Tuesday, February 18, 2020

ပါရီ မြို့တော်ဝန်လောင်းတစ်ဦး၏ မတော်တလျော်ပုံများ ဖော်ထုတ်ခဲ့သည့် ရုရှား အနုပညာရှင် ဖမ်းဆီးခံရ

Image may contain: 2 people, people sitting and indoor
ပြင်သစ်နိုင်ငံ ပါရီမြို့မှာ မြို့တော်ဝန်လောင်းတစ်ဦးရဲ့ မတော်တလျော်ပုံတွေကို ဖော်ထုတ်ခဲ့တဲ့ ရုရှားအနုပညာရှင် တစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
ပိုတာပက်ဗ်လင်စကီးဟာ ရုရှားနိုင်ငံကနေ ပြင်သစ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်နေထိုင်သူပါ။ သူက ပါရီ မြို့တော်ဝန် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဘင်ဂျမင်ဂရီဗိုးက သူ့ ဇနီးသည်မဟုတ်တဲ့ အမျိုးသမီးတစ်ယောက်ဆီကို မတော်တလျော် ပုံတွေ ပို့ထားတာကို ဖော်ထုတ်လိုက်တာပါ။
ဂရီဗိုးဟာ သမ္မတ အီမန်နျူရယ်မက်ခရွန်ရဲ့ လူရင်းတစ်ယောက်ဖြစ်ပါတယ်။ အဲဒီကိစ္စကို ဂရီဗိုးက ငြင်းချက်မထုတ်ဘဲ မြို့ တော်ဝန်ရွေးကောက်ပွဲကနေ နုတ်ထွက်သွားခဲ့ပါတယ်။ အခုတော့ ပက်ဗ်လင်စကီးကို ပြင်သစ် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်း သိမ်းလိုက်ပြီဖြစ်ပါတယ်။
ပြင်သစ်မှာ လူတစ်ယောက်ရဲ့ မတော်တလျော်ပုံတွေကို အဲဒီလူရဲ့ ခွင့်ပြုချက်မရဘဲ ထုတ်ဖော်လို့ မရပါဘူး။ အဲဒီလို လုပ်ခဲ့ ရင် ထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။
Source: Reuters

No comments:

Post a Comment

My Blog List