Saturday, July 05, 2014

ဝန်ကြီးဦးအုန်းမြင့်နှုတ်ထွက်ပေးရေး ဦးဆောင်ဆန္ဒဖော်ထုတ်ခဲ့သူ ဒီချုပ် အတွင်းရေးမှုးထောင်တစ်လကျ


ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းတွင် မွေးမြူရေးနှင့် ရေလုပ်ငန်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီိးဌာနပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် ရာထူးမှ  နှုတ်ထွက်ပေးရေး ဦးဆောင် ဆန္ဒဖော်ထုတ်ခဲ့သူ များထဲတွင် ပါဝင်သူတစ်ဦးဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်လံမြို့နယ်တွဲဘက် အတွင်းရေးမှုး ကိုမြတ်ကိုအား ဇူလိုင်လ(၄)ရက်နေ့ နေ့လည်တစ်နာခွဲခန့်တွင် အလုပ်နှင့် ထောင်ဒဏ် တစ်လ အမိန့်ချမှတ် ခဲ့ကြောင်း သိရှိရသည်။

ဆန္ဒထုတ်ဖော်ရာတွင် အောင်လံမြို့နယ် စခန်းမှုး မှ  တရားလိုပြုလုပ်၍ ပုဒ်မ(၁၈)ဖြင့် တရားစွဲဆိုထား ခဲ့ကြောင်း၊ပြစ်ဒဏ်ကျခံစေရန် အောင်လံမြို့နယ် တရားသူကြီး မှ အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

“ဒီမိုကရေစီစနစ်အစိုးရပါလို့ ပြောနေပြီး လူတစ်ယောက်က ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများရဲ့ မူလအခွင့်အရေးကို ကိုင်စွဲ အသုံးချတာကို ထောင်ဒဏ်အပြစ်ပေးတယ်ဆိုတော့၊ ဒီမိုကရေစီ အစိုးရဆို တာကြီးကို မေးခွန်းထုတ်စရာဖြစ်လာနေပါပြီ” ဟု ကာယကံရှင်ဖြစ်သူ ကိုမြတ်ကို တရားခွင်မှ ထွက်အလာ မီဒီယာသို့ပြောသည်။

တရားဝင်ခွင့်ပြုချက်တောင်းခံခဲ့သော်လည်း မခိုင်လုံသောအကြောင်းပြချက်ဖြင့် ငြင်းပယ်ခြင်း ခံခဲ့ရပြီး ဆန္ဒဖော်ထုတ်မှုပြုလုပ်ခဲ့သောကြောင့် ယခုကဲ့သို့ တရားစွဲဆိုခံခဲ့ရခြင်းလည်းဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းကတည်းက စတင် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ငါးလခန့်အကြာ ဒီချုပ်ပါတီ၏ ပုဒ်မ(၄၃၆)ပင်ဆင်ရေးအတွက် အားကြိုးမန်တက်ဆောင်ရွက်နေစဉ်မှာ အထက်ပါကဲ့သို့ ထောင်ဒဏ် ချမှတ်ခြင်းမှာ များစွာသံသယဖြစ်စရာကောင်းနေကြောင်းလည်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တိုင်းအလုပ် အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဌဦးအေးမြင့်မှပြောပြခဲ့သည်။

အောင်လံမြို့နယ်အနေဖြင့်ပုဒ်မ(၄၃၆ပြင်ဆင်ရေးလူထုလှုပ်ရှားမှုများတွင်ခရိုင်အတွင်းသာမကတိုင်းအတွင်းရှိအင်အားကြီးမြို့နယ်များကိုပင် ယှဉ်နိုင်သည့် နိုင်ငံရေးနိုးကြွမှုများရှိနေသဖြင့် အာဏာပိုင်ဘက်မှ ပုဒ်မ(၁၈)ဖြင့် တရားစွဲဆိုခဲ့ခြင်းတွင်ဒဏ်ငွေအဆင့်ဖြင့်သာ ပြီးသင့်သော်လည်း ယခုကဲ့သို့ ထောင်ဒဏ်ချ မှမှတ်ခြင်းမှာ ပါတီ၏ အရှိန်အဟုန်အား ထိမ်းချုပ်ရန်ကြိုးစားခြင်း ဖြစ်နိုင်ကြောင်းလည်း အောင်လံမြို့နယ် ဒီချုပ်ဥက္ကဌ ဦးအောင်ထူးမြင့်မှ ဆက်လက်ပြောပြသည်။

အစိုးရသစ်တက်လာပြီးနောက်ပိုင်း အောင်လံမြို့နယ်အတွင်း ခွင့်ပြုချက် ငြင်းပယ်ခံရပြီးသော်လည်းကောင်း၊ ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲနဲ့သော်လည်းကောင်း လှည့်လည် ဆန္ဒဖော်ထုတ်မှုများ လေးကြိမ်အထိ ဖြစ်ပွားခဲ့ပြီး ယခုတစ်ကြိမ်သာတရားစွဲဆိုကာ ထောင်ဒဏ်အပြစ်ပေးခံခဲ့ရခြင်းလည်းဖြစ်သည်။

ယခု ထောင်ဒဏ်ချမှတ်ခံခဲ့ရသော ကိုမြတ်ကိုမှာ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်ပြီး ယခင်က မျိုးဆက်သစ်လူငယ်များအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ကာ တရားမ၀င်နယ်စပ်အပါအ၀င်ပုဒ်မများစွာဖြင့် ထောင်ဒဏ်ရှစ်နှစ် အပြစ်ပေးခြင်းခံခဲ့ရဖူးသူဖြစ်ပြီး သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သူလည်း ဖြစ်သည်။

လင်းသက်
The Myanma Age

No comments:

Post a Comment

My Blog List