Friday, July 04, 2014

ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ မဟုတ်ဘူးလား


အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှု၊ လူထုလက်မှတ် ကောက်ခံမှုတွေဟာ လွှတ်တော်က ဖွဲ့စည်းထားတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီအပေါ် ဩဇာမသက် ရောက်နိုင်ဘူးလို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောပါတယ်။အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်(NLD)ပါတီနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ လုပ်ဆောင်နေတဲ့အပေါ် သူက အခုလို ပြောဆို လိုက်တာပါ။

“၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှု လူထုလက်မှတ် ကောက်ခံမှုတွေက သူ့ဆန္ဒနဲ့ သူလုပ်တာ” လို့ ဦးရွှေမန်းက ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော် နာယက တစ်ဦးအနေနဲ့ အခြေခံဥပဒေ ပြင်ဆင်တဲ့ နေရာမှာ ပြင်ဆင်သင့်တဲ့ အချက်တွေကို ပြင်ဆင်ဖို့ ထောက်ခံသွားမယ်။ နိုင်ငံသား အကျိုးစီးပွား ထိခိုက်နိုင်တဲ့ ကိစ္စတွေကို ပြင်ဆင်ဖို့ တိုက်တွန်းလာရင် လက်မခံဘူးလို့ သူက ဆိုပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီဟာ လွှတ်တော်က သဘောတူထားတဲ့ မူဝါဒအတိုင်း လုပ်ဆောင်နေ တယ်။ လွှတ်တော်ကိုယ်စားလှယ်အားလုံး သဘောတူ လက်ခံထားတဲ့ အကြံပြုချက်နဲ့ ညွှန်ကြားချက်တွေကို လိုက်နာ လုပ်ဆောင်နေတယ်လို့ ဦးရွှေမန်းက ရှင်းပြပါတယ်။

ဇူလိုင်လ ၃ ရက်နေ့က လွှတ်တော် အစည်းအဝေးတွေ အပြီးမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သူက အခုလို ပြောဆိုလိုက်ခြင်း ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ အဓိကကျတဲ့ ပုဒ်မ ၄၃၆ ကို ပြင်ခွင့်ရဖို့ ပြည်သူလူထုရဲ့ အင်အား ရယူနေတာ။ ပြည်သူ့အသံကို ဖော်ဆောင်နေတာ။ လွှတ်တော်က ပြည်သူဆန္ဒကို ဖော်ထုတ် မထုတ် စောင့်ကြည့် ရမယ်လို့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားပါတယ်။

ပုဒ်မ ၄၃၆ ပြင်ဖို့ NLDနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီးတော့ ပြီးခဲ့တဲ့ မေလကနေ လူထုဆန္ဒလက်မှတ် ကောက်နေခြင်း ဖြစ်ပါတယ်။ အခုတော့ လူထုဆန္ဒလက်မှတ် သုံးသန်းကျော် ရရှိထားပါပြီလို့ NLD ပါတီက ထုတ်ပြန်ထားပါတယ်။

The Voice Weekly

No comments:

Post a Comment

My Blog List