Saturday, July 05, 2014

ဒီမိုကရေစီ အစိုးရသစ်ဆိုသော်လည်း အကျဉ်းထောင်များမှာ ထူးခြားစွာ ပြောင်းလဲခြင်းမရှိဟု ကိုဇော်ဖေ ဆို


ဒီမိုကရစီအစိုးရသစ်ဆိုသော်လည်း သရက်အကျဉ်းထောင် အတွင်းရှိအခြေအနေများမှာထူးခြားစွာပြောင်း လဲလာခြင်းမရှိသေးကြောင်း ပြီးခဲ့သည့် ဇူလိုင်လ (၄)ရက်နေ့က သရက်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့သူမကွေး DVB သတင်းထောက် ကိုဇော်ဖေ(ခေါ်)ကိုသူရသက်တင် မှ  အောင်လံမြို့သို့ ရောက်စဉ်မီဒီယာများအားပြောပြခဲ့သည်။

“အကျဉ်းသားတွေကို ကျန်းမာရေး စစ်ဆေးတယ်ဆိုတာက ပေါင်ချိန်တာနဲ့ အရပ်တိုင်းတာပဲ၊ အဲဒါပဲလုပ်ပေး တယ်၊အကျဉ်းထောင်တွေဟာ ထူးထူးခြားခြား ပြောင်းလဲလာတာတော့ လုံးဝကိုမရှိသေးပါဘူး၊ အရင်၂၀၁၀ တုန်းကလည်းနတ်မောက် သမုန်းပင်ရွာ ရေရှားတဲ့ သတင်းသွားယူတုန်းကလည်းဖမ်းဆီးထောင်ချခံခဲ့ရ ပါတယ်၊ အဲဒီတုန်းကထောင်အခြေအနေနဲ့ ယခုအခြေ အနေဟာ ဘာမှကို ကွာခြားမှုမရှိသေးပါဘူး”ဟု 
ကိုဇော်ဖေမှ ဆိုခဲ့သည်။

အရင်တစ်ခေါက် ထောင်ကျစဉ်ကအကျဉ်းထောင်အတွင်း အပေါ့အလေးသွားလျှင်ခွက်ဖြင့်သာသွားခဲ့ရပြီး ယခုအခါတွင်မူရလောင်းအိမ်သာအဖြစ် ပြောင်းလဲသွားမှု တစ်ခူသာတွေ့ခဲ့ပြီးအစားအသောက်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများတွင်  ယခင်စစ်အစိုးရပုံစံအတိုင်းပင် ရှိနေသေးသည်ဟု ပြောသည်။

ကျန်းမာရေးစောင့်ရှောက်ပေးမှုအပိုင်းတွင်လိုအပ်ချက်များစွာရှိနေပြီးကျန်းမာရေးမကောင်းသောအကျဉ်းသားများကိုလည်း ရဲဘက်စခန်းများသို့ ပို့ဆောင်နေမှုများလည်းရှိနေကြောင်းလည်း ကိုဇော်ဖေမှ ပြောပြသည်။

“ရာဇ၀တ် အကျဉ်းသားတစ်ဦးပေါ့ဗျ၊(ကိုဇော်မင်းထွန်း(ခ)၀က်သိုး) သူက ကျန်းမာရေးမကောင်းဘူး။ အူကျတာပေါ့ ။နောက်အစာအိမ်ရောဂါလည်းရှိတယ်၊ နောက်သွေးတိုးရောဂါလည်းဖြစ်နေတယ် ။ အဲဒါကိုရဲဘက်စခန်းကို ပို့တယ်ဗျ၊ဆရာဝန်းဆေးမှတ်တမ်း အထောက်အထားတွေပြတော့လည်း ထောင်အာဏာပိုင်တွေက ဒီကိစ္စက သူတို့ဆုံးဖြတ်လို့မရဘူး။ အထက်က ညွှန်ကြားတာလို့ ပြောတယ်။ ဒါလုံးဝကိုမဖြစ်သင့်တဲ့ကိစ္စပါဗျာ။သူအခု ကိုးပင်သာစည် ရဲဘက်စခန်းမှာ ဒုက္ခတ်ာတော်ရောက်နေတယ်”ဟု ပြောသည်။

ထို့အပြင်အစိုးရသစ်လက်ထက်ယခုအချိန်တွက်နိုင်ငံရေး အကျဉ်းသားမရှိတော့ဟု  နိုင်ငံတော်သမ္မတ
ကပြောဆိုနေသော်လည်း သရက်အကျဉ်းထောင်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ နှစ်ဦးကျန်ရှိနေ
သည်ဟု ကိုဇော်ဖေမှဆိုပါသည်။

“ကိုအောင်ကိုလတ်နဲ့ ကိုစိုင်းဘုန်းတင့်တို့ နှစ်ဦးကျန်နေတယ်ဗျာ။ ကိုစိုင်းဘုန်းတင့်ဆို ထောင်ဒဏ် တစ်သက်သုံးခါတောင်ကျခံနေရတယ်။ အစိုးရက နိုင်ငံရေးပုဒ်မတွေကိုပယ်ဖျက်ပေးပြီး လက်နက်မှုတို့ မူးယစ်ဆေးဝါး၊ စတဲ့ပုဒ်မတွေနဲ့ဆွဲထားတာပါ။ နိုင်ငံရေးပုဒ်မတွေကိုတောင် ပယ်ဖျက်ပေးခဲ့ပြီးပြီပဲဗျာ။ ကျန်တာတွေ ဘာလို့ထားနေတာလဲ။ အစိုးရရဲ့နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးလုပ်ဆောင်မှုတွေ
ဟာ ထောင်ဒဏ်နှစ်ရှည်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက်ကတော့ လုံးဝကိုအကျိုး
သက်ရောက်မှု မရှိပါဘူး”ဟုပြောသည်။

Dvbသတင်းထောက် ကိုဇော်ဖေနှင့် ကျောင်းသားမိဘ ကိုဝင်းမြင့်လှိုင်တို့မှာ ပြီးခဲ့သည်နှစ်ပိုင်းက မကွေးတိုင်းပညာရေးမှုးရုံးသို့ ဂျပန်ပညာတော်သင်ဆုပေးအပ်ခြင်းနှင့် ပတ်သတ်ပြီး သတင်းရယူရန် သွားရောက်ခဲ့ရာမှ ပိုင်နက်ကျူးလွန်မှု၊၀တ္တရားနှောင့်ယှက်မှုတို့ဖြင့် ထောင်ဒဏ်တစ်နှစ်ချမှတ်ခံ
ခဲ့ရပြီးနောက် သရက်ထောင်သို့ရောက်ရှိသွားခဲ့ပြီး ဇူလိုင်လလဆန်းပိုင်းက တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးက ထောင်ဒဏ်သုံးလ ပြင်ဆင်သတ်မှတ်ပေးခဲ့သဖြင့်ယခုကဲ့သို့ ပြန်လည် လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

လင်းသက်
The Myanmar Age

No comments:

Post a Comment

My Blog List