Friday, July 04, 2014

အာဏာသိမ်း ထိုင်းစစ်တပ်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချီးကျူး


အာဏာသိမ်းဖို့ ထိုင်းစစ်ဗိုလ်ချုပ်တွေရဲ့ ဆုံးဖြတ်ချက်ကို ထိုင်းနိုင်ငံ အလည်အပတ်ရောက်ရှိနေတဲ့ မြန်မာ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ချီးကျူးပြောဆိုလိုက်တယ်လို့ ထိုင်းအခြေစိုက် ဘန်ကောက်ပို့စ် သတင်းစာက ရေးသားပါတယ်။

နိုင်ငံတော်နဲ့ ပြည် သူတွေ ရဲ့ လုံခြုံရေးအတွက် တာဝန်ယူထိန်း သိမ်းလိုက်တဲ့ ထိုင်းစစ်တပ်ကို ယုံကြည်တဲ့ အကြောင်း မြန်မာ့ ကာကွယ်ရေး ဦးစီးချုပ်က ထိုင်းစစ်တပ် ကာကွယ်ရေး ဦးစီးချုပ် တာနာဆပ်ပါတီမာ ပရာကောင်နဲ့ တွေ့ဆုံရာမှာ ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်ကို ကိုးကားပြီး သတင်းမှာရေး ပါတယ်။

ဒါ့အပြင် အမျိုးသားငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး ကောင်စီရဲ့ လမ်းပြမြေပုံ အောင်မြင်လိုက်မယ်လို့ ယုံကြည်ကြောင်းနဲ့ ၁၉၈၈ ခုနှစ်က မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံထက် ဆိုးဝါးတဲ့အခြေအနေကို ဖြတ်ကျော်ခဲ့ရ တယ်လို့လည်း ဆိုပါတယ်။

ထိုင်းစစ်တပ်အကြီး အကဲကလည်း ထိုင်းမှာရှိတဲ့ မြန်မာအလုပ်သမားတွေကို ကောင်းကောင်း စောင့်ရှောက် ထားတဲ့အကြောင်း၊ တရားမ၀င်အလုပ်သမားတွေကို အသုံးပြုမှုကိုရပ်တန့်ဖို့ မူဝါဒတွေကို အကောင် ထည်ဖော်ပြီး တရားဝင်ဖြစ်ရေးကိစ္စတွေ အကောင်ထည်ဖော်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်က ရေးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကာကွယ်ရေး ကိစ္စရပ်တွေမှာ တိုးမြှင့်ဆက်ဆံရေး ပိုမိုပူးပေါင်းဆောင် ရွက်ဖို့၊ နယ်စပ်ဆက် သွယ်ရေး ပိုမိုအားကောင်းဖို့၊ စစ်ဘက်ဆိုင်ရာ အရာရှိတွေ အပြန်အလှန် ဖလှယ်ရေးကိစ္စတွေနဲ့ ဒီနှစ် ပူးတွဲ စစ်ရေးလေ့ကျင်မှုဖြစ်တဲ့ ရွှေမြွေဟောက် လေ့ကျင်မှုမှာ မြန်မာရဲ့ ပါဝင်ဆောင်ရွက်ရေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

DVB

No comments:

Post a Comment

My Blog List