Tuesday, July 01, 2014

တရုတ်နိုင်ငံက စစ်တပ်အရာရှိဟောင်းတစ်ဦး လာဒ်စားမှုနဲ့ အရေးယူခံရ


တရုတ်နိုင်ငံက ​လာဒ်စားမှုတိုက်ဖျက်ရေး ​လုပ်ငန်းတွေဟာ ​အဆင့်မြင့် ​အစိုးရ ​အရာရှိနဲ့ ​စစ်တပ်အရာရှိတွေ ကို ​ပိုမိုပစ်မှတ်ထားလာနေပြီ ​ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ​ဆယ်စုနှစ် ​သုံးခုအတွင်း ​စစ်တပ်အရာရှိတွေရဲ့ ​လာဒ်စားမှုတွေအပေါ် ​ပစ်မှတ်ထားတဲ့ ​အရေးအယူမှုတွေ ​မရှိခဲ့ပဲ ​အခုအခါမှ ​စတင်ပစ်မှတ်ထားလာနေတာ လည်း ​ဖြစ်ပါတယ်။

ကာကွယ်ရေးတပ်ကို ​ကျောထောက် ​နောက်ခံပြုထားတဲ့ ​တရုတ်နိုင်ငံရဲ့ ​ဗဟိုစစ်တပ် ​ကော်မရှင် ​အဖွဲ့ရဲ့ ​ဒု ​ဥက္ကဌ ​ဟောင်း ​ဗိုလ်ချုပ်ကြီး ​Xu ​Caihou ​ဟာ ​လာဒ်စားမှုနဲ့ ​အရေးယူ ​ခံထားရပြီး ​ကွန်မြူနစ် ​ပါတီကနေ ​ထုတ်ပယ်ခံ ​လိုက်ရပါတယ်။ ​အခုဆိုရင် ​သူ့ရဲ့ ​အမှုကို ​တရားရုံးကို ​လွဲအပ်လိုက်ပြီ ​ဖြစ်ပါတယ်။

တရုတ်နိုင်ငံ ​သမ္မတ ​ရှီကျင်ပင်းက ​ဦးဆောင် ​ခေါ်ယူတဲ့ ​အစည်းအဝေး အတွင်းမှာပဲ ​အသက် ​၇၁ အရွယ် ရှိတဲ့ ​ဗိုလ်ချုပ်ကြီး ​Xu ​Caihou ​ကို ​ကွန်မြူနစ်ပါတီထဲကနေ ​ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။

ABC

No comments:

Post a Comment

My Blog List