Wednesday, July 02, 2014

"ပြည်ပကြော်ငြာ ရိုက်ကူးရေး ဖျက်လိုက်ရသူ ခင်ဝင့်ဝါ"


ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးတဲ့ “အိုလင်းတစ္ဆေ” ဇာတ်ကားမှာ နေတိုးနဲ့ သရုပ်ဆောင်တဲ့ ခင်ဝင့်ဝါက ဒီဇာတ်ကားမှာ အိုလင်း ဆိုတဲ့ ကောင် မလေး နေရာက သရုပ်ဆောင်ထားပြီး ရိုမန့်ဟာသ ဇာတ်လမ်းဖြစ် ကြောင်း သိရပါတယ်။

ရန်ကုန်တက္ကသိုလ်ထဲမှာ ကျောင်းသား ဇာတ်ဝင်ခန်းတွေ ရိုက်မှာ ဖြစ်တဲ့ အတွက် မြန်မာဝတ်စုံတွေ စီစဉ်ထားသလို ဇာတ်ရုပ်နဲ့ လိုက်ဖက်မှုရှိအောင် မရိုက်ခင်ကတည်းက ကြိုတင် ပြင်ဆင်ထားကြောင်း ခင်ဝင့်ဝါက ပြောပါတယ်။ ဒီဇာတ်ကားက ရာသီဥတုအခြေအနေတွေကြောင့် သတ်မှတ်ထားတဲ့ရက်ထက် ရိုက်ရက်ကျော်သွားခဲ့ပြီး ခင်ဝင့်ဝါရဲ့ ထိုင်းမှာသွားရိုက်ရမယ့် ကြော်ငြာ ရိုက်ကူးရေးကိုလည်း ဖျက်လိုက် ရကြောင်း သိရပါတယ်။ 

ဒီအကြောင်းကို ဒါရိုက်တာ ညိုမင်းလွင် က အောင်မြင်မှုရခါစ သရုပ်ဆောင်သစ် တစ်ယောက်အနေနဲ့ ခင်ဝင့်ဝါရဲ့ ရုပ်ရှင်အပေါ်မှာထားတဲ့ တန်ဖိုးကို လေးစားစွာ အသိအမှတ်ပြုကြောင်း သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာပေါ်မှာ ရေးထားတာ တွေ့ရတာကြောင့် ပြည်ပကြော်ငြာ ရိုက်ကူးရေး ဖျက်လိုက်ရပုံကို ခင်ဝင့်ဝါ ကို မေး ကြည့်တော့ …

“ဒီကိစ္စက ဘယ်သူ့ကိုမှလည်း အပြစ်တင်လို့ မရဘူး။ ရာသီဥတု အခက် အခဲတွေရော ၊ ကိုယ့် လိုအပ်ချက် လည်းရှိတယ်။ ကိုညိုက အခုလိုပြောတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ညီမကလည်း ကိုယ်လုပ် တဲ့အလုပ်တစ်ခုကို ပြီးမြောက် ပြီးတော့မှ ဒီဘက် အလုပ်စိတ်ချလက်ချဖြစ်မှ ဟိုဘက်အလုပ်ကို စိတ်ချမ်း ချမ်းသာသာနဲ့ အကောင်းဆုံး လုပ်နိုင်မှာလေ။ ဒီဘက် မပြီးပြတ်သေးဘဲနဲ့ ဟိုဘက်လည်းမသွားချင်ဘူး။ ဒီဘက်မှာ အကောင်းဆုံး လုပ်ပြီးတော့မှ ဟိုဘက်အလုပ်ကို ရွှေ့ လိုက်လို့ ရရင် ရွှေ့လို့ရ၊ ရွှေ့လို့ မရတော့ လည်း cancel လုပ်လိုက်ရတာပါ”လို့ ပြောပါတယ်။ 

ခင်ဝင့်ဝါက ဒီ ဇာတ်ကားပြီးရင် ရွှေစင်ဦး ထုတ်လုပ်ရေး နဲ့ ရိုက်ကူးဖို့ ရှိပြီး နေတိုး၊ မိုးဟေကို တို့နဲ့ သရုပ် ဆောင်မှာဖြစ်ကြောင်း သိရပါတယ်။ သရုပ်မ ဆောင်တတ်ခင်မှာ ဇာတ်ရုပ်တွေလုပ်နိုင်ပါ့မလားဆိုတဲ့ စိတ်ဖြစ်မိပြီး နောက်ပိုင်း ဇာတ်ကားတွေ ဆက်တိုက် ရိုက်လာတဲ့အခါမှာ အတွေ့ အကြုံတွေရလာကာ လိုအပ်ချက်တွေကို ဖြည့်စွက်ပြီး ပိုအားစိုက်ရကြောင်း၊ ဇာတ်ရုပ်တွေတိုင်းကတော့ စိန်ခေါ်မှုတွေပဲ ဖြစ် ပြီး ပရိသတ်အတွက် အကောင်းဆုံးကြိုးစားသွားမှာဖြစ်ကြောင်း ခင်ဝင့်ဝါက ပြောပါတယ်။

ခိုင်ဝေလွင်
Popular Journal

No comments:

Post a Comment

My Blog List