Tuesday, February 18, 2020

သမ္မတရုံးဝန်ကြီး(ငြိမ်း)ဦးအောင်မင်း ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်မယှဉ်ပြိုင်တော့ဘဲ သမ္မတဦးသိန်းစိန်ကို နောက်ကနေ ကူညီမည်ဟုဆို

Image may contain: 1 person, eyeglasses and closeup
၂၀၁၅ ရွေးကောက်ပွဲတွင် ကယားပြည်နယ် ရှားတောမြို့နယ် မဲဆန္ဒနယ်(၇) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သော ယခင် အစိုးရအဖွဲ့မှ (MPC) ဥက္ကဋ္ဌ၊ သမ္မတရုံးဝန်ကြီး(ငြိမ်း) ဦးအောင်မင်း သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုတော့ဘဲ သူ၏ ဆရာဖြစ်သူ သမ္မတဟောင်း ဦးသိန်းစိန် ကို နောက်ကနေ ပံ့ပိုး ကူညီမည်ဟု Speaker သို့ ပြောသည်။ “အန်ကယ် ၂၀၂၀ ရွေးကောက်ပွဲ ဝင်ဦးမှာလား၊ မဝင်တော့ ပါဘူးကွာ။ ငါ့ ဆရာက(သမ္မတဟောင်းဦးသိန်းစိန်) USDP ကို ပံ့ပိုး ကူညီမယ်ဆိုတော့ ငါက ငါ့ဆရာကို ဝန်းရံရမှာပေါ့” ဟု ပြောဆိုသွားသည်။ 

နိုင်ငံရေးတွင် အာဏာမရှိရင်လည်း ဘာမှ လုပ်လို့ မရကြောင်း ထပ်လောင်း ပြောဆိုသွားသည်။

No comments:

Post a Comment

My Blog List