Monday, February 17, 2020

ပါမောက္ခ ဝီလီယံ ရှဘတ်စ် မြန်မာအစိုးရနဲ့အဆက်ဖြတ်ဖို့ ဖိအားပေးခံရ

Image may contain: 1 person, sitting and suit
နိုင်ငံတကာတရားရုံး ICJ မှာ မြန်မာနိုင်ငံဖက်က ရှေ့နေလိုက်ပေးနေတဲ့ ပါမောက္ခ ဝီလီယံ ရှဘတ်စ်ကို မြန်မာနဲ့အဆက်ဖြတ်ဖို့ နိုင်ငံတကာ လူမျိုးတုံးသတ်ဖြတ်မှုလေ့လာရေးအဖွဲ့ (IAGS) က တိုက်တွန်းထားပါတယ်။

ရှေ့နေကြီး ဝီလီယံ ရှဘတ်စ်ဟာ IAGS အသင်းရဲ့ ဥက္ကဋ္ဌ အဖြစ် ၂၀၀၉ ကနေ ၂၀၁၁ အထိ သုံးနှစ်ကြာ ဆောင်ရွက်ခဲ့ဖူးသူဖြစ်ပြီး အဲဒီအတွက် ငွေကြေးအမြောက်အများလည်း ပေးခဲ့တဲ့အသင်းဖြစ်တယ်လို့ IAGS အသင်းရဲ့ ပြီးခဲ့တဲ့အပတ် ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်လို့ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင် (FFM) ရဲ့ အစီရင်ခံစာမှာ စွပ်စွဲခံထားရတဲ့ မြန်မာအတွက် ရှေ့နေလိုက်ပေးတဲ့ ဝီလီယံ ရှဘတ်စ်ရဲ့ ဆုံးဖြတ်ချက်ကို IAGS အသင်းက စိုးရိမ်မကင်းဖြစ်မိတယ်လို့လည်း ဖော်ပြထားပါတယ်။
ရှေ့နေကြီး ရှဘတ်စ်ရဲ့ အားထုတ်မှုက ရိုဟင်ဂျာအသိုင်းအဝိုင်းကို လူမျိုးတုံးသတ်ဖြတ်မှုတွေထပ်မဖြစ်အောင် ကာကွယ်ပေးမှာမဟုတ်တဲ့အတွက် မြန်မာအစိုးရနဲ့ လက်တွဲနေတာကို အဆုံးသတ်ပေးဖို့ IAGS အသင်းက တိုက်တွန်းထားတာဖြစ်ပါတယ်။
RFA

Unicode

- Zawgyi
~~~~~~~~~~~~~~~

Photo: William Schabas

No comments:

Post a Comment

My Blog List