Friday, February 14, 2020

နိုင်ငံတကာဖိအားကြောင့် နယ်မြေဖဲ့ပေးလိုက်ရခြင်းမျိုးကို လက်ခံရမည်ဆိုပါက အဲ့လောက်ညံ့ဖျင်းသူတွေမရှိဟု ဆို

Image may contain: 2 people
နိုင်ငံတကာဖိအားကြောင့် အခြားနိုင်ငံဆီ နယ်မြေဖဲ့ပေးလိုက်ရခြင်းမျိုးကို လက်ခံ လိုက်ရမည် ဆိုလျှင် အဲ့ လောက်ညံ့ဖျင်းသူမရှိတော့ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်က ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ ပြောကြားလိုက်သည်။
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်အတွင်း ပြုလုပ်သည့် ပြည်ခိုင်ဖြိုးပါတီ တွေ့ဆုံပွဲနှင့် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနားတွင် ဦးဝဏ္ဏမောင်လွင်က ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကိုယ့်နိုင်ငံကမဟုတ်တဲ့အခါမှာ အင်အားကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော်တို့ကိုလာပြီးဖိအားပေးလို့မရဘူး။ တန်းတူရှိတယ်။ ကျွန်တော်တို့ဘယ်သူ့ကိုမှလည်း သွားမစော်ကားဘူး။ ဘယ်သူ့မှလည်း မကျူးကျော် ဘူး ၊ကျွန်တော်တို့ကို ကျူးကျော်မယ် စော်ကားမယ်ဆို ကျွန်တော်တို့ အားလုံး အသက်ချင်းလဲဖို့ စိတ်ဓါတ်အပြည့်ရှိတယ်။ ကိုယ့်နိုင်ငံနယ်မြေနဲ့ပတ်သက်ရင် တစ်လက်မ မှ အထိမခံဘူး ဒီစိတ်ဓါတ် နဲ့ ကျွန်တော်တို့ကာကွယ်ခဲ့တာ အခုလဲဒီအတိုင်းပဲ ကိုယ့်နိုင်ငံထဲမှာ နောက်ထပ်နယ်မြေအသစ်တွေ အဖြစ်မနိုင်ဘူး နောက်ထပ်နယ်မြေအသစ်တွေ တပါးတိုင်းပြည်ဘက်ကို ကွဲထွက်ပြီးသွား ပူးပေါင်း မှာလဲ ကျွန်တော်တို့လက်မခံနိုင်ဘူး။ ဒီဖြစ်စဉ်တွေက ကမ္ဘာပေါ်မှာ ဖြစ်ခဲ့ပြီးသားဖြစ်ပါ တယ် ။ ဖြစ်ထားပြီးဖြစ်တဲ့အတွက် အင်အားကြီးနိုင်ငံတွေနဲ့ ပုံစံတွေကို ထပ်တူထပ်မျှ ပုံစံကွဲလွဲအောင်ခွဲပြီးတော့ ဒီပုံစံမျိုးရောက်အောင်လုပ်နေတယ်။ ကျွန်တော်တို့ ပြည်ထောင်စုကြီးပြိုကွဲအောင် လုပ်နေတယ်။ ကျွန်တော်တို့ပြည်ထောင်စုထဲမှာ လည်း နာက်ထပ် နယ်မြေအသေးလေးတွေ ထွက်လာအောင်လုပ်နေတယ်။ ဒီလိုလုပ်တဲ့ ရည်ရွယ်ချက်တွေ ကြံရွယ်ချက်တွေကို သမိုင်းအစဉ်အလာရှိပြီးသား၊ သိလဲ သိပြီးသားနဲ့ နိုင်ငံတကာ ဖိအားပေးမှုကြောင့် လက်ခံလိုက်ရမယ်ဆိုရင် အဲ့လောက် ညံ့ဖျင်းတဲ့သူတွေ မရှိဘူး။ လက်ခံလို့ကိုမရဘူး။ ကျွန်တော်တို့သမိုင်းမှာ အဲ့လောက် ညံ့ဖျင်းတဲ့ စိတ်ဓါတ်နဲ့လူမရှိဘူး”ဟု ဦးဝဏ္ဏမောင်လွင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

The Ladies News
နိုင်ငံတကာဖိအားကြောင့် နယ်မြေဖဲ့ပေးလိုက်ရခြင်းမျိုးကို လက်ခံရမည်ဆိုပါက အဲ့လောက်ညံ့ဖျင်းသူတွေမရှိဟု ဆို
--- --- ---

No comments:

Post a Comment

My Blog List