လူ့အခွင့်အရေးတက် ကြွလှုပ်ရှားသော အဖွဲ့အစည်းများသည် မြန်မာအစိုးရ၏ ပြင်ဆင်ပြောင်းလဲလိုက် သော ဆန္ဒပြထုတ်ဖော်မှုဆိုင်ရာ ဥပဒေများ နှင့်စပ်လျဉ်း၍ ကြာသပတေးနေ့က ဝေဖန် ပြောဆိုခဲ့ကြ သည်ဟု သိရသည်။
လူ့အခွင့်အရေး တက်ကြွလှုပ် ရှားသောအဖွဲ့အစည်းများက ဆန္ဒပြသူများ အပေါ် ထိန်းချုပ်ထားသော အစိုးရအာဏာ ပိုင်များ၏ အမိန့်အာဏာများကို ဝေဖန်မှု များ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သမ္မတဦးသိန်း စိန်သည် ပြီးခဲ့သောအင်္ဂါနေ့က ငြိမ်းချမ်း စွာဆန္ဒထုတ်ဖော်ပြသမှုကို ခွင့်ပြုထားသော ၂ဝ၁၁ ဥပဒေများပြင် ဆင်ချက်ကို လက် မှတ်ရေးထိုး အတည်ပြုခဲ့သည်။ ပြန်လည် ပြင်ဆင်ခဲ့သော ဥပဒေပြဋ္ဌာန်းချက်များတွင် ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းကို ချိုးဖောက်သော သူများ၏ ထောင်ဒဏ်ချမှတ်မှုကို တစ်နှစ် သို့ ထက်ဝက်လျှော့ ချခဲ့သည်။
ထို့အပြင် ခွင့်ပြုချက်တောင်းခံ ခြင်းမရှိဘဲ ဆန္ဒပြသူ၏ ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်မှုကို ခြောက်လသို့ လျှော့ချခဲ့သည်။ ဆန္ဒပြသူများအနေဖြင့် ဆန္ဒထုတ်ဖော်ပြသ ရန်ရှိပါက ဒေသဆိုင်ရာအာဏာပိုင်များထံ သို့ ငါးရက်ကြိုတင် အကြောင်းကြားရန် လို အပ်ဆဲဖြစ်ပြီး ဆန္ဒထုတ်ဖော် ရေးသားထား သော စာတန်းများကို လည်း မိတ္တူပွားကာ တင်ပြရန် လိုအပ်ဆဲဖြစ်သည်။
မြန်မာအစိုးရ၏ ဆန္ဒထုတ်ဖော် ပြသခွင့်ဆိုင်ရာ ဥပဒေပြင်ဆင်ချက်များသည် နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီမှုမရှိသေး ဟု လူ့အခွင့်အရေး လေ့လာစောင့်ကြည့်သူ ဒေးဗစ်မက်သီဆန်ကဆိုသည်။
ဒေသခံ လူ့အခွင့်အရေး အဖွဲ့ အစည်းများကလည်း ဆန္ဒထုတ်ဖော်ပြသ ရန်အတွက် တင်းကျပ်သောစိစစ်မှု များရှိ နေဆဲဖြစ်သည်ဟု ဆိုသည်။ ပြည်တွင်းလူ့ အခွင့်အရေး အဖွဲ့အစည်းတစ်ခုမှ မမေစပယ်ဖြူက ယင်း အနေဖြင့် တိုးတက်မှုရှိလာ သော ခြေလှမ်းတစ်ရပ်ဟု မမြင်ကြောင်းနှင့် ဆန္ဒထုတ်ဖော်ပြသမှုအတွက် အစိုးရက တင်း ကျပ်ထားဆဲဖြစ်သည်ဟု ဆိုသည်။
မမေစပယ်ဖြူသည် ကချင်ပြည် နယ်စစ်ပွဲများအတွက် ဆန္ဒပြပွဲတစ်ခုကို ဦး ဆောင်ခဲ့သူဖြစ်ပြီး လွန်ခဲ့သောစက်တင်ဘာ လတွင် ဆန္ဒပြထုတ်ဖော်မှုဆိုင်ရာ ဥပဒေ များဖြင့် အရေးယူခြင်း ခံခဲ့ရသည်။ မမေစပယ်ဖြူက ၄င်းတို့အနေဖြင့် တရားဥပဒေ ကို လေးစားသော်လည်း တစ်ခါတစ်ရံထုတ် ပြန်သော ဥပဒေပြဋ္ဌာန်းချက်များမှာ ရှုပ်ထွေး ပြီး နားလည်ရခက်သည်ဟုဆိုသည်။
မမေစပယ်ဖြူက ယင်းသို့ ပြဋ္ဌာန်း ဥပဒေများကို နားလည်ရန်ခက်ခဲသော ရှုပ်ထွေးသည့်အခြေအနေ များကြောင့် ဖမ်းဆီး ခံရသူများ ပိုမိုများပြားလာခြင်း ဖြစ်သည်ဟု ဆိုသည်။
Yangon Media Group
No comments:
Post a Comment