Wednesday, July 02, 2014

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အသစ် လုပ်ရပ်များအား ရခိုင်ဒေသခံများ စောင့်ကြည့်မည်ဟုဆို


ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်အဆိုတင်သွင်းခံရသော ဗိုလ်ချုပ် မောင်မောင်အုန်းသည် ရခိုင်တိုင်းရင်းသား များ၏ အကျိုးစီးပွားကို အသက်နှင့်လဲပြီး ကာကွယ်မည်ဟူသော စကားအပေါ် စောင့်ကြည့်သွားမည်ဟု ရခိုင်ပြည်နယ်ရှိ ဒေသခံများကဆိုသည်။

ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် အဆိုတင်သွင်းခြင်း ခံရသော ဗိုလ်ချုပ် မောင်မောင်အုန်းသည် ရခိုင် တိုင်းရင်းသားများ၏ အကျိုးစီးပွားကို အသက်နှင့်လဲပြီး ကာကွယ်သွားမည်ဟု ဇွန် ၂၄ ရက်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး ပြည်နယ်လွှတ်တော်တွင် ကျင်းပသည့် အရေးပေါ် အစည်းအဝေးတွင် ပြောကြားသည့် အပေါ် ရခိုင် ပြည်နယ် ဒေသခံများမှ အပြောနှင့် အလုပ် ညီမညီကို စောင့်ကြည့်မည်ဟု သိရသည်။

“အပြောနှင့် အလုပ်ညီဖို့ လိုပါတယ်။ အခုချိန်မှာ ကျွန်တော်တို့ ရခိုင်ဒေသခံတွေက ယခင်က ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်ရဲ့ နေရာမှာ ဗိုလ်ချုပ် မောင်မောင်အုန်းကို အစားထိုးတာနဲ့ ပတ်သက်ပြီး မကျေနပ်ကြဘူး။ ရခိုင်ဝန်ကြီးချုပ် နေရာမှာ ရခိုင်လူမျိုးတွေက ရခိုင်လူမျိုးပဲ ထားချင်ကြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရခိုင်အမျိုးသားတွေရဲ့ အရေးကို ရခိုင်လူမျိုးက ပိုပြီးတော့ နားလည်မှာပါ။ ဒါ့ကြောင့် ရခိုင် လူမျိုးတွေရဲ့ ဆန္ဒအရ ရခိုင်ဝန်ကြီးချုပ် နေရာကို ရခိုင်လူမျိုး မရတဲ့အတွက် ဗိုလ်ချုပ် မောင်မောင်အုန်း ပြောတဲ့ စကားအရ ဟုတ်မဟုတ်ကို သူဝန်ကြီးချုပ် ဖြစ်လာတဲ့ အချိန်ကျရင် အချိန်အတိုင်းအတာ တစ်ခုထိ စောင့်ကြည့်သွားမှာပါ”ဟု ရခိုင်ပြည်နယ်မှ ဒေသခံ ကိုသန်းထွန်းသန်းက ပြောသည်။

အခုလက်ရှိ အနေဖြင့် ဇွန် ၁၉ရက်တွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်အား ၀န်ကြီးချုပ် ရာထူးမှ နှုတ်ထွက်ခွင့် ပေးလိုက်ကာ ၄င်းနေရာတွင် ရခိုင်လူမျိုး မဟုတ်သည့် ဗိုလ်ချုပ် မောင်မောင်အုန်းအား အစားထိုး ခန့်အပ်လိုက်ကြောင်းနှင့် ယင်းသို့ ဆောင်ရွက်ခြင်းအပေါ် ဒေသခံ ရခိုင်တိုင်းရင်းသားများ အနေဖြင့် ကျေနပ်မှု မရှိကြကြောင်း သိရသည်။

Tomorrow 

No comments:

Post a Comment

My Blog List