Tuesday, July 01, 2014

ISIS စစ်သွေးကြွအဖွဲ့မှ သိမ်းပိုက်ထားသည့် နယ်မြေများကို အစ္စလာမ်မစ်နိုင်ငံအဖြစ် ထုတ်ပြန်ကြေညာ



အယ်လ်ကိုင်ဒါ အဖွဲ့ခွဲ တစ်ခုဖြစ်တဲ့ ISIS အမည်ရှိ ဆီးရီးယားနဲ့အီရတ်ခွဲထွက်ရေး စစ်သွေးကြွ အဖွဲ့ဟာ သူတို့ သိမ်းယူ ထားတဲ့နယ်မြေတွေကို အစ္စလာမ်မစ်နိုင်ငံတစ်ခု အဖြစ် ထုတ်ပြန်ကြေညာခဲ့ပြီး ၎င်းတို့၏ ခေါင်းဆောင်ဖြစ်သူ အဘူဘာအယ်လ် ဘဂ္ဂဒက်ဒီကို နိုင်ငံ့ခေါင်းဆောင်အဖြစ် သတ်မှတ်ခဲ့ကြတယ်လို့ အစ္စလာမ်မစ် ဝက်ဘ်ဆိုက်နဲ့တွစ်တာဝက်ဘ်ဆိုက် တို့မှာ ဖော်ပြထားပါတယ်။ 
အဘူဘာ အယ်လ် ဘဂ္ဂဒက်ဒီဟာ ယနေ့အချိန်မှစပြီး ကမ္ဘာတစ်ဝန်းရှိ မွတ်စလင်လူမျိုးအားလုံး ရဲ့ခေါင်းဆောင်ဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်းရှိ အယ်လ်ကိုင်ဒါ အဖွဲ့များအနေနဲ့ ခေါင်းဆောင် အပေါ် သစ္စာခံဖို့နဲ့ ခေါင်းဆောင်ကို ထောက်ပံ့ပေးဖို့လိုအပ်ကြောင်း၊ အခုထုတ်ပြန် ကြေညာတဲ့နေ့ကစပြီး ဤဒေသ အားလုံးဟာ အစ္စလာမ်မစ်နိုင်ငံ ဖြစ်သွားပြီ ဖြစ်ကြောင်း ISIS အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ အဘူမိုဟာမက် အယ်လ်အက်ဒ် နာနီက ပြောပါတယ်။

ISIS အဖွဲ့ဟာ ယခုလ အစောပိုင်းက အီရတ်နိုင်ငံရဲ့ဒုတိယမြို့တော် မိုဆူလ်မြို့ကို သိမ်းပိုက်ခဲ့ပြီး အီရတ် မြို့တော်ဖြစ်တဲ့ ဘဂ္ဂဒက်မြို့ကို ဦးတည်တိုက်ခိုက်မှုတွေ တိုးမြှင့် လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် ဆီးရီးယား အရှေ့ပိုင်း၊ မြောက်ပိုင်းနဲ့ အီရတ်နယ်စပ်တစ်လျှောက်ရှိ ဒေသများစွာကိုလည်း သိမ်းပိုက် ထားကြောင်း သိရှိရပါတယ်။

Source;AFP
The Myanma Age

No comments:

Post a Comment

My Blog List