မုံရွာခရိုင်အတွင်း ပြန်လည်စွန့်လွှတ်သည့် စိုက်ပျိုးမြေ ဧက ၄၄၀ ကျော်ကို မူလပိုင်ရှင် တောင်သူ ၉၉ ဦးအား ဇွန်လ ၂၉ ရက်က မုံရွာခရိုင်၊ အရာတော် မြို့၊ အခြေခံပညာအထက်တန်း ကျောင်းတွင် ပြန်လည်ပေးအပ်ခဲ့ ကြောင်း သတင်းရ ရှိသည်။
‘‘ပေးအပ်ရန် ကျန်ရှိတဲ့ စွန့် လွှတ်မြေများကိုလည်း အမြန်ဆုံး ပေးအပ်နိုင်ရေး စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့နဲ့ မြေအ သုံးချမှု စီမံခန့်ခွဲရေးကော်မတီ က အဆင့်ဆင့်ကြိုးစားဆောင် ရွက်လျက်ရှိပါတယ်’’ဟု စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး ချုပ် ဦးသာအေးက ပြောကြားခဲ့သည်။ မုံရွာခရိုင်အတွင်း အရာ တော်မြို့နယ်နဲ့ ဘုတလင်မြို့ နယ်တို့အတွင်း တပ်ရင်းတပ်ဖွဲ့များမှ ပြန်လည်စွန့်လွှတ်သည့် မြေဧက ၄၄၀ ဒသမ ၉၃ ဧကကို တောင်သူ ၉၉ ဦးအား ယာယီလုပ် ကိုင်ခွင့်လက်မှတ်ပုံစံ (၃)ပေးအပ် ခဲ့ခြင်းဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ပြန်လည်စွန့်လွှတ်ပေး အပ်သည့် ဧရိယာပေါင်း ဧက ငါးသောင်းနီးပါးရှိသည့်အနက် စိုက်ပျိုးမြေ ၁၇,၈၇၂ ဧကကို သက်ဆိုင်ရာ တောင်သူနှစ်ထောင် ကျော်အား ယာယီလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၃)ပေး
အပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
7Day News Journal
No comments:
Post a Comment