Friday, July 04, 2014

ဘာသာရေးကို နိုင်ငံရေးတွင် အသုံးပြုနေပြီလား


သာသာရေးကို နိုင်ငံရေးတွင် အသုံးပြုနေပြီလားဆိုသည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် စဉ်းစား မည့်ကိစ္စ ဖြစ်လာကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။ ‘‘အဖွဲ့ချုပ်က ကြေညာချက် ထုတ်တယ်။ ထုတ်ထုတ်ချင်း အတုထွက်လာတယ်။ ဘာသာရေးကို နိုင်ငံရေးအရ သုံးနေပြီလားဆိုတာ အဖွဲ့ချုပ်အနေနဲ့ အများကြီးစဉ်းစားရမယ့်ကိစ ဖြစ်လာတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၄ ရက်က ပြည်သူ့လွှတ်တော်အစည်းအဝေး မစတင်မီ မီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘ကြေညာချက်တစ်ခု ထုတ်တယ်ဆိုတော့ ဒါ ဘယ်သူထုတ်လဲတော့မသိဘူး။ အဖွဲ့ချုပ်ရဲ့ ကြေညာချက်ကို အတုလုပ်တာတော့ နိုင်ငံရေးတိုက်ခိုက်မှုပဲ ဘာသာရေးကိုအသုံးပြုပြီး နိုင်ငံရေးလုပ်နေတာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီဘူး။ လုပ်လည်းမလုပ်အပ်တဲ့ကိစ္စဖြစ်တယ်’’ဟု ဒေါ်အောင်ဆန်းစုကြည် က မီဒီယာသို့ ပြောကြားသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မန္တလေးတွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန် ခဲ့ရာတွင် ယင်းကြေညာချက်ကို ပြန်လည်ပြင်ဆင်ထားသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို တိုက်ခိုက်သည့်ကြေညာချက်အတုတစ်စောင် ထွက်ပေါ်လာခဲ့သည်။

7Day News Journal

No comments:

Post a Comment

My Blog List