Wednesday, July 02, 2014

အင်္ဂါဂြိုဟ်ကိုစေလွှတ်ဖို့ လူစီးပန်းကန်ပြားပျံတွေကို စမ်းသပ်နေတဲ့ နာဆာ


အနာဂတ်မှာအင်္ဂါဂြိုဟ်ကိုစေလွှတ်ဖို့ လူစီးအာကာသယာဉ်အသစ်အဖြစ် ပန်းကန်ပြားပျံ တွေကို နာဆာ အဖွဲ့က စမ်းသပ်နေတယ်လို့ သတင်းရရှိပါတယ်။ ယခုလအတွင်းမှာ ရာသီဥတုအခက်အခဲတွေကြောင့် နှောင့်နှေးခဲ့ရတဲ့ နာဆာရဲ့လူစီးအာကာသယာဉ်သစ်ဟာ စနေနေ့က ဟာဝိုင်ရီအခြေစိုက်အမေရိကန် ရေတပ် စခန်းမှစတင်ပျံသန်းခဲ့ပါတယ်။

LDSD လို့ အမည်ပေးထားတဲ့ယာဉ်ကို အနာဂါတ်မှာအာကာသယာဉ်မှူးတွေ ပါဝင်မယ့် အင်္ဂါဂြိုဟ်ဆင်း နည်းပညာကို စမ်းသပ်နိုင်ဖို့ အတွက် ဒေသခံတော်ချိန် (၈)နာရီ(၄၅)မိနစ်မှာ ကောင်းကင်သို့ ဧရာမ မိုးပျံဘောလုံးတစ်လုံးနဲ့ လွှတ်တင် ခဲ့တာဖြစ်ပါတယ်။ 

(၁၁)နာရီခန့်မှာတော့ စမ်းသပ်ယာဉ်ကို မြေပြင်သို့လွှတ်ချခဲ့ပြီးတော့ ပန်းကန်ပြားပျံသဏ္ဍာန် LDSD ယာဉ်ပျံ ဟာ ကမ္ဘာမြေပြင်မှ မိုင်(၂၀)အထက်ကနေ စတင်ဆင်းသက်ခဲ့ပါတယ်။ 

ဒိုးနပ်ပုံသဏ္ဍာန် အရှိန်လျှော့ကိရိယာဟာ ဆင်းသက်ချိန်မှာ စတင်အလုပ်လုပ်မှာဖြစ်ပြီး နာဆာရဲ့ ယာဉ်ပျံ ကို ပန်းကန်ပြားပျံပုံစံနဲ့ ဆင်တူသွားစေခဲ့ ပါတယ်။ ဒါပေမယ့်လည်းဆင်းသက်ချိန်မှာ အသင့်ပြင် ထားတဲ့လေထီးကတော့မျှော်လင့်ထားသလိုမပွင့်ခဲ့ဘူးလို့ နာဆာက ပြောကြားခဲ့ပါတယ်။ လွှတ်ချလိုက်ပြီး မိနစ်(၃၀)အကြာမှာတော့ အဆိုပါ ယာဉ်ပျံဟာပစိဖိတ်သမုဒ္ဒရာထဲကိုထိုးကျသွားခဲ့ပြီး စမ်းသပ်မှုပြီးဆုံး ခဲ့ပေမယ့် နာဆာ ကတော့ သူတို့ရဲ့စမ်းသပ်မှုဟာအောင်မြင်တယ်လို့ကြေငြာခဲ့ပါတယ်။

Source;NASA
The Myanma Age

No comments:

Post a Comment

My Blog List