မိချောင်းကန်အပိုင်း ၁၊၂၊၃ မြေယာများအား အစိုးရမှသိမ်းယူခဲ့သောကြောင့် သပိတ်စခန်းဖွင့်ဆန္ဒပြတောင်း ဆိုခဲ့ရာ ယနေ့တွင်ရက်(၁၀၀)ပြည့်သွားဖြစ်သော်လည်း ပြေလည်မှု မရရှိသေးသောကြောင့် အဆိုပါ သပိတ်စခန်းတွင် ယနေ့နေ့လယ်ပိုင်းက ရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့သည်။
“အန်တီတို့မှာ အခုစားသောက်ဖို့အတွက် ဒုက္ခရောက်နေပြီ။ ဒုတိယအကြိမ်သပိတ်စခန်းဖွင့်ခဲ့တုန်းက ဆီတတ်နိုင်တဲ့လူက ဆီလှူ၊ဆန်တတ်နိုင်တဲ့လူက ဆန်လှူခဲ့တယ်။ဒါလေးတွေနဲ့ပဲ စားသောက်လာခဲ့တာ အခုတတိယအကြိမ်သပိတ်စခန်းဖွင့်ပြီးတော့ ရက်(၁၀၀)ပြည့်တဲ့အချိန်မှာ စားစရာမရှိတော့ဘူး။ဒါကြောင့် အန်တီတို့ဈေးထဲမှာ သွားရောက်တောင်းခံစားသောက်နေရတယ်။အရင် အလုပ်လုပ်နေတဲ့ လူတွေကိုလည်း အလုပ်ရှင်တွေက အလုပ်ထုတ်လိုက်ကျတယ်လေ။
အခု အန်တီတို့မှာ သန့်စင်ခန်းသွားရင်(၂၀၀)ပေးရတယ်ဒီ(၂၀၀)လေးတောင်ပေးစရာမရှိလို့ ခရေပန်း ကောက်ရောင်းပြီးတော့ သန့်စင်ခန်းသွားနေရတယ်။ဒီနေ့ ရက်(၁၀၀)ပြည့်ပြီး အစိုးရဘက်က တစ်စုံ တစ်ရာဖြေရှင်းပေးခြင်းမရှိဘူး”ဟု မိချောင်းကန်သပိတ်စခန်းမှဒေါ်မီမီလေးကပြောသည်။
“အဘွားတို့မှာ အခုစားသောက်ဖို့ အခက်အခဲကြုံနေသလို ကျန်းမာရေးလည်း ထိခိုက်လာပြီး အဘွားမှာ ဆီးချို၊သွေးတိုး၊နှလုံးရောဂါ၊ဒီရောဂါတွေက ပိုဆိုးလာတယ်။ဒီကြားထဲမှာ စားရေး သောက်ရေးကလည်း အခက်ကြုံလာပြီးဘယ်သူမှကူညီမယ့်သူမလာဘူး။ ဒါကြောင့် အဘွားတို့ကိုကူညီပေးကျပါ အဘွားတို့ မြေလည်းမရှိတော့ဘူး ဒီလိုအဖြစ်မျိုးကိုကြုံတွေ့ ခံစားနေရတော့ အဘွားကို အဘွားဝမ်းနည်းတယ်။ အဘွား တစ်ခုပဲ တောင်းဆိုချင်ပါတယ်။
အဘွားတို့ပိုင်တဲ့ အိမ်ယာလေးကို ပြန်ပေးပါ”ဟု မိချောင်းကန် သပိတ်စခန်းမှ ဒေါ်ခင်လေးနိုင်ကထပ် မံပြောကြားခဲ့သည်။
မိချောင်းကန်သပိတ်စခန်းအား မတ်လတွင် စတင်သပိတ်စခန်းဖွင့်ခဲ့ပြီး ယနေ့ဇူလိုင် ၁ရက်တွင် မိချောင်းကန်သ ပိတ်စခန်း ရက်(၁၀၀)ပြည့်ခဲ့သော်လည်း အစိုးရအဖွဲ့အစည်းများအနေနဲပ တစ်စုံတစ်ရာ ဖြေရှင်းဆောင်ရွက်မှုမရှိကြောင်းသိရသည်။
ယင်းနောက် မိချောင်းကန်သပိတ်စခန်းဖွင့်ဆန္ဒတောင်းဆိုခြင်း ရက်(၁၀၀)ပြည့်အနေနဲ့ ကျောက်တံတား မြို့နယ်၊မဟာဗန္တုလပန်းခြံဘေးရှိ သပိတ်စခန်းတွင် ဇူလိုင် ၁ရက်နေ့က ရက်(၁၀၀)ပြည့်အဖြစ် ဘုန်းကြီး ဆွမ်းကပ်ခဲ့သလိုရှင်းလင်းပွဲတစ်ခုကိုလည်း ပြုလုပ်ခဲ့သည်။
ပြီးခဲ့သည့် ဧပြီ ၁ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ရဲမှူးကြီးတင်ဝင်း ကမိချောင်းကန်သပိတ်စခန်း ခေါင်းဆောင်များနှင့် ရန်ကုန်မြို့ မြို့တော်ခန်းမတွင် တွေ့ဆုံညှိနှိုင်းခဲ့သော် လည်းတစ်စုံတရာ ပြေလည်မှု မရရှိခဲ့ပေ။
ချစ်မင်းထွန်း
The Myanmar Age
No comments:
Post a Comment