Thursday, July 03, 2014

တိုက်ကြီးမြို့နယ် ဥက္ကံတွင် ၀က်အများအပြားသေဆုံးခဲ့သည့် အကြောင်းရင်းနှင့် ရောဂါအဖြေမှန် မထွက်ရှိသေး


ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ ဥက္ကံတွင် ဝက်အများအပြားသေ ဆုံးခဲ့သည့် အကြောင်းရင်းနှင့် ရောဂါအဖြေမှန် မထွက်ရှိသေးကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

ဇွန်လအတွင်းက ဝက်သေဆုံးမှုများ ထောင်ဂဏန်းရှိခဲ့သည့် ဥက္ကံမြို့နယ်၌ လက်ရှိတွင်ဝက်မွေးမြူရေးခြံ များတွင် ပိုးသတ်ဆေးများ ဖျန်းခြင်း၊ ကာကွယ်ဆေးထိုးပေးခြင်းနှင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိနေကြောင်းနှင့် ယင်းကဲ့သို့ဖြစ်ပွားရသည့်အကြောင်း ရင်းကိုမူ အတိအကျမသိ ရသေးကြောင်း သိရသည်။

“ဝက်တွေက အခုလမှ သေတာမဟုတ်ဘူး။ အရင်လတွေကလည်း သေနေတာပေါ့။ ဒါပေမဲ့ ဒေသခံတွေ အနေနဲ့က အကြောင်းမကြားဘူး။ အခုလို သေဆုံးမှုတွေ များလာမှ မြို့နယ်မွေး/ကုက သိရတယ်။ ပြီးတော့ ဝက်တွေက အများကြီးသေပေမယ့် ဓာတ်ခွဲခန်းကိုကျတော့ တစ်ကောင်ပဲ လာပို့တယ်။ အဲဒီတစ်ကောင်မှာ တွေ့ရတဲ့ရောဂါကလည်း အခြားသေတဲ့ ဝက်တွေရဲ့ရောဂါနဲ့ တူပါတယ်လို့ ကိုယ်စားပြုပြောလို့မရဘူး။ ပြီးရင် အခုလက်ရှိမှာ ဝက်တွေသေရတာတွေက ရောဂါတစ်ခုတည်းကြောင့်မဟုတ်ဘဲနဲ့ အခြားရောဂါတွေ နဲ့ပါ တွဲဖက်ဖြစ်ပွားနေတတ်တဲ့အတွက် ရောဂါတစ်ခုတည်း ဖြစ်ပါတယ်ဆိုတာကိုရော၊ ဘာရောဂါဖြစ်နေပါ တယ်ဆိုတာရော အတိအကျ မပြောနိုင်သေးဘူး”ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး က ဆိုသည်။

၂ဝ၁၃ ခုနှစ်အတွင်းမှစတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပုံမှန်မဟုတ်သည့် ဝက်သေဆုံးမှုများ များပြားနေပြီး တိုင်းနှင့်ပြည်နယ်အချို့တွင် ဝက်သေဆုံးမှုအား လေ့လာရာတွင် ရောဂါတစ်မျိုးတည်းကြောင့် သေဆုံးခြင်းမျိုးမဟုတ်ဘဲ  အခြားအကြောင်းရင်းများစွာ ရှိနေကြောင်းနှင့် ၂ဝ၁၃ ဒီဇင်ဘာလတွင် ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်း ဝက်အများအပြားသေဆုံးခဲ့ပြီး စစ်ဆေးမှုရလဒ်များ အရ ရောဂါတစ်ခုတည်းမဟုတ်ဘဲ အခြားရောဂါများပါ ပူးတွဲဖြစ်ပွားသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

ဝက်သေဆုံးမှုဖြစ်စဉ်များတွင် လေ့လာချက်များအရ ဝက်နားရွက်ပြာရောဂါ၊ ဝက်ဝမ်းကျရောဂါနှင့် ဝက်သန်ကောင်ရောဂါတို့ကြောင့် သေဆုံးမှုမှာ အများဆုံးဖြစ်နေကြောင်း နှင့် အချို့ဒေသများတွင် ပုံမှန်မဟုတ်သည့် ဝက်သေဆုံးမှုများ ရှိနေသော်လည်း ဝက်ပိုင်ရှင်များအနေဖြင့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတ အားနည်းမှု၊ သက်ဆိုင်ရာသို့ သတင်းပေးပို့မှု အားနည်းခြင်း၊ ဝက်များအား စည်းကမ်းမဲ့ လွှတ်ကျောင်းမွေးမြူခြင်း၊ ပုံမှန်ကာကွယ်ဆေးထိုးနှံမှုများ မရှိခြင်းတို့ကြောင့် ရောဂါဖြစ်ပွားကာ ဝက်သေဆုံး သည့်နေရာနှင့် အနီးတစ်ဝိုက်မြို့နယ်များအထိ ရောဂါကူးစက်ပျံ့နှံ့ မှုများ ရှိခဲ့ပြီး ဝက်သေဆုံးမှုမှာလည်း များပြားခဲ့ကြောင်း သိရသည်။  

Eleven Media Group

No comments:

Post a Comment

My Blog List