မန္တလေးတောင်ပေါ်မှ ပျက်စီးယိုယွင်းနေသည့် သမိုင်း ၀င်ဘုရားစေတီအချို့အား ထိုင်ဝမ်မှ လူမှုအဖွဲ့အစည်း တစ်ခုက ပြန်လည်ပြုပြင်လှူဒါန်းလိုကြောင်းကမ်းလှမ်းထားသည်ဟု သတင်းရရှိသည်။
ထိုင်ဝမ်နိုင်ငံရှိ Ling Jiou တောင်တန်းဗုဒ္ဓဘာသာအဖွဲ့အ စည်းသည် မေလကတည်းက မန္တလေးတောင်တော် ဂေါပက အဖွဲ့ ထံ လာရောက်ကမ်းလှမ်းခဲ့ ကြောင်း၊ မန္တလေးတောင်တော် ပေါ်မှ ပြုပြင်ရန် လိုအပ်နေသည့် ဘုရားပုထိုးစေတီ အချို့ကို လိုက်လံပြသခဲ့ပြီး ကုန်ကျစရိတ်ငွေ ကြေးအား တွက်ချက်ပေးလိုက် ကြောင်း မန္တလေးတောင် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းထွန်းက ပြော ကြားသည်။
‘‘သူတို့က ဘုရားအသစ် တည်တာမျိုး၊ အသစ်တည် ဆောက်ပေးတာမျိုး လုပ်ပေးချင် တာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ဆီမှာက အသစ်တည်ဆောက် ခွင့်မပေးဘူး။ ရှေးမူမပျက်ဘဲ ပြန်လည်ပြုပြင်ခွင့်ပဲပေးနေတာပါ။ ဒါကြောင့် ပြုပြင်ဖို့ လိုအပ်နေတဲ့ လေးငါးခြောက်ခုလောက် လိုက် ပြလိုက်တယ်’’ဟု ဥက္ကဋ္ဌက ပြော ကြားသည်။ ထိုင်ဝမ်အဖွဲ့အ စည်းမှာ စွယ်တော်တိုက်၊ ဓာတ် တော်၊ ငုံးမင်းဘုရား၊ ဆတ်မင်းဘုရားနေရာများကို ပြုပြင်လှူ ဒါန်းပေးရန် စိတ်ဝင်စားကြောင်း၊ ၎င်းတို့အဖွဲ့ပြန်လည်ဆက်သွယ်လာပါက တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ပြုပြင်ခွင့်တင်ပေးမည် ဖြစ်ကြောင်း ဂေါပက အဖွဲ့ဝင်များ ကပြောသည်။
မန္တလေးတောင်တော်ပေါ် တွင် ၁၈ ဌာနခန့်ရှိသည့်အနက် မြွေကြီးနှစ်ကောင်၊ ဆုတောင်း ပြည့်ဘုရား၊ စန္ဒမုနိဘုရား၊ ကျန် စစ်သားကုန်း၊ ရွှေသိမ်တော်၊ ဗြန့် ကြီး၊ ဗျာဒိတ်ပေး၊ ဓာတ်တော် တိုက်၊ စွယ်တော်တိုက်၊ ခိုင်ရွှေဝါ ဘုရား၊ ခြင်္သေ့နှစ်ကောင်၊ နန်းဦး ဘုရား၊ မြတ်စောညီနောင်၊ သမ္ဗဒ္ဓေစောင်းတန်း၊ ဆတ်မင်းဘုရား အစရှိသည့် နေရာများမှ ပျက်စီး နေသည့်နေရာအချို့ကို ကျပ် ၁,၆၉၉ သိန်း အကုန်အကျခံကာ ပြုပြင်ထားကြောင်း သို့သော်အလုံးစုံပြုပြင် မှုပြီးစီးခြင်း မရှိသေးဘဲ ဆက်လက်ပြုပြင်ထိန်း သိမ်းရဦးမည်ဖြစ်ကြောင်း ဂေါပက အဖွဲ့ဝင်များကပြောသည်။
7Day News Journal
No comments:
Post a Comment