Wednesday, July 02, 2014

အစ္စရေး ဆယ်ကျော်သက် ၃ ဦးဈာပန လူ သောင်းချီ တက်ရောက်


အစ္စရေး ဆယ်ကျော်သက်လူငယ် ၃ ဦးရဲ့ ဈာပနကို ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့က ကျင်းပခဲ့ပြီး အစ္စရေး ၀န်ကြီးချုပ် ဘင်ဂျမင် နာတန်ယာဟုအပါအ၀င် လူသောင်း နဲ့ ချီပြီး တက်ရောက်ခဲ့ပါတယ်။ဆယ်ကျော်သက် လူငယ် ၃ ဦးကို ပါလက်စတိုင်း စစ်သွေးကြွ ဟားမတ်အုပ်စုက ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ အစ္စရေးဘက်က စွပ်စွဲထားပါတယ်။

ဟားမတ်အဖွဲ့ကတော့ ဒီ စွပ်စွဲချက်ကို အတည်ပြုချက်မပေးသလို ငြင်းဆန်တာလည်း မရှိပါဘူး။

ဈာပနအခမ်းအနားမှာ ၀န်ကြီးချုပ် နာတန်ယာဟုက ဟားမတ်အဖွဲ့က ပြန်ပေးဆပ်ရမယ်လို့ ပြောပါတယ်။

အစ္စရေးက ဂါဇာကမ်းမြောင်ဒေသက နေရာတော်တော်များများကို ဇူလိုင် ၁ ရက်နေ့မှာ လေကြောင်းက ဗုံးကြဲခဲ့ပြီး ပါလက်စတိုင်း ၂ ဦး ဒဏ်ရာရခဲ့ ပါတယ်။

ဇွန် ၁၂ ရက်နေ့ကတည်းက ပျောက်ဆုံးနေခဲ့တဲ့ အစ္စရေး ဆယ်ကျော်သက် ၃ ယောက်ရဲ့ အလောင်းတွေ ကို ဇွန် ၃၀ ရက်နေ့ မှာ ပြန်တွေ့ရပြီးနောက် ဟားမတ်အဖွဲ့ရဲ့ စခန်းတွေကို အစ္စရေးဘက်က တိုက်ခိုက်နေ တာ ဖြစ်ပါတယ်။

ဇွန် ၃၀ ရက်နေ့ နှောင်းပိုင်းနဲ့ ဇူလိုင် ၁ ရက်နေ့မှာ အစ္စရေး လုံခြုံရေးဆိုင်ရာ အစည်းအဝေးကို အရေးပေါ်ခေါ်ယူခဲ့ပြီး ပါလက်စတိုင်းကို ဘယ်လို လက်တုံ့ပြန်မလဲ ဆိုတဲ့အပေါ်မှာ အကြိတ်အနယ် ဆွေးနွေးခဲ့ကြတယ်လို့ လုံခြုံရေး အရာရှိတွေက ပြောပါတယ်။

အမေရိကန် ပြည်ထောင်စုနဲ့ ဒေသတွင်းက ညှိနှိုင်းတဲ့ အခန်းကဏ္ဍမှာရှိတဲ့ အီဂျစ်တို့က ထိန်းထိန်းသိမ်း သိမ်း လုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

DVB

No comments:

Post a Comment

My Blog List