ထိုင်းနိုင်ငံရောက် မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ အလုပ်သ မားရေးရာ အချက်အလက်တွေ ဆက်သွယ်မေးမြန်းနိုင်ဖို့ အရေးပေါ်ဖုန်းလိုင်းတခု ဖွင့်လှစ်သွားမယ်လို့ ထိုင်းအလုပ်သမား ရှာဖွေခန့်ထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး နိုင်းဆုမစ် မဟိုဆွတ်က ပြောကြောင်း မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။
ဆက်သွယ်ရမယ့် ဖုန်းနံပါတ်က ၁၆၉၄ ဖြစ်ပြီး ထိုင်း၊ မြန်မာနဲ့ ကမ္ဘောဒီးယား ဘာသာ ၃ မျိုးနဲ့ လက်ခံ ဖြေကြားပေး မှာဖြစ်ကြောင်း၊ လာအိုနိုင်ငံ သားတွေအတွက်တော့ သူတို့သုံးတဲ့ ဘာသာစကားက ထိုင်းဘာသာနဲ့ ဆင်တူတဲ့အတွက် သီးသန့်ထားရှိမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
အချိန်ကိုတော့ မနက် ၆ နာရီကနေ ၉ နာရီထိ တကြိမ်နဲ့ ညနေ ၄ နာရီကနေ ၁၀ နာရီထိ တနေ့ ၂ ချိန် ဖွင့်လှစ်ထားမှာဖြစ်ကြောင်း၊ ဒါကတော့ အလုပ်သမားတွေအတွက် ဆက်သွယ် မေးမြန်းရတာ အဆင်ပြေအောင် အများစု အလုပ်နားချိန်နဲ့ တိုက်ပြီး ဖွင့်လှစ်ပေးကာ ဒီအစီအစဉ်ကို ၂၀၁၄ ဇူလိုင် ၄ ရက်နေ့မှာ စတင်သွားမယ်လို့ ညွှန်ကြားရေးမှူးက ပြောပါတယ်။
ဒါဟာ ထိုင်းနိုင်ငံအနေနဲ့ နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားအရေးကို တရားမျှတစွာနဲ့ အလေးထား ဆောင်ရွက်နေကြောင်း အမေရိကန်နဲ့တကွ တခြားနိုင်ငံတွေပါ သိရှိအောင် ပြသလိုက်တာလို့ ညွှန်ကြားရေး မှူးက ဆိုပါတယ်။
DVB
No comments:
Post a Comment