Wednesday, July 02, 2014

တရုတ်နိုင်ငံတွင် မတရားဖမ်းဆီးခံရသူများအား တရုတ်ရဲတပ်ဖွဲ့ကပြန်လွှတ်ပေး



တရုတ်နိုင်ငံအတွင်း အဖမ်းခံရသူများအား တရုတ်ရဲတပ်ဖွဲ့က တရုတ်- မြန်မာနယ်စပ် ကုန်သွယ် ရေးမြို့ ဖြစ်သော ဂျယ်ဂေါင်မြို့နန်းတော်ပေါက်(အလယ်ပေါက်)မှတဆင့် မူစယ်ခရိုင်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းလွှတ် ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

တရုတ်ရဲတပ်ဖွဲ့မှ လွှတ်ပေးခဲ့သူမှာ ၁၅ ယောက်ခန့်ရှိကြောင်း၊သို့သော် နမ့်ခမ်းမြို့ခံတစ်ဦးမျှမပါ ၀င်ကြောင်း ကိုယ်တိုင် မြင် တွေ့ရသူ နမ့်ခမ်းမြို့ဒေသခံ စိုင်းအိုက်သန်း ကဆိုသည်။ 

“မနေ့က ညနေ ၄:၁၅ နာရီမှာ တရုတ်ရဲတွေကနေ ဂျယ်ဂေါင်နန်းတော်ပေါက် ကနေ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကို လွှဲပေး တယ်၊ ကျနော်တို့ နမ့်ခမ်းဘက်ကလူတော့ တစ်ယောက်မှပါမလာဘူး ၊ ဗမာလူမျိုးများတယ်၊ ကျနော်ဖုန်းနဲ့ ဓါတ်ပုံ ရိုက်နေတဲ့ အချိန်မှာလဲ တရုတ်ရဲတစ်ယောက်က ဓါတ်ပုံမရိုက်ဖို့ တရုတ်ဘာသာ စကားနဲ့ ကျနော့်ကို တားမြစ်ဆဲဆိုကြိမ်း မောင်းသေးတယ် ” ဟု ၄င်းက ပြောသည်။

တရုတ်နိုင်ငံ၌ မတရားဖမ်းဆီးခံရသူများမှာ နမ့်ခမ်းမြို့ဒေသခံ အယောက် ၃၀ ထက်မနဲ ရှိကြောင်း ၊ ယခု တရုတ်ဘက်က လွှတ်ပေးမှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ် (ဧပြီလလောက်က) လွှတ်ပေးမှုမှာ နမ့်ခမ်းမြို့ ဒေသခံ ၅ ဦးခန့်သာ လွှတ်မြောက်လာကြောင်း နမ့်ခမ်းမြို့ (SNLD) ကျားခေါင်းပါတီ အလုပ် အမှုဆောင်တစ်ဦးက ဆို သည်။

“ လွန်ခဲ့တဲ့ ၂ လ လောက်က တစ်ကြိမ်ပြန်လွှတ်ပေးတယ် ၊ပြန်လွှတ်လာတဲ့ လူတွေထဲ တချိုက တရုတ် ထောင်ထဲမှာ နေတုန်းက နေ့တိုင်းအရိုက်ခံရလို့ အခု စိတ်ရောဂါဝေဒနာ ခံစားနေရတယ် လို့ ကျနော် တို့ကြားတယ် ၊ ဒါပေမဲ့ပြန် လည် လွှတ်မြောက်လာသူတွေရဲ့ နာမည်စာရင်းတိတိကျကျတော့ ကျနော် တို့ရုံးမှာ မရောက်လာသေးဘူး ” ဟု ၄င်းကဆိုသည်။

ပြန်လည်လွှတ်မြောက်ခြင်းမရှိသေးသည့် အဖမ်းခံရ နမ့်ခမ်းမြို့ခံများ၏ အမည်စာရင်း၊ နေရပ် လိပ်စာ အပြည့်အစုံကို မြို့နယ်အုပ်ချုပ်ရေးရုံးထံ အမြန်ဆုံးပို့ပေးကြစေရန် သျှမ်းပြည်ဝန်ကြီးချုပ်မှ မိန့်မှာ ထားကြောင်း ယမန်နေ့က မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၌ပြုလုပ်သော အစည်းအဝေးမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက ပြောဆိုလိုက်ကြောင်း အုပ်ချုပ် ရေးအထောက်အကူပြုအဖွဲ့ဝင် ဦးစိုင်းအောင်ဝင်း ကပြော ပါသည်။ 

Panglong(Burmese)

No comments:

Post a Comment

My Blog List