Wednesday, July 02, 2014

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းစစ်ခေါင်းဆောင်များနှင့် တွေ့ဆုံမည်


အာဆီယံဒေသတွင်းနိုင်ငံတွေကို ခရီးလှည့်နေတဲ့ မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ  လာမယ့် ဇူလိုင် ၄ ရက်နေ့ ထိုင်းနိုင်ငံကို လာရောက် လည်ပတ်မယ်လို့ ဘန်ကောက် ပို့စ်သတင်းစာမှာ ဖော်ပြပါတယ်။

ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး တာနာဆတ်ခ် ပါတီမာပရာဂွန်း နဲ့ အာဏာသိမ်း အဖွဲ့ဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး အမျိုးသားကောင်စီ အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာတို့က  နှစ်နိုင်ငံ စစ်ဘက်ဆက်ဆံရေး ခိုင်မြဲစေဖို့ ရည်ရွယ်ပြီး မြန်မာစစ်တပ်အကြီးအကဲကို  ကြိုဆို လက်ခံ တွေ့ဆုံမယ်လို့ ဆိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ  ဖိလစ်ပိုင်နိုင်ငံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး အီမန်နူရယ် ထရီနီဒက် ဘာတစ်စတာရဲ့ ဖိတ်ကြားချက်အရ ဇွန် ၃၀ ရက်နေ့ကတည်းက ဖိလစ်ပိုင်နိုင်ငံမှာ ရောက်ရှိနေပါတယ်။

ဒီခရီးစဉ်အတွင်းမှာ  ဒုတိယကမ္ဘာစစ်တုန်းက အမေရိကန်စစ်အခြေစိုက်စခန်း ဌာနချုပ်အဖြစ် အသုံးပြုခဲ့တဲ့ ဗိုလ်ချုပ်ကြီး မက်အာသာရဲ့  ရုံးခန်းနေရာဟောင်းကို သွားရောက် လေ့လာခဲ့တယ်လို့ နိုင်ငံပိုင် နေစဉ် သတင်းစာတွေမှာ ဖော်ပြပါတယ်။

ဒီခရီးစဉ်ဟာ ဖိလစ်ပိုင်နဲ့ မြန်မာ  နှစ်နိုင်ငံ သံတမန်ဆက်ဆံမှု ၅၉ နှစ်တာ အတွင်း မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တဦးအနေဖြင့် ပထမဆုံးအကြိမ် သွားရောက်ခြင်း ဖြစ်ပြီး ခရီးစဉ်အတွင်း ဖိလစ်ပိုင်နိုင်ငံအစိုးရ၊ တပ်မတော်မှာ တာဝန်ရှိသူများနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေးသွားမယ် လို့လည်း ဆိုပါတယ်။

DVB

No comments:

Post a Comment

My Blog List