Monday, June 30, 2014

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် အဆိုပြုခံထားရသူ ဗိုလ်ချုပ်မောင်မောင်အုန်း နှင့် တွေ့ဆုံခြင်း


လစ်လပ်နေသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နေရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဟောင်း ဗိုလ်ချုပ်မောင်မောင်အုန်းကိုခန့်အပ်ရန် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ရခိုင်ပြည်နယ်လွှတ်တော်သို့ ဇွန် ၂၅ ရက်က သဝဏ်လွှာပေးပို့ကာ အဆိုပြုခဲ့သည်။ 

ရခိုင် ပြည်နယ်ဝန်ကြီးချုပ်နေရာတွင် ဗိုလ်ချုပ်မောင်မောင်အုန်းကို ခန့်အပ်မည့်အဆိုနှင့်ပတ်သက် ၍ ဇွန် ၃ဝ ရက်တွင် ဆွေးနွေးသွားမည်ဖြစ်သည်။ 

အဆိုပါ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နေရာ တွင်ခန့်အပ်ရန် နိုင်ငံတော်သမ္မတက အဆိုတင်သွင်းထားသည့် နယ်စပ်ရေးရာဒုတိယဝန်ကြီး ဟောင်း ဗိုလ်ချုပ်မောင်မောင်အုန်းနှင့် သတင်းမီဒီယာများ ဇွန် ၂၆ ရက်က မြန်မာငြိမ်း ချမ်းရေးစင်တာ၌တွေ့ဆုံစဉ် ပြောကြားခဲ့မှုများကို ဖော်ပြပေးလိုက်ပါသည်။

မေး- ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နေရာခန့်အပ်ဖို့ ပြည်နယ်က လွှတ်တော် ကိုယ်စားလှယ်တွေရော ရခိုင်တိုင်းရင်းသားတွေကပါ ကန့်ကွက်မှုတွေလုပ်ချင်ကြတယ်။ အဲဒီအပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ- ရခိုင်တိုင်းရင်းသားတွေစိတ်ထဲမှာ ခံ စားမှုရှိနေတာလည်း အမှန်ပါပဲ။ ကိုယ့်ဒေသကို ဦးဆောင်တဲ့ သူကိုတော့ ကိုယ့်တိုင်းရင်းသား ဖြစ်ချင်ကြတာပေါ့။ ဒါက ပုဂ္ဂလိက ခံစားမှုပါပဲ။ ကျွန်တော့်အနေနဲ့ ပြောနိုင်တာ တော့ ကျွန်တော်က ရခိုင်တိုင်းရင်းသားတော့ မဟုတ်ပါဘူး။ သို့သော် ရခိုင်ပြည်နယ်မှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့တယ်။ ဒုတိယဝန်ကြီးဖြစ်ပြီးတော့လည်း ရခိုင်ရေး ရာကိစ္စတွေကို ထဲထဲဝင်ဝင်လုပ်တယ်။ ရခိုင် ပြည်နယ်တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ မှာလည်း အတွင်းရေးမှူး၊ နောက်ဆုံးဖွဲ့စည်းထားတဲ့ ပြည်ထောင်စုအ ဆင့် အရေးပေါ် ပေါင်းစပ်ရေး စင်တာမှာ ဒုတိယဥက္ကဋ္ဌ တာဝန်ယူထားတယ်။ ဆိုတော့ ရခိုင်ကိစ္စကို ပြောရမယ်ဆိုရင် ရခိုင်လူမျိုး တွေရဲ့ ခံစားမှုတွေ ဆန္ဒတွေအားလုံးကို ရခိုင် သားတစ်ဦးလို နားလည်တယ်။ ပြောရရင် ကျွန်တော်ဟာ ရခိုင်တိုင်းရင်းသား မဟုတ် ပေမယ့် ကျွန်တော့်ခန္ဓာကိုယ်ထဲမှာ ရခိုင် သွေးတွေစီးနေတယ်ဆိုရင် မမှားဘူး။ 

ကျွန်တော့်ရဲ့ မိသားစုအနေနဲ့ပြောရရင် ကျွန်တော့် သားတောင် စစ်တွေမှာမွေးတာ ရခိုင်သား လေးပါပဲ။ ယနေ့ ဆောင်ရွက်တဲ့အခါမှာလည်း ရခိုင်တိုင်းရင်းသားတွေရဲ့ ဆန္ဒ၊ ရခိုင်တိုင်း ရင်းသားတွေရဲ့ အမျိုးသား အကျိုးစီးပွားကို အဓိကထား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဟာ နိုင်ငံတော်မှာ အရေးကြီး တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ကျန်တဲ့အစိုးရ သက်တမ်း တစ်နှစ်ခွဲကာလမှာ ရခိုင်ဒေသ ကြီးမှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို လျှော့ချပြီး တည်ငြိမ်အောင်လုပ်ပြီး ဖွံ့ဖြိုးတိုးတက် အောင်လုပ်မယ်။ 

ရခိုင်ပြည်နယ်ရဲ့ နိမ့်ကျ နေတဲ့ဘဝကို ဆွဲတင်မယ်။ ကျန်တဲ့အစိုးရ သက်တမ်းမှာ လုပ်နိုင်သလောက် လုပ်မယ်။ ကျွန်တော့်အနေနဲ့ ပြောလိုတာကတော့ ၂ဝ၁၅ ရွေးကောက်ပွဲပြီးသွားရင် ဝန်ကြီးချုပ်က ရခိုင် တိုင်းရင်းသားပဲ ဖြစ်ရမှာပေါ့။ ဒါကတော့ဖြစ် ရမယ့်သဘောပဲလေ။ ဒါပေမဲ့ အခုအနေ အထားမှာတော့ တစ်နှစ်ခွဲကာလအတွင်းမှာ လုံခြုံရေးတွေ တည်ငြိမ်ရေးတွေ ဖွံ့ဖြိုး တိုးတက်ရေးစီမံချက်ကိစ္စတွေ ဆောင် ရွက် တဲ့အခါမှာ နိုင်ငံတော်အနေနဲ့ ထဲထဲဝင်ဝင် နိုင်ငံတကာနဲ့ ပေါင်းစည်းလုပ်ဖို့ သင့်တော် မယ့်သူကို ရွေးချယ်တဲ့သဘောလို့ပဲ ပြောချင်ပါတယ်။ ကျွန်တော်က တိုင်းရင်းသား ခေါင်းဆောင်လည်း မဟုတ်ပါဘူး။ ကျွန်တော်က ဝန်ထမ်းတစ်ဦးပါ။ 

ဝန်ထမ်းတစ်ဦး အနေနဲ့ နိုင်ငံတော်ရဲ့ အရေးကြီးတဲ့ကိစ္စတစ်ခုမှာ တိုင်းရင်းသားတွေအတွက် တစ်ထောင့် တစ်နေရာကနေ ကွက်လပ်ဖြည့်တဲ့ သဘောမျိုးပဲ ယူဆစေချင်ပါတယ်။ တစ်နှစ်ခွဲသော ကာလလေးမှာ အစိုးရကိုယ်စား လုပ်ပေးမှာပါ။ ရခိုင်ပြည်နယ်က ရွေးချယ်လိုက်တဲ့ ခေါင်း ဆောင်မဟုတ်ပါဘူး။လာရှုပ်တာ မဟုတ်ပါဘူး။ ရှုပ်နေတာတွေကို ရှင်းပေးဖို့လာတာ ပါ။ ဒီထက်ကျယ်ပြန့်တာတွေကို စဉ်းစားတဲ့အခါကျတော့ ရှုပ်ကုန်တာပေါ့။ ကျွန်တော် က အားလုံးကို နားလည်ပေးပါတယ်။ ရခိုင်တိုင်းရင်းသားတွေရဲ့စိတ်ကိုလည်း နားလည်တယ်။ ပြောနေဆိုနေတာတွေကို စိတ်ထဲမှာ ဘာမှမထားပါဘူး။ ကျွန်တော့်ကို အပြု သဘောနဲ့ ပြောကြတယ်၊ ဆင်ခြင်ရမယ့်ဟာ တွေပြောတယ်၊ အကြံပေးတယ်လို့ပဲ ပြောချင်ပါတယ်။

မေး- ရခိုင်ဝန်ကြီးချုပ် ဖြစ်လာမယ်ဆိုရင် ဘယ်ကိစ္စကို ဦးစားပေး ဆောင်ရွက်သွားမှာပါလဲ။

ဖြေ- ရခိုင်တိုင်းရင်းသားတွေရဲ့ အမျိုးသားအကျိုးစီးပွားဖွံ့ဖြိုးလာအောင် လုပ်မယ်။ နိုင်ငံတကာနဲ့လည်း တွဲလုပ်မယ်။ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးစီမံကိန်း ရေးဆွဲဖို့အတွက် အိုင်အင်န်ဂျီအိုတွေ၊ ရခိုင်တိုင်းရင်း သားတွေ နဲ့ ဆွေးနွေးနေတယ်။ ရခိုင်တိုင်းရင်းသားတွေရဲ့ဆန္ဒ၊ ဘာဖြစ်ချင်တယ်ဆိုတာကို အဓိကဦးစားပေး ဆွေးနွေးနေတယ်။ ပြီးသွားရင် ရလာတဲ့အချက်တွေကို နိုင်ငံတော်နဲ့ ပေါင်း စပ်ပြီးတော့ စီမံကိန်း ရေးဆွဲ မယ်။ ပြီးရင် သမ္မတကြီးဆီကို တင်ပြပြီးတော့ ရေးဆွဲထားတဲ့အတိုင်း ကျန်တဲ့ အစိုးရသက်တမ်း တစ် နှစ်ခွဲ ကာလအတွင်းမှာ ဖိဖိစီးစီး လုပ်သွားမယ်။ နောက်လာမယ့် ဒီဇင်ဘာလဆိုရင် စစ်တွေနဲ့ ပ်ါလွန်ကျွန်း မှာ မီးရတော့မယ်။ ပေါ်လွန်ကျွန်းမှာ စက်မှုဇုန်လုပ်မယ်။ ကျောက် ဖြူမှာလည်း လုပ်သွားမယ်။ ရသေ့တောင် ဘက်မှာဆိုလည်း စိုက်ပျိုးရေးတွေ၊ မွေးမြူ ရေးတွေလုပ်နေပြီ။ ပြီးရင် ရခိုင်ဒေသကြီး တစ်ခုလုံးကို လျှပ်စစ်မီး ရအောင် စီမံဆောင်ရွက်နေပြီ။ ဒါ့အပြင် စစ်တွေမြို့က အုန်းရေ ပေါ်ဆိုတဲ့ ရွာ၊ ဇွာမထက်ဆိုတဲ့ ရွာရယ်၊ သုံးဆောင်ရွာ အဲဒီရွာတွေမှာ အိမ်သာမရှိ၊ ရေမရှိ၊ မီးမရှိဖြစ်နေတယ်။ ဘင်္ဂါလီကမ့် တွေမှာဆို ရိက္ခာတွေနဲ့ ပြည့်စုံနေတဲ့အချိန်မှာ တို့တိုင်းရင်းသားတွေက ဆင်းရဲနေတယ်။ ဒီရွာတွေကို ပြည်နယ်အစိုးရကနေ ပံ့ပိုးပေး နေပါတယ်။

Yangon Media Group

No comments:

Post a Comment

My Blog List