Friday, July 04, 2014

မန္တလေးခရိုင်တရားရုံးမှ စာရေးဦးတင်မောင်ဝင်း၏ သားမယာပြုကျင့်မှု ခံရခြင်းနှင့်ပတ်သက်၍ကာယကံရှင် မဟေမာကျော် မှ ရှင်းလင်း



မန္တလေးခရိုင်တရားရုံးမှ စာရေးဦးတင်မောင်ဝင်းသည် အချိုရည်ထဲတွင် အိပ်ဆေးများထည့်တိုက်ခဲ့ပြီး ပြင်ဦးလွင်မြို့ ရှိပုလဲတည်းခိုခန်း၌ အလိုမတူဘဲ သားမယားပြုကျင့်ခဲ့သောကြောင့် ၎င်းကိစ္စနှင့်ပတ်သက်၍ ကာယကံ မဟေမာကျော် သည် ဇူလိုင် ၃ရက်က MJN ရုံးတွင် ရှင်းလင်းပြောကြားခဲ့သည်။

“ကျွန်မ အစ်ကိုက မူးယစ်ဆေးကိစ္စနဲ့မန္တလေးခရိုင်တရားရုံးမှာ အမူရင်ဆိုင်နေရတယ်။ ဒါကြောင့် မန္တလေး ခရိုင်တရားရုံးမှာရက်ချိန်းသွားသွားနေရတော့ ဦးတင်မောင်ဝင်းက သူကူညီပေးမယ်ဆိုပြီး ကျွန်မကို ပြင်ဦးလွင်မှာရှိတဲ့ သူရဲ့ အသိကိုသွားတွေ့ဖို့ခေါ်တာနဲ့ ၃ လပိုင်း ၈ရက်နေ့က လိုက်သွားလိုက်တယ်။ပြင်ဦးလွင် ရောက်တော့ လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်တယ်အဲ့ဒီအချိန်မှာ သူက ကျွန်မကို ခဏစောင့် ငါသွားတွေ့လိုက်အုံးမယ်ဆိုပြီး ထွက်သွားပြီး ပြန်လာတော့ ပလတ်စတိတ်အိတ်လေးနဲ့ ထည့်ထားတဲ့ အချိုရည်ပါလာတယ်။ ကျွန်မကိုတိုက်တော့ ငြင်းတယ်။ မရတာနဲ့သောက်လိုက်တာ နောက်ခေါင်းတွေ ကိုက်လာတယ်။

အဲ့ဒါနဲ့ သူ့သူငယ်ချင်းအိမ်သွားအနားယူမယ်ဆိုပြီး ခေါ်သွားတယ်။ ကျွန်မနိုးလာတဲ့အချိန်မှာ ဦးတင် မောင်ဝင်းက ကျွန်မအလိုမတူပဲ သားမယားပြုကျင့်ခံလိုက်ရပြီး ဒီအကြောင်းကို ဘယ်သူမှမပြောဘူးဆိုရင် နင့်အစ်ကို အမှုလွတ်စေရမယ်။ ထောင်ကျရင်လည်းအလွန်းဆုံး ၄နှစ်ပဲကျအောင် ငါလုပ်ပေးမယ်ဆိုတာနဲ့ ဘယ်သူကိုမှ မပြောပဲနေခဲ့တယ် အခုကျွန်မအစ်ကိုလည်း ထောင် ၁၆နှစ်ကျတယ်။ ကျွန်မလည်း ကိုယ်ဝန် ၂ လရှိနေပြီး ဒါကြောင့် သူကိုအမြန်ဆုံးဖမ်းဆီးအရေးယူပေးဖို့ တောင်းဆိုပါတယ်”ဟု မဟေမာကျော် က ပြောသည်။

“ဦးတင်မောင်ဝင်းကို အခုမန္တလေးခရိုင်တရားသူကြီး ဒေါ်ခင်ခင်လှက ကာကွယ်ပေးထားတယ်။ ပြင်ဦးလွင် မြို့ မရဲစခန်းက ဒုရဲမှူး ကံလှိုင် ကိုယ်တိုင်သွားဖမ်းတာကို သူကဖမ်းခွင့်မပေးဘူး။ ဘာကြောင့် ဖမ်းခွင့် မပေးတာလဲ ။ ဒါဟာ ရဲရေးပိုင်ခွင့်ကို တရားသူကြီးတွေက ဝင်ရောက်ထိန်းချုပ်ခွင့်ရှိလို့လား။ ကောင်မလေး ဟာ သူ့အစ်ကို အမှုပေါ့ဖို့အတွက် လုပ်နေတာကို ဦးတင်မောင်ဝင်းက အခွင့်အရေးယူတာပဲ။ ဒီလို အပြစ် ရှိတဲ့လူကို ဖုံးကွယ်ထားပြီး ကာကွယ်ပေးနေမယ်ဆိုရင် ဒီလိုဟာ နောက်လည်း ဒီလိုလုပ်ဖို့ ဝန်လေးမှာ မဟုတ်တော့ဘူး ။ ဒါကြောင့် နိုင်ငံတော်အကြီးအကဲတွေအားလုံး ဒီကိစ္စကို အဖြစ်မှန်ပေါ်ပေါက် အောင် ကူညီပေးဖို့ တိုက်တွန်းပါတယ်”ဟု မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂဗဟိုအလုပ်အမှုဆောင် ကိုရန်နိုင်ထွေးက ထပ်မံပြောကြားခဲ့သည်။

မဟေမာကျော် သည် ၎င်းအား အလိုမတူဘဲ သားမယားပြုကျင့်ခဲ့သော ဦးတင်မောင်ဝင်းအား ဖမ်းဆီး အရေးယူပေးရန် ပြင်ဦးလွင်မြို့ မရဲစခန်းတွင်အမှုဖွင့်တိုင်ကြားခဲ့ရာ ယင်းရဲစခန်းမှ (ပ)နံပါတ် ၁၀၇ ပုဒ်မ ၃၇၆ ဖြစ်အမှုဖွင့်ပေးခဲ့သည်။

ယင်းနောက် မန္တလေးခရိုင်တရားရုံးစာရေး ဦးတင်မောင်ဝင်းအား ဖမ်းဆီးအရေးယူရန်အတွက် ပြင်ဦးလွင် မြို့မရဲစခန်းမှ ဒုရဲမှူး ကံလှိုင်နှင့်အတူ ရဲတပ်သားများ သွားရောက်ခဲ့ရာ မန္တလေးခရိုင်တရားသူကြီး ဒေါ်ခင်ခင်လှက ဖမ်းဆီးခွင့်မပြုခဲ့သလို ယခုအချိန်ထိ ဦးတင်မောင်ဝင်း အား အရေးယူခြင်းမခံရအောင် ကာကွယ်ပေးထားကြောင်း သိရသည်။

ချစ်မင်းထွန်း
The Myanmar Age

No comments:

Post a Comment

My Blog List