Wednesday, July 02, 2014

ဆရာ၊ ဆရာမများ အားလပ်ချိန်တွင် အတတ်ပညာဖြင့် ကိုယ်ပိုင်ဝင်ငွေရှာနိုင်ဟု ပညာရေးဝန်ကြီးပြော


ဆရာ၊ ဆရာမများအ နေဖြင့် မိမိတို့၏အသက်မွေးဝမ်း ကျောင်းအတတ်ပညာဖြင့် အားလပ်ချိန်တွင် ကိုယ်ပိုင်ဝင်ငွေဖြည့် ဆည်းခွင့်ရှိကြောင်း ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဒေါ်ခင်စန်းရီက ပြောကြားသည်။

ကျူရှင်ဈေးကွက်ကြီးထွားလာနေမှုနှင့် ဆရာ၊ ဆရာမများ ဝေဖန်ခံနေရမှုအပေါ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီ က ဆရာ၊ ဆရာမများအနေဖြင့် အားလပ်ချိန်တွင် ကိုယ်ပိုင်ဝင်ငွေ ဖြည့်ဆည်းနိုင် ကြောင်း သတင်း ထောက်များအား ပြောကြားသည်။

‘‘ဆရာတွေအနေနဲ့လည်း ကိုယ့်အသက်မွေးဝမ်းကျောင်း၊ ကိုယ့်အတတ်ပညာနဲ့ လုပ်ကိုင် စားနိုင်တယ်။ ကျောင်းမှာလည်း ကောင်းကောင်းသင်ပြီးတော့

ကိုယ်ရဲ့ အားလပ်ချိန်မှာလည်း ကိုယ်ရဲ့ဝင်ငွေကို ဖြည့်ဆည်းနိုင်တယ်ဆိုတဲ့ အမြင်ကိုလည်းရှိ အောင်လုပ် ရမယ်။ ဘာမှမလုပ်ရ ဆိုတဲ့အခါကြတော့ အကုန်လုံး ခိုးလုပ်ရောလေ။ ခိုးသင်၊ ခိုးလုပ် ဆိုတော့ ဈေးတွေ တက်လာရော လေ။ အဲဒါတွေ မဖြစ်ရအောင် ပညာရှင်တွေ အားလုံးညှိနှိုင်းပြီး တော့ ကျွန်မတို့ဆောင် ရွက်သွားမှာပါ’’ဟု ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြော သည်။

ကျူရှင်မသင်ရန် ထုတ်ပြန် ထားသော်လည်း ဆရာ၊ ဆရာမအများစုက သင်ကြားလျက်ရှိပြီး

ဆရာ၊ ဆရာမများ ပြင်ပ၀င်ငွေရှာဖွေရာတွင် အဂတိမပါရန်နှင့် ဘက်မလိုက်ရန် လိုအပ်မည်ဖြစ်ကြောင်း ဒေါက်တာဒေါ်ခင်စန်းရီကဆိုသည်။

‘‘ဆရာတွေက အနစ်နာခံ တယ်ဆိုတာ အရင်တုန်းက စေတနာနဲ့လုပ်လည်း စားစရာလောက် တယ်။ အခုဆိုရင် အကုန်စရိတ် ကြီးလာတယ်။ ကြီးလာတဲ့အ တွက် တစ်ခုခုတော့ ရှာရတာပဲ။ ရှာတဲ့အခါမှာ အဂတိမပါဖို့ရယ်၊ ဘက်မလိုက်ဖို့ရယ်လိုတယ်။ ကျူ ရှင်ဆိုတာက သင်ချင်တဲ့ သူရယ်၊ သင်ပေးမယ့်သူရယ် လိုတာလေ။ သင်ချင်တဲ့သူကို ကြည့်လိုက်ရင် အရမ်းတော်တဲ့သူရယ်။ အရမ်း ညံ့တဲ့သူရယ် ဖြစ်မှာပေါ့။ ဒါပေ မဲ့ အခုက ဖက်ရှင်ဖြစ်နေပြီးမှ လူတိုင်းသင်မယ်ဆိုတာဖြစ်နေ တော့ ဈေးကွက်ကြီးဖြစ်နေ တယ်’’ ဟု ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။

‘‘ကျူရှင်ဆိုတာကို မိဘတိုင်းက ထောက်ပြပေမယ့် မိဘတိုင်းက ကျူရှင်မပေးဘဲ မနေ နိုင်တဲ့စိတ်ကို အရင်ဖျောက်ရဦးမယ်။ အဲဒီစိတ်သဘောထားကလည်း ကျောင်းမှာ သင်တာလုံ လောက်ပါပြီဆိုတာကို ပြနိုင်မှပဲ သူတို့ရဲ့ စိတ်သဘောထားကို ပြောင်းရမယ်။ ကျူရှင်မသင်လည်း ကလေးတွေတော်တယ်ဆို တာ ကျွန်မတို့က သက်သေပြရမှာလေ။ အဲဒါတွေအတွက် ကျွန်မတို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတာ’’ဟု ဒေါက်တာဒေါ်ခင် စန်းရီကပြောသည်။

စစ်အစိုးရလက်ထက်မြန်မာ့ ပညာရေးနိမ့်ကျသွားမှုတွင် ကျူ ရှင်စနစ်ကြီးထွား လာမှုလည်း ပါ ၀င်နေပြီး ကျောင်းသား၊ ဆရာအချိုးကွာဟချက်ကြီးမားနေခြင်း နှင့် ဆရာလစာငွေနည်းပါးနေခြင်းများကို ပြုပြင်ပြောင်း လဲရန် လိုအပ်နေသည်။

7Day News Journal

No comments:

Post a Comment

My Blog List