Thursday, July 03, 2014

ကိုဇော်ဖေ ကို ပြစ်ဒဏ် ၁ နှစ်ကနေ ၃ လ ပြင်ဆင်သတ်မှတ်


မကွေးတိုင်းဒေသကြီး တရားလွှတ်တော်က  ဒီဗွီဘီ သတင်းထောက် ကိုဇော်ဖေနဲ့  မြို့ခံကျောင်းသား မိဘတဦးဖြစ်တဲ့ ဦးဝင်းမြင့်လှိုင် တို့ကို ပြစ်ဒဏ် ၁ နှစ်ကနေ ၃ လ ပြင်ဆင်သတ်မှတ်ပေးလိုက်တယ်လို့ သူ့ရဲ့ရှေ့နေ ဦးသိန်းထွန်းက ပြောပါတယ်။

“ကိုဇော်ဖေကို မကွေးတိုင်းဒေသကြီး တရားလွှတ်တော်က ဒီနေ့ ကျနော်တို့ သီးသန့် အမိန့်ချလိုက်တယ်။ သူ့ကို ၃ လပဲ ချလိုက်တယ်။ မူလရုံးက ၁ နှစ်ချတာကို ၃ လ ပြင်ဆင်ချမှတ်လိုက်ပါ တယ်။ ၃ လဆိုတော့ မူလရုံးက ၇ ရက် ၄ လ ၂၀၁၄ မှာ အမိန့်ချတာဆိုတော့ ၆ ရက်နေ့မှာ ၃ လပြည့်တယ်။ ၆ ရက်နေ့ လွှတ်မယ်။ ၅ ရက်နဲ့ ၆ ရက်က စနေ၊ တနင်္ဂနွေ ခံနေတော့ ၄ ရက်နေ့ လွှတ်မယ်လို့ ထင်ပါတယ်။”

ကိုဇော်ဖေဟာ ဂျပန်ဖောင်ဒေးရှင်းတခုက ပေးအပ်တဲ့ ပညာသင်ဆုရွေးချယ်ပုံနဲ့ ပတ်သက်လို့ သတင်းယူဖို့ ကြိုးစားရင်း ဖမ်းဆီး တရားစွဲခံခဲ့ရတာ ဖြစ်ပါတယ်။

ကိုဇော်ဖေနဲ့ မြို့ခံကျောင်းသားမိဘတဦးဖြစ်တဲ့ ဦးဝင်းမြင့်လှိုင်တို့ကို ဧပြီလ ၇ ရက်နေ့က မကွေးတိုင်း မကွေးတရားရုံးမှာ  ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၄၈ ပိုင်နက်ကျူးလွန်မှု၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၃ ၀တ္တရားနှောင့်ယှက်မှုနဲ့ သရက်ထောင်မှာ စုစုပေါင်း ထောင်ဒဏ် ၁ နှစ် တပေါင်းတည်း ချမှတ်ထားရကနေ အခု ၃ လ လျှော့ပေါ့ပေးလိုက်တာပါ။

မေလ ၃ ရက် နေ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်မှုနေ့ ၂၀၁၄ ကို ဂုဏ်ပြုတဲ့အနေနဲ့ ကမ္ဘာ့မီဒီယာစောင့်ကြည့်ရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ နယ်စည်းမခြား သတင်းထောက် များအဖွဲ့ (အာရ်အက်စ်အဖ်) က “သူရဲကောင်း သတင်းသမား ၁၀၀” အမည် စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။

DVB

No comments:

Post a Comment

My Blog List