Saturday, July 05, 2014

တောင်ကိုရီးယားနှင့် နယ်စပ်အနီးတွင် ဘက်စုံပူးပေါင်း စစ်ရေးလေ့ကျင့်မှုကြီးတစ်ခု မြောက်ကိုရီးယားပြုလုပ်


မြောက်ကိုရီးယား စစ်တပ်၏ ဘက်စုံပူးပေါင်း စစ်ရေးလေ့ကျင့်မှုကြီး တစ်ခုကို စောင့်ကြည့်ခဲ့ပြီးနောက် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက မိမိတို့၏ နယ်ခြားဒေသများကို ထိပါးလာသည့် ရန်သူတိုင်း အတွက် ခါးခါးသီးသီး နောင်တရသွားစေမည်ဟု တောင်ကိုရီးယားကို ရည်ရွယ်ခြိမ်းခြောက်လိုက် သည်။

မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက စစ်တပ်သည် နယ်ခြားဒေသ ရေပြင်အနီးရှိ ကျွန်းတစ်ခုတွင် ပစ်မှတ်တုများကို အသုံးပြုပြီး ကြီးမားသည့် ဘက်စုံပူးပေါင်း စစ်ဆင်ရေးတစ်ခုကို လေ့ကျင့်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ တောင်ကိုရီးယားသို့ တရုတ်သမ္မတ အလည်အပတ် ရောက်ရှိနေစဉ် အတောအတွင်း မြောက်ကိုရီးယားက အားကောင်းသည့် စစ်ရေး လေ့ကျင့်မှု တစ်ခုကို အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။

“စစ်ရေးလေ့ကျင့်မှုမှာ မြေပြင်တပ်သားတွေ၊ လက်နက်ကြီး တပ်ဖွဲ့တွေ၊ ရေငုပ်သင်္ဘောတွေ အပါအဝင် တိုက်ရေယာဉ်တွေ ပူးပေါင်းလေ့ကျင့်ခဲ့ပါတယ်။ တိုက်လေယာဉ်တွေ၊ ဗုံးကြဲလေယာဉ်တွေနဲ့ သယ်ယူပို့ဆောင်ရေး လေယာဉ်တွေ အုပ်စုဖွဲ့ ပျံသန်းမှု အစီအစဉ်တွေလည်း ပါဝင်ခဲ့တယ်”ဟု KCNAက ဖော်ပြခဲ့သည်။

ခေါင်းဆောင်ကြီးကင်မ်သည် မြောက်ကိုရီးယား၏ အောင်မြင်သော စစ်ရေးလေ့ကျင့်မှုကို စောင့်ကြည့်ခဲ့ပြီး ပစ်မှတ်တုများကို တိကျစွာ ချေမှုန်းနိုင်သည့် တိုက်ခိုက်မှုများအတွက် ကျေနပ်ခဲ့ကြောင်း၊ နိုင်ငံ၏ ခေတ်မီစစ်လက်နက်များ အချိတ်အဆက်မိမိ ပူးပေါင်းလေ့ကျင့်မှုကို အသိအမှတ် ပြုခဲ့ကြောင်းလည်း KCNAက ဆိုသည်။

ဇူလိုင်(၄)ရက်က ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုတွင် ကင်မ်က နယ်စပ်ဒေသ ရေပြင်တွင် မှားယွင်းသော အပြုအမူမျိုးဖြင့် ကျူးကျော်ရန်စလာသော ရန်သူတိုင်းသည် ၎င်းတို့၏ လုပ်ဆောင်မှုအတွက် ခါးသီးသော နောင်တကို ရရှိလိမ့်မည်ဟု ပြောကြားခဲ့ကြောင်းလည်း KCNAက ဖော်ပြသွားသည်။

Channel News Asia
7Day News Journal

No comments:

Post a Comment

My Blog List