Wednesday, February 19, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ အိန္ဒိယရေတပ်ဦးစီးချုပ်အားလက်ခံတွေ့ဆုံ


Image may contain: 2 people, people sitting and indoor
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Karambir Singh, PVSM, AVSM, ADC ကိုဖေဖော်ဝါရီ(၁၈)ရက် မနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်မှာ လက်ခံတွေ့ဆုံခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကဖော်ပြပါတယ်။
ဒီတွေ့ဆုံပွဲကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း နဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)က တပ်မတော်အရာရှိကြီးတွေတက်ရောက်ကြပြီး အိန္ဒိယ ရေတပ်ဦးစီးချုပ်နဲ့ အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H. E. Mr. Shri Saurabh ၊ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံ ကြည်းတပ်၊ ရေတပ်စစ်သံမှူးတွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ကြပါတယ်။
တွေ့ဆုံရာမှာ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ဟာ ကုန်းမြေ၊ ရေ၊ လေပိုင်နက် နယ်နိမိတ်တွေ ထိစပ်နေပြီး အိမ်နီးချင်းနိုင်ငံတွေ၊ ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဆောင်ရွက်တဲ့အနေနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ အင်ဒို-ပစိဖိတ်ဒေသတည်ငြိမ် အေးချမ်းရေးကို ထောက်အကူဖြစ်စေနိုင်မယ့် အခြေအနေတွေ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးတာနဲ့ သဘာ၀ ဘေးအန္တရာယ် အားတုံ့ပြန်ကာကွယ်ခြင်း HADR (Humanitarian Assistance and Disaster Responce) လုပ်ငန်းတွေမှာ ရေတပ်ချင်းပူးပေါင်းဆောင်ရွက်သွားမယ့်အခြေအနေတွေနဲ့ နည်းပညာ ဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါတယ်။

No comments:

Post a Comment

My Blog List