Thursday, February 20, 2020

မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်(ဘင်္ဂါလီ)ကျေးရွာမှ လူငယ်တစ်ဦးအား AA အကြမ်းဖက် သောင်းကျန်း သူများက ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခဲ့ကြောင်း တပ်မတော် ထုတ်ပြန်


No photo description available.
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်(ဘင်္ဂါလီ)ကျေးရွာနေ ရာဂျီကမ်စ် (ခ) တင်လှိုင်(ဘ) အဘူဖော်ရာနှင့် စောထူး(ဘ)အဘူလှချေ တို့ ၂ ဦးသည် ဖေဖော်ဝါရီ ၁၈ ရက် ည ၈ နာရီခွဲခန့်တွင် ကျေးရွာ၏ အနောက်မြောက်ဘက် ရန်ကုန်-စစ်တွေသွား ကားလမ်းမပေါ်ရှိ ကွန်ကရစ်တံတားပေါ်၌ ဖုန်းထိုင်သုံးနေစဉ် AA အကြမ်းဖက် သောင်းကျန်းသူ ၄ ဦး ဆိုင်ကယ်နှစ်စီးဖြင့် မြောက်ဦးမြို့ဘက်မှ ရောက်ရှိလာပြီး ၎င်းင်းတို့ ၂ ဦးအား အကြောင်းမဲ့ဝိုင်းဝန်း ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ဖမ်းဆီးစဉ် စောထူးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ရာဂျီကမ်စ်(ခ) တင်လှိုင်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ထွက်ပြေးလွတ်မြောက်လာသည့် စောထူးမှ ကျေးရွာရှိ တာဝန်ရှိသူများ ထံသို့ လာရောက်ပြောကြားခဲ့သဖြင့် ကျေးရွာမှ တာဝန်ရှိသူများနှင့် ရွာသားများကလိုက်လံ ရှာဖွေခဲ့ရာ ယနေ့နံနက် ၈ နာရီခန့်တွင် ရန်ကုန်- စစ်တွေကားလမ်း၏ အနောက်ဘက် ပေ ၃၀၀ ခန့်အကွာရှိ လယ်ကွင်းအနီး၌ ညာရင်အုံထိုးသွင်းဒဏ်ရာ၊ လည်ပင်းပြတ်ရှ ဒဏ်ရာ၊ နဖူး၊ ဦးခေါင်းနောက်စေ့တို့တွင် ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးနေသည့် ရာဂျီကမ်စ်(ခ) တင်လှိုင် ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့သည်။

AA အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် အပြစ်မဲ့ပြည်သူများ၊ တပ်မတော်မှ အငြိမ်းစား ယူထားသူ များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအားဓားဖြင့် အကြောင်းမဲ့မင်းမဲ့ စရိုက်ဆန်စွာ ရက်ရက်စက်စက် ခုတ်ဖြတ်၊ ထိုးသတ်မှုအနေဖြင့် ၂၀၁၉ ခုနှစ်၊ မေလ မှ ယနေ့အထိ စုစုပေါင်း ၁၄ ဦးရှိပြီဖြစ်ကြောင်း သိရှိရ သည်။

အဆိုပါ သေဆုံးသူ ရုပ်အလောင်းအား နံနက် ၁၀ နာရီခန့်တွင် မြောက်ဦးမြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စေခဲ့ပြီး တရားခံများအား ဖမ်းဆီးရမိရေး မြောက်ဦး မြို့မရဲစခန်း၌ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

My Blog List