Saturday, July 05, 2014

လူငယ်များ၏ သတ္တိနှင့်သစ္စာရှိမှုကို ဒေါ်အောင်ဆန်းစုကြည်မှ ကျေးဇူးတင်စကားပြောကြား




ရန်ကုန်တိုင်းဒေသကြီး ၊ဗဟန်းမြို့နယ်တွင်းရှိတော်ဝင်နှင်းဆီစားသောက် ဆိုင်တွင်ဇူလိုင် ငါးရက်နေ့ကနံနက် ကိုးနာရီ ကျင်းပသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမအကြိမ်နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင်အဖွဲ့ချုပ်ဥက္ကဌ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဌ နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်ဒေါ်အောင်ဆန်းစုကြည်မှ လူငယ်များ၏ သတ္တိနှင့်သစ္စာရှိမှုကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
“ကျွန်မတို့ကြိုးစားခဲ့ရတာဟာအခုဆိုရင်အနှစ်သုံးဆယ်နီးပါးရှိသွားပါပြီ။လွယ်လွယ်ကူကူလည်းကျွန်မတို့မှာမရှိခဲ့ပါဘူး။ဒီကြားထဲမှာဆိုလို့ရှိရင်ကျွန်မတို့ပါတီရဲ့ထိပ်တန်းခေါင်းဆောင်တွေဟာမကြာခဏဆိုသလိုပေါ့ ထောင်ထဲရောက်၊အထိအခိုက်ခံခဲ့ရနဲ့ ကျွန်မတို့ အလုပ်တွေဟာ မလွယ်ကူခဲ့ပါဘူး။ တာဝန်ယူတဲ့သူတွေက အထိန်းသိမ်းခံခဲ့ရတဲ့အခါ ကျတော့နောက်လိုက်ရှားလာတယ်။ အဲ့ဒီရှားတဲ့အချိန်မှာ ကျွန်မတို့ လူသစ်တွေရှာနေရတဲ့ အချိန်မှာ လူငယ်တွေနိုင်ငံရေး မလုပ်အောင်လို့ အာဏာပိုင်ကဖိအားပေးတာအများကြီးရှိပါတယ်။အမျိုးမျိုးဖိအားပေးတဲ့အခါကျတော့ကျွန်မတို့ မျိုးဆက် သစ်တွေရှာဖို့၊ မွေးထုတ်ဖို့ဆိုတာအခက်အခဲတွေတော်တော်ရှိခဲ့ပါတယ်။ဒီလိုအခက်အခဲတွေထဲက ကျွန်မတို့ လူငယ် တစ်ချို့ဟာ သစ္စာရှိရှိနဲ့ သတ္တိရှိရှိနဲ့ လုပ်ကိုင်ခဲ့တယ်။ လူငယ်အသစ်ကလေးအနေနဲ့ ၀င်လာခဲ့ပါတယ်။ ခက်ခဲတဲ့ အချိန်မှာ ၀င်လာတဲ့ လူငယ်တွေကို ကျွန်မအခု ဒီနေရာကနေပြီးတော့ အသိအမှတ်ပြုပြီးတော့ ကျေးဇူးတင်တယ်လို့ ပြောချင်ပါ တယ်”ဟု ဒေါ်အောင် ဆန်းစုကြည်မှ ပြောကြားခဲ့သည်။

အရင်ကာလတုန်းက အဖွဲ့ချုပ်အနားသို့ လူတော်တော်များများ မချဉ်းကပ် ရဲကြောင်း၊ အဖွဲ့ချုပ်နှင့်ဆက်ဆံသူများ ဘ၀ပျက် မည်ဟူသောဆိုးရိမ်မှု များလည်းရှိကြောင်း၊ယင်းအချိန်ကာလတွင်အဖွဲ့ချုပ်သို့ ရောက်ရှိလာသော လူငယ်များကြောင့် မျိုးဆက်ပြတ်သွားခြင်းမရှိခဲ့ကြောင်း၊ အဖွဲ့ချုပ်ကို ခက်ခဲစွာ ရပ်တည်ခဲ့ရကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။

“ကျွန်မတို့ အဖွဲ့ချုပ်ကို တစ်ချို့ဆိုရင် အဖွဲ့ချုပ်ရုံးနားမှာ မသီရဲဘူး။ အဖွဲ့ချုပ် ရုံးနားလာတဲ့အခါ အဖွဲ့ချုပ်နဲ့ ဆက်ဆံမှုရှိ တယ်လို့ အထင်ခံရတာနဲ့ မိမိတို့ရဲ့ ဘ၀တွေ ဘယ်လိုများထိခိုက်သွားမလဲ စိုးရိမ်မှုတွေ၊အဖွဲ့ချုပ်အနားကို လူတော်တော် များများ မကပ်ရဲတဲ့အချိန်မှာ တစ်ချို့လူငယ်လေးတွေ ၀င်လာပြီးတော့ အဖွဲ့ချုပ်နဲ့ အတူတူ လုပ်ပေးတဲ့အတွက် ကျွန်မတို့
မျိုးဆက်ဟာ လုံးဝပြတ်သွားခဲ့ခြင်းမရှိပါဘူး။ တော်တော်လေးတော့ခက်ခက်ခဲခဲနဲ့ရပ်တည်ခဲ့ရပါတယ်”ဟုဒေါ်အောင်ဆန်း


စုကြည် မှ ပြောကြားခဲ့သည်။

အဆိုပါနိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံကို သဘာပတိအဖြစ် ဦးမောင်မောင်ဦး မှ ပြုလုပ်ခဲ့သည်။

ထက်ပိုင်
The Myanma Age

No comments:

Post a Comment

My Blog List