မိုးရာသီကာလအတွင်း အောက်မြန်မာပြည်မှာ ရေဖုံးလွမ်းမယ့် အလား အလာတွေ ရှိနေတယ်လို့ မိုးလေ၀သပညာရှင်က ခန့်မှန်းထားပါတယ်။ မိုးကောင်းတဲ့ နှစ်မဟုတ်ပေမယ့်လည်း မြစ်ကြောင်း ရေဝေ ရေလဲတလျှောက် နေ့စဉ်ရက်ဆက် နည်းနည်းချင်းရွာသွန်းနေတဲ့ မိုးဟာ မြစ်အောက်ပိုင်းမှာ လာရောက်စုနေတဲ့အတွက် ရေအမြင့်တွေ မြင့်တက်လာတာလို့ မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင် က ရှင်းပြပါတယ်။
ရန်ကုန်တိုင်းဒေသကြီး မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးတွေဟာ ရေဖုံးလွမ်းမယ့် အလားအလာရှိနေသလို လက်ရှိ အနေနဲ့ စောင့်ကြည့်ရမယ့် အနေအထားမှာ ရှိနေတယ်လို့ သူက ပြောပါတယ်။
ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလတွေမှာ မြစ်ဝကျွန်းပေါ်ဒေသမှာ မိုးရွာသွန်းမှုက ပုံမှန်ထက် ၄၅၊ ၅၀ ရာခိုင်နှုန်း လောက် ပိုမယ်လို့ အမေရိကန်က ခန့်မှန်းချက် ထုတ်ပြန်ထားတဲ့အတွက် အန္တရာယ်ရှိနိုင်တယ်လို့ ယူဆတဲ့ အကြောင်းလည်း ဒေါက်တာ ထွန်းလွင်က ပြောပါတယ်။
ဇူလိုင် ၂ ရက်နေ့ နံနက်ပိုင်း မွန်ပြည်နယ်၊ သထုံမြို့ရဲ့ အနောက်တောင်ဘက် ၆၂ ကီလို အကွာမှာ အမြင့်ဆုံး တိုင်းလို့ရ တဲ့ ရေအနက်ဟာ ၂၀ လက်မ (၁ ပေ ၈ လက်မ) ရှိနေပြီဖြစ်တယ်လို့လည်း သူရဲ့ ဖေ့ဘွတ် စာမျက်နှာမှာ ရေးသား ထားပါတယ်။
နှစ်စဉ်နှစ်တိုင်း မြန်မာနိုင်ငံမှာ မိုးရာသီအချိန်ရောက်တိုင်း ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်း ဒေသကြီးက မြေနိမ်ပိုင်း၊ မြေနိမ့် ပိုင်းမှာရှိတဲ့ လူနေရပ်ကွက်တွေ ဟာ ရေဖုံးတဲ့ ဒဏ်ကို ခံစားနေရပါတယ်။
DVB
No comments:
Post a Comment