Friday, July 04, 2014

သရဖူသိမ်းမည့်ကိစ္စနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲလုပ်ကာ ဖြေရှင်းမည်ဟု မေမြတ်နိုးဆို


ပွဲဆူနေသော အာရှပစိဖိတ်အလှမယ် သရဖူသိမ်းခြင်း၊ မသိမ်းခြင်းကိစ္စနှင့်ပတ်သက်၍ လတ်တလော မည့်သည်မှတ်ချက်မျှမပေးလိုဘဲ ဘန်ကောက်သို့ ကြော်ငြာရိုက်ကူးပြီး ပြန်လာမှသာ သတင်းစာရှင်းလင်း ပွဲပြုလုပ်ကာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း မေမြတ်နိုးကပြောသည်။

‘‘လောလောဆယ်တီချယ် လှနုထွန်းတို့ သတင်းစာထဲမှာ ထည့်ထားတဲ့ကိစ္စတွေအကုန်လုံး  က စွပ်စွဲထား တာတွေပါလို့။ တစ် ခုမှ မမှန်ပါဘူးလို့ ပြောချင်ပါတယ်။ လောလောဆယ်တော့ ဘန်ကောက်မှာ ကြော်ငြာ သွား ရိုက်မှာနဲ့ အလုပ်နည်းနည်းရှုပ် နေပါတယ်။ သတင်းစာရှင်းလင်းပွဲက နောက်မှ လုပ်ပါမယ်’’ ဟု မေမြတ်နိုးကပြောသည်။

ဘန်ကောက်တွင် ကြော်ငြာ ရိုက်ကူးရန် ဇူလိုင် ၆ ရက်၌ သွားရောက်မည်ဖြစ်ပြီး အခြား သော အလုပ်ကိစ္စအချို့ကိုလည်း လုပ်ဆောင်ရန်ရှိကြောင်း မေမြတ်နိုးကပြောသည်။

Miss Asia Pacific World Organization မှ မေမြတ်နိုးအား သရဖူသိမ်းရန် အကြောင်းကြား ထားသော်လည်း မလှနုထွန်းတို့ ဘက်မှ ပြန်လည်တောင်းပန်ထား ၍ လတ်တလောတွင် သရဖူကို ရုပ်သိမ်းမည်မဟုတ်သေးကြောင်း Natinnal Director မလှနုထွန်းက ပြောသည်။

‘‘ဂျာနယ်လစ်တွေဆီကပဲ ကွန်ပလိမ်းတွေတက်တယ်။ သူ တို့ချိတ်ပေးထားတဲ့ ကုမ္ပဏီတွေ ကလည်း အကုန်ကွန်ပလိမ်းတက် တယ်ရှင့်။ မဂ္ဂဇင်းကာဗာရိုက်တဲ့ အချိန်မှာ ပိုက်ဆံတောင်းတယ်။ ပိုက်ဆံမရရင်မလုပ်ပေးနိုင်ဘူးလို့ လုပ်တာပေါ့နော်။ ဒီလိုဆိုတော့  လှနုဆိုလည်း ရှက်တယ်ရှင့်၊ ရှက် တော့ ဟိုလိုက်တောင်းပန်၊ ဒီ လိုက်တောင်းပန်နဲ့ဖြစ်နေတယ်’’ ဟု မလှနုထွန်းကပြောသည်။

မေမြတ်နိုး၏ အနုပညာအ လုပ်များနှင့် ပတ်သက်၍ လုပ်ပိုင် ခွင့်များကို မလှနုထွန်းတို့က မစီမံ တော့ဘဲ မေမြတ်နိုး၏  မိခင်  တောင်းဆိုမှုကြောင့် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ထို့အပြင် မေမြတ်နိုးသည် Organizationမှ တာဝန်ရှိသူများကို ရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံခြင်း၊ အလုပ်ကိစ္စများတွင် အချိန်မလေးစားခြင်းများ ရှိခဲ့သည်ဟု မလှနုထွန်းက ဆို သည်။

ယင်းအချက်များကြောင့် တောင်ကိုရီးယားရှိ Miss Asia World Organization က သရဖူ သိမ်းရန် ပြောဆိုလာခြင်းဖြစ် သည်။

မေမြတ်နိုး၏ အနုပညာ ကြေးထဲမှ  ၃၀ ရာခိုင်နှုန်းကို မလှနုထံပေးရန် နှုတ်ကတိပေး ထားသော်လည်း လက်ရှိတွင် ကျပ်သုံးသိန်းခွဲသာ သူမဆီက ရယူဖူး ကြောင်း၊ ကျေးဇူးသိတတ်လာရင် ပေးလိမ့်မည်ဟု မှတ်ယူထား ကြောင်း မလှနုထွန်းက ပြော သည်။

‘‘အခုဟာက လူတွေ ထင် နေတာ လှနု ၃၀ ရာခိုင်နှုန်းမရလို့ ကလေးကိုပြောနေ တယ်လို့ထင် နေတာ။ အဲဒီလိုမဟုတ်ဘူး။ အစ်မသရဖူကို Save လုပ်ပေးနေတာ ပါ’’ဟု လှနုထွန်းကပြောသည်။

မေမြတ်နိုးသည် မကြာသေးမီက မြန်မာနိုင်ငံအတွက် နိုင်ငံတကာအလှမယ် ပထမဆုံးသရဖူကို ပူပူနွေးနွေး ရရှိထားပြီး မကြာမီတွင် ထိုကဲ့သို့ကိစ္စ များဖြစ်ပေါ်ခဲ့ ခြင်းဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List