Wednesday, July 02, 2014

မိကျောင်းကန်သပိတ်စခန်းအား ပြည်ပနိုင်ငံများ၏ထောက်ပံ့မှုမယူပဲ ဆက်လက်ဆန္ဒပြတောင်းဆိုမည်


ကျောက်တံတားမြို့ နယ်၊မဟာဗန္တုလပန်းခြံအရှေ့ ဘက်အပေါက်တွင် သပိတ်စခန်းအဖြစ်ဖွင့်ကာ ဆန္ဒပြ တောင်းဆိုနေသောမိချောင်းကန်သပိတ်စခန်းအား ပြည်ပနိုင်ငံများ၏အထောက်အပံ့များကို မယူပဲဆက် လက်၍ သပိတ်စခန်းဖွင့် တောင်းဆိုသွားမည်ဖြစ်ကြောင်းဇူလိုင် ၁ရက်က ဦးကိုကိုမောင်ကပြောသည်။

“ကျွန်တော်တို့လိုချင်တာ ကျွန်တော်တို့ပိုင်ဆိုင်ခဲ့တဲ့ မိချောင်းကန်မြေ၊ကျွန်တော်တို့ တကယ်ရရှိနေတာက ပုဒ်မတွေ။ မိချောင်းကန်မြေကိုအဓမ္မဖျက်သိမ်းတဲ့အခါမှာမပယ်ပေးလို့ရိုက်ခံရတယ်။ဒါကြောင့် အခု မိချောင်းကန် မြေပြန်ရဖို့တောင်းဆိုတော့ တရားစွဲခံနေရတယ်။မြင်သမျှမြေယာကို တပ်ပိုင်မြေ၊အစိုးရမြေ၊ခရိုနီမြေတွေဖြစ်နေရင် ပြည်သူတွေဘယ်မှာသွားနေရမလဲ။အငတ်ခံရတာ ကြားလာတော့ မခံနိုင်လို့ ဈေးထဲမှာတောင်းရမ်းစားသောက်နေလို့ နိုင်ငံတော်ညှိနွမ်းတယ်ဆိုပြီးတော့ ပြောလာတယ်။

ဒီတော့ ကျွန်တော် လည်းမိချောင်းကန်မြေပြန်ရရှိဖို့အတွက် ပြည်ပနိုင်ငံတွေရဲ့ အထောက်အပံ့ကို မယူပဲ ဆက်လက်ပြီးသပိတ် စခန်းဖွင့်သွားမယ်”ဟုမိချောင်းကန်သပိတ်စခန်းမှ ဦးကိုကိုမောင်ကပြောသည်။

“ကျွန်မအသက်(၇၈)နှစ်ရှိပြီးဒီလောက်ဒုက္ခရောက်တာမျိုးမကြုံဖူးဘူးအခုတော့ စားသောက်စရာမရှိ၊ နေစရာ မရှိတဲ့ ဒုက္ခတွေကို ကြုံတွေ့နေရတယ်။ကျွန်မတို့ပစ္စည်းကိုယူသွားလို့ ပြန်တောင်းတာကို အရိုက် ခံနေရ တယ် အခုထိလည်းဒီဒဏ်ရာတွေ မပျောက်သေးပါဘူးဒါကြောင့် ကျွန်မတို့ မိချောင်းကန်မြေပြန်ရဖို့ သပိတ် စခန်းကိုထပ်ဖွင့်ပြီး ဆန္ဒပြတောင်းဆိုသွားမယ်”ဟုမိချောင်းကန်သပိတ်စခန်းမှ ဒေါ်လှရင်ကထပ် မံပြော ကြားခဲ့သည်။

ယခုဇူလိုင် ၁ရက်နေ့တွင် မိချောင်းကန်သပိတ်စခန်းရက်(၁၀၀)ပြည့်ခဲ့ပြီးဖြစ်ရာသက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများနှင့်မိချောင်းကန်ပြည်သူများညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သောလည်းပြေလည်မှုများရရှိ ခဲ့ခြင်းမရှိသေးသောကြောင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေမှတဆင့် နိုင်ငံတော်အကြီးအကဲများထံသို့ ၎င်းတို့၏ စာရွက်စာတမ်းအထောက်အထားများကိုပေးပို့သွားမည်ဖြစ်ကြောင်းရှင်းလင်းပွဲလုပ်၍ သတင်း မီဒီယာများအားရှင်းလင်းပြောကြားခဲ့သည်။

၎င်းမိချောင်းကန်သပိတ်စခန်းမှ ပြည်သူများအားသက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများကလည်း ပုဒ်မ (၆၈)၊ပုဒ်မ(၄၄၇)၊ပုဒ်မ(၁၈၆)တို့ဖြင့် တရားစွဲဆိုထားကြောင်းလည်းသိရသည်။

ချစ်မင်းထွန်း
The Myanmar Age

No comments:

Post a Comment

My Blog List