အစ္စရေးက သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ ၃ ပတ်ကြာလောက် ပျောက်ဆုံး နေတဲ့ အစ္စရေး ဆယ်ကျော်သက် ၃ ဦး သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်နေ့ ညနေပိုင်းက ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာ ဟူက သတ်ဖြတ်မှု အတွက် လက်တုံ့ပြန်ဖို့ ဇွန် ၃၀ ရက်နေ့ညက အရေးပေါ် လုံခြုံရေးအစည်း အဝေး ခေါ်ခဲ့ပါတယ်။
အစ္စရေး အစိုးရပြောခွင့်ရကတော့ ဒီသတ်ဖြတ်မှုအတွက် ဟားမတ်အဖွဲ့မှာ တာဝန် အပြည့်အ၀ရှိ တာကြောင့် အကြီးအကျယ် ပေးဆပ်ရမယ်လို့ ပြောဆိုထားပါတယ်။
ဟားမတ်အဖွဲ့ရဲ့ အမာခံနယ်မြေဖြစ်တဲ့ ဟီဘရွန်မြို့နားမှာ သေဆုံးနေတဲ့ အစ္စရေး ဆယ်ကျော်သက်တွေကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အစ္စရေးစစ်တပ်ပြောခွင့်ရ ပီတာလာနော့က လူငယ် ၃ ဦးကို ပစ်သတ်ပြီး ကျောက်တုံးတွေနဲ့ ဖုံးအုပ်ခဲ့တာ ဖြစ်ပြီး သတ်ဖြတ်မှုအတွက် တာဝန်ရှိသူတွေကို အစ္စရေးလုံခြုံရေးတွေ ဆက်လက်ရှာဖွေဆဲဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ပြန်ပေးဆွဲသူလို့ သံသယရှိသူတွေရဲ့ ဆွေမျိုးတဦးကို စစ်ကြောရေးလုပ်ပြီး မကြာခင်မှာ အစ္စရေးဆယ်ကျော် သက်တွေကို ပြန်လည်ရှာဖွေတွေ့ရှိတာလို့ အစ္စရေးသတင်းဌာနတွေက ဆိုပါတယ်။
ဟားမတ်အဖွဲ့ကတော့ ဒီသတ်ဖြတ်မှုကို ငြင်းဆန်ထားပြီး အစ္စရေးက တိုက်ခိုက်လာရင် အရင်စစ်ပွဲတွေ တုန်းက အစ္စရေးပေးဆပ်ခဲ့တာထက် အဆပေါင်းများစွာပေးဆပ်ရလိမ့်မယ်လို့ အစ္စရေးကို သတိပေးထား ပါတယ်။
DVB
No comments:
Post a Comment