Wednesday, February 19, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂ဝဝဝ ကျော်သွားပြီ


Image may contain: 1 person, outdoor
ဗုဒ္ဓဟူးနေ့ မနက် ရရှိတဲ့သတင်းတွေအရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂ဝဝ၈ ဦးနဲ့ ကူးစက်ဖြစ်ပွါးသူ ၇၅၁၈၈ ရှိပြီး ကူးစက်ခံရသူတွေထဲက ပြန်လည်ကျန်းမာလာသူ ၁၄၅ဝ၈ ဦး ရှိပါတယ်။
ဒီအတောအတွင်း ပင်လယ်ကူးသင်္ဘောတစင်းကို ဂျပန်ဆိပ်ကမ်းတခုမှာ ဆိုက်ကပ်ပြီး လိုက်ပါလာတဲ့ ခရီးသည်တွေကို သင်္ဘောပေါ်မှာပဲ ၁၄ ရက် သီးခြားထား စောင့်ကြည့်ခဲ့တဲ့ ကာကွယ်တားဆီးရေး အစီအစဉျဟာ အောငျမွငျခဲ့ခွငျး မရှိဘူးလို့ ဆေးပညာရှငျ တှကေ ပွောပါတယျ။ အဲဒီ Diamond Princess သငျ်ဘောပေါျမှာ လိုကျပါခဲ့တဲ့ လူစုစုပေါငျး ၃၇၁၁ ဦးအနကျ ၅၄၂ ဦးကို ရောဂါကူးစကျခဲ့တဲ့အတှကျ ဗိုငျးရပျစျပိုးကို တားဆီးရာမကဘြဲ ပိုမိုဖွစျပှားအောငျ မှေးမွူပေးခဲ့သလို ဖွစျသှားခဲ့တယျလို့ ဆိုပါတယျ။ WHO ညှနျကွားရေးမှူးတဦးက ပတျဝနျးကငြျ အခွအေနတေရပျဟာ ရောဂါတခုကို ပိုမိုလြှငျမွနျစှာ ပွနျ့ပှားကူးစကျနိုငျစှမျး ရှိပါတယျလို့ ပွောပါတယျ။

အဲဒီ နှစ်ပတ်ကြာကာလအတွင်း ခရီးသည်တွေကို သူတို့ရဲ့ အခန်းတွေထဲမှာ သီးခြားထားပေမယ့် သင်္ဘောဝန်ထမ်းတွေကတော့ သက်ဆိုင်ရာတာဝန်တွေကို အတူတကွ လုပ်ကိုင်ကြရတာဖြစ်သလို အိပ်ခန်းတခုထဲမှာ အတူတကွ နေထိုင်ရတာဖြစ်ကြောင်း၊ ဒါ့အပြင် အညစ်အကြေးစွန့်ပစ်စနစ်တွေ၊ လေပေးစက်စနစ်တွေ၊ အခန်းတခုနဲ့တခု ဆက်သွယ်ကာရံထားပုံတွေနဲ့ သင်္ဘောပေါ်မှာ သန့်ရှင်းရေး ဘယ်လို ဆောင်ရွက်ခဲ့သလဲဆိုတာတွေကို လေ့လာစစ်ဆေးဖို့လိုကြောင်း ပညာရှင်တွေက ပြောပါတယ်။ လူ ၃၇ဝဝ ကျော်ကို သင်္ဘောတစင်းပေါ်မှာ အတူတကွထားပြီး ဗိုင်းရပ်စ်ပိုး မကူးစက်အောင် တဦးနဲ့တဦး မထိတွေ့ပဲ ၁၄ ရက်ကြာ သီခြားစီထားဖို့ စီစဉ်တဲ့ လုပ်ငန်းစဉ်ဟာ လက်တွေ့မှာ စိန်ခေါ်မှုတခုပဲလို့ ဆေးပညာ ပါမောက္ခတဦးက ပြောပါတယ်။ ပညာရှင်တချို့ကလည်း သီးခြားထားတဲ့ အစီအစဉ် မှန်ကန်ပေမယ့် လက်တွေ့ကျင့်သုံးတဲ့ နေရာမှာ သတ်မှတ်ချက်တွေကို အတိအကျ မလိုက်နာနိုင်တဲ့အတွက်လည်း ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ အဲဒီ စောင့်ကြည့်ကာလအတွင်း သင်္ဘောပေါ်ကို သွားရောက် တာဝန်ယူခဲ့တဲ့ ဂျပန် ကျန်းမာရေးဝန်ထမ်း သုံးဦးကိုလည်း ဗိုင်းရပ်စ်ကူးစက်ခဲ့ပါတယ်။
RFA


Unicode
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂ဝဝဝ ကျော်သွားပြီ

ဗုဒ္ဓဟူးနေ့ မနက် ရရှိတဲ့သတင်းတွေအရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂ဝဝ၈ ဦးနဲ့ ကူးစက်ဖြစ်ပွါးသူ ၇၅၁၈၈ ရှိပြီး ကူးစက်ခံရသူတွေထဲက ပြန်လည်ကျန်းမာလာသူ ၁၄၅ဝ၈ ဦး ရှိပါတယ်။

ဒီအတောအတွင်း ပင်လယ်ကူးသင်္ဘောတစင်းကို ဂျပန်ဆိပ်ကမ်းတခုမှာ ဆိုက်ကပ်ပြီး လိုက်ပါလာတဲ့ ခရီးသည်တွေကို သင်္ဘောပေါ်မှာပဲ ၁၄ ရက် သီးခြားထား စောင့်ကြည့်ခဲ့တဲ့ ကာကွယ်တားဆီးရေး အစီအစဉ်ဟာ အောင်မြင်ခဲ့ခြင်း မရှိဘူးလို့ ဆေးပညာရှင် တွေက ပြောပါတယ်။ အဲဒီ Diamond Princess သင်္ဘောပေါ်မှာ လိုက်ပါခဲ့တဲ့ လူစုစုပေါင်း ၃၇၁၁ ဦးအနက် ၅၄၂ ဦးကို ရောဂါကူးစက်ခဲ့တဲ့အတွက် ဗိုင်းရပ်စ်ပိုးကို တားဆီးရာမကျဘဲ ပိုမိုဖြစ်ပွားအောင် မွေးမြူပေးခဲ့သလို ဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။ WHO ညွန်ကြားရေးမှူးတဦးက ပတ်ဝန်းကျင် အခြေအနေတရပ်ဟာ ရောဂါတခုကို ပိုမိုလျှင်မြန်စွာ ပြန့်ပွားကူးစက်နိုင်စွမ်း ရှိပါတယ်လို့ ပြောပါတယ်။

အဲဒီ နှစ်ပတ်ကြာကာလအတွင်း ခရီးသည်တွေကို သူတို့ရဲ့ အခန်းတွေထဲမှာ သီးခြားထားပေမယ့် သင်္ဘောဝန်ထမ်းတွေကတော့ သက်ဆိုင်ရာတာဝန်တွေကို အတူတကွ လုပ်ကိုင်ကြရတာဖြစ်သလို အိပ်ခန်းတခုထဲမှာ အတူတကွ နေထိုင်ရတာဖြစ်ကြောင်း၊ ဒါ့အပြင် အညစ်အကြေးစွန့်ပစ်စနစ်တွေ၊ လေပေးစက်စနစ်တွေ၊ အခန်းတခုနဲ့တခု ဆက်သွယ်ကာရံထားပုံတွေနဲ့ သင်္ဘောပေါ်မှာ သန့်ရှင်းရေး ဘယ်လို ဆောင်ရွက်ခဲ့သလဲဆိုတာတွေကို လေ့လာစစ်ဆေးဖို့လိုကြောင်း ပညာရှင်တွေက ပြောပါတယ်။ လူ ၃၇ဝဝ ကျော်ကို သင်္ဘောတစင်းပေါ်မှာ အတူတကွထားပြီး ဗိုင်းရပ်စ်ပိုး မကူးစက်အောင် တဦးနဲ့တဦး မထိတွေ့ပဲ ၁၄ ရက်ကြာ သီခြားစီထားဖို့ စီစဉ်တဲ့ လုပ်ငန်းစဉ်ဟာ လက်တွေ့မှာ စိန်ခေါ်မှုတခုပဲလို့ ဆေးပညာ ပါမောက္ခတဦးက ပြောပါတယ်။ ပညာရှင်တချို့ကလည်း သီးခြားထားတဲ့ အစီအစဉ် မှန်ကန်ပေမယ့် လက်တွေ့ကျင့်သုံးတဲ့ နေရာမှာ သတ်မှတ်ချက်တွေကို အတိအကျ မလိုက်နာနိုင်တဲ့အတွက်လည်း ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ အဲဒီ စောင့်ကြည့်ကာလအတွင်း သင်္ဘောပေါ်ကို သွားရောက် တာဝန်ယူခဲ့တဲ့ ဂျပန် ကျန်းမာရေးဝန်ထမ်း သုံးဦးကိုလည်း ဗိုင်းရပ်စ်ကူးစက်ခဲ့ပါတယ်။
Zawgyi

RFA

No comments:

Post a Comment

My Blog List