင့် ပတ်သက်၍ အကုန်သိသတင်းဌာနမှ မေးမြန်းရာတွင် ၎င်းက အထက်ပါ အတိုင်း ပြန်လည်ဖြေကြားခဲ့သည်။
“အစိုးရ တော်တော်များများက ပြည်သူတွေရဲ့တောင့်တချက်၊ လုပ်ငန်းတွေရဲ့လိုအပ်ချက် လုပ်ငန်းတွေရဲ့မျှော်မှန်းချက်တွေကို နောက်ဆုံးနှစ်မှာ ဖြည့်ဆည်းပေးလေ့ရှိပါတယ်။ ဒါကတော့ ရွေးကောက်ခံ ပုဂ္ဂိုလ်တွေ၊ ပါတီတွေက ဒါမျိုးကို လုပ်လေ့လုပ်ထ ရှိ တဲ့အတွက် ဒီအခွင့်အရေးကို ယူချင်တဲ့ ဆန္ဒနဲ့ ပိုပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေက ဝင်လာတာရှိတယ်။ ရွေးကောက်ပွဲမတိုင်ခင် ဒီနှစ် ကိုက မြန်မာနိုင်ငံရဲ့စီးပွားရေးက တက်ဖို့ အလားအလာရှိပါတယ်။ အသားလည်း နည်းနည်းကျလာတယ်။ လက်တွေ့ အလုပ်အ ကိုင် ဓာတ်ကျလာတာ လေးတွေကိုလည်း မြင်တယ်။ ပညာလည်း အထိုက်အလျောက်ရပြီးတော့ ဗဟုသုတတွေ အတွေ့အကြုံ ရှိတာတွေအတွက် နောက်ဆုံးနှစ်လောက်မှာ ပိုပြီးတော့ လျင်လျင်မြန်မြန်နဲ့ သွားလေ့သွားထရှိပါတယ်”ဟု ဒေါက်တာ မောင် မောင်လေးက ပြောသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရည်ရွယ်၍ လာမည့် နှစ် ၂၀ အတွင်း ကန်ဒေါ်လာ ၂၀၀ ဘီလျံကျော် ရရှိမည့် စီမံ ကိန်းကို ရေးဆွဲထားပြီး ယင်းစီမံကိန်းမှာ ၂၀၁၆ မှ ၂၀၃၆ ခုနှစ် အထိဖြစ်ကြောင်း သိရသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန်အတွက် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကျင်းပ၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဖိတ် ခေါ်ခဲ့သည့်အပြင် လက်ရှိတွင်လည်း နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ တိုးတက်လာပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ၆ ရာခိုင်နှုန်း၊ ၂၀၂၀ တွင် ၆ ဒဿမ ၈ ရာခိုင်နှုန်း တိုးတက်လာမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

No comments:

Post a Comment

My Blog List