Friday, July 04, 2014

အကြီးအကျယ် အောင်မြင်မှု ရှိသည့် ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာလိမ့်မည်ဟု ဖီဖာဥက္ကဋ္ဌ ဆပ်ဘတ်လတ္တာ သုံးသပ်



ဖီဖာဥက္ကဋ္ဌ ဆပ်ဘတ်လတ္တာက ဘရာဇီးနိုင်ငံတွင် ကျင်းပလျက်ရှိသည့် ၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲသည် အကြီးအကျယ် အောင်မြင်မှုရှိသည့် ပြိုင်ပွဲတစ်ရပ် ဖြစ်လာမည် ဖြစ်ပြီး ဆန္ဒပြကန့်ကွက်မှုများနှင့် အခြေခံအဆေက်အဦ ပြဿနာများကို စိုးရိမ်ပူပန် နေသူများက ပြိုင်ပွဲကို ပျက်စီးစေနိုင်ကြောင်း အပြစ်တင် ဝေဖန်ခဲ့သည်။
ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်အောင် ဘရာဇီးအစိုးရသုံးစွဲသည့်စရိတ်များပြားလွန်းမှုကို မကျေနပ် သည့် ဘရာဇီးပြည်သူများ၏ ဆန္ဒပြကန့်ကွက်မှုများနှင့်ကွင်းအတွင်းတည်ဆောက်မှု လုပ်ငန်းအချို့နှင့် ပရိသတ်ဇုန်တို့တွင် ပြဿနာများ ပေါ်ပေါက်ခဲ့မှုက ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို အဟန့်အတား ဖြစ်စေခဲ့သည်။

သို့သော် ဆပ်ဘတ်လတ္တာက ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ပတ်သက်၍ ဝေဖန်နေမှုများကို တုံ့ပြန် ပြောဆိုခဲ့သည်။

ပြိုင်ပွဲစတင်ချိန် ရောက်ကတည်းက ဘရာဇီးပြည်သူများ၏ ဆန္ဒပြပွဲများ လျော့ပါးသွားသည်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲ အောင်မြင်မှု ရသည်ကို သက်သေခံနေခြင်းပင် ဖြစ်သည်ဟု ဘတ်လတ္တာက ပြောဆိုခဲ့သည်။

၎င်းက “ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့တဲ့သူတွေ အားလုံး မှားပါတယ်။ လုံးဝပြီးပြည့်စုံ ကောင်းမွန်တဲ့ ပြိုင်ပွဲတစ်ခုလို့ ကျွန်တော်ပြောတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ပြိုင်ပွဲကျင်းပမယ့် ကွင်းတွေ အချိန်မီ မပြီးနိုင်ဘူးလို့ လူတိုင်းက ပြောခဲ့ကြတယ်။ ပြိုင်ပွဲစတော့ အဆင်သင့် ဖြစ်နေခဲ့တယ်။ လက်ရှိအချိန်မှာ ဘရာဇီးနိုင်ငံဟာ အနုပညာ လုပ်ငန်းတွေနဲ့ စီမံထားတဲ့ ဘောလုံးကွင်းတွေ ရှိနေပါပြီ။ ဘယ်မှာလဲ ဆန္ဒပြပွဲတွေ ဘယ်မှာလဲ လူမှုရေး အကြမ်းဖက်မှုတွေ။ ဒီကမ္ဘာ့ဖလား ပြိုင်ပွဲဟာ သာမန်အောင်မြင်မှု အဆင့်တစ်ခုထက် ပိုပါတယ်။ ဖီဖာအနေဲ့ တစ်စိတ်တစ်ပိုင်း ပါဝင် ပတ်သက်ခွင့်ရလို့ ကျေနပ်ပါတယ်”ဟု ရီယိုဒီဂျနေးရိုးမြို့ရှိ ဂီတူလီယိုဗားဂတ်စ် ဖောင်ဒေးရှင်းတွင် ပြုလုပ်သည့် တွေ့ဆုံ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါနေရာမှာ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ကုန်ကျစရိတ်များနှင့် ပတ်သက်၍ မကျေနပ်သော ဘရာဇီးပြည်သူများ ဆန္ဒပြခဲ့သည့် နေရာဖြစ်သည်။

ဖီဖာ အထွေထွေအတွင်းရေးမှူး ဂျီရုန်းဗဲလ်ကီကလည်း ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကြည့်ရှုရသည်မှာ အင်မတန် စိတ်လှုပ်ရှားစရာ ကောင်းပြီး ကျေနပ်နှစ်သက်ဖွယ် ဖြစ်သည်ဟု ပြောဆိုခဲ့ကာ ဘတ်လတ္တာ၏ ပြောစကားကို ထောက်ခံသွားခဲ့သည်။ ၎င်းက “ဘောလုံးအကြောင်း ပြောတဲ့အချိန်မှာ ဒီကမ္ဘာ့ဖလားပြိုင်ပွဲက လုံးဝ အကောင်းဆုံးပါပဲ” ဟု ဆိုသည်။

The Voice Weekly

No comments:

Post a Comment

My Blog List