Thursday, July 03, 2014

“အမှားမလုပ်ခဲ့ဘူး” ဟု ဦးဆန်းဆင့် ပြော


သာသနာ ရေးဝန်ကြီးဌာနပိုင် ငွေ အလွဲသုံးစားလုပ်သည်ဆိုသော ပြစ်မှုဖြင့် ဖမ်းဆီးအရေးယူခံနေရသော သာသနာရေး ၀န်ကြီး ဟောင်း ဦးဆန်းဆင့်က သူ့အနေဖြင့် အမှားတခုမျှ ကျူးလွန်ခဲ့ခြင်းမရှိကြောင်း နေပြည်တော် ပုဗ္ဗသီရိမြို့နယ် တရားရုံးတွင် ယနေ့လာရောက် တရားရင်ဆိုင်စဉ် သတင်းထောက်များကို ပြောဆိုသွားကြောင်း သိရှိရသည်။

ရမည်းသင်းအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားသော ဦးဆန်းဆင့်ကို ယနေ့ ပုဗ္ဗသီရိမြို့နယ် တရားရုံးသို့ ရုံးထုတ် လာခဲ့ပြီး ဦးဆန်းဆင့်သည် သာသနာရေးဝန်ကြီးဌာန အမှတ်တံဆိပ်ကို သူ၏ တိုက်ပုံအင်္ကျီတွင် တပ်ဆင်ထား ဆဲဖြစ် ကြောင်း သိရှိရသည်။

ဦးဆန်းဆင့်က “ကျနော့်ရပ်တည်ချက် မှန်ကန်သော်လည်း သမ္မတရဲ့ အမိန့်ကို မနာခံဘူး ဆိုပြီး ဒီလို လုပ်တာ။ နိုင်ငံတော်ဘဏ္ဍာကိုလည်း ၅ ပြားတစေ့မှ အလွဲသုံးစားမလုပ်ခဲ့ဘူး။ သစ္စာဆိုရဲပါတယ်၊ ကျနော် ဘာအမှားမှ မလုပ် ခဲ့ဘူး”ဟု ပြောဆိုကြောင်း ဦးဆန်းဆင့် ရုံးထုတ်မှုကို သွားရောက် သတင်းရယူခဲ့သူ ဂျပန်NHK သတင်းဌာနမှ သတင်းထောက် ဦးသီဟသွေးက သူ၏ ဖေ့ဘုတ်စ် စာမျက်နှာတွင် ရေးသားထားသည်။

ဦးဆန်းဆင့်က သူ့တွင် အပြစ်မရှိကြောင်း သတင်းလာရောက်ရယူသည့် မီဒီယာများကို တတွင်တွင်ပြော ဆိုခဲ့ပြီး ရုံးထုတ်စဉ် အတားအဆီးများကြားမှ မီဒီယာများသို့ မကြာခဏဆိုသလို သူပြောလိုသည်များကို ကျယ်ကျယ် လောင် လောင် ပြောဆိုခဲ့ကြောင်း သိရှိရသည်။

သမ္မတဦးသိန်းစိန်က ဦးဆန်းဆင့် က  နိုင်ငံပိုင်ငွေများအလွဲသုံးစားလုပ်သည်ဟု ဆိုကာ နေပြည်တော် ပုပ္ဗ သီရိမြို့နယ် တရားရုံး၌ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၉/ ၁၀၉ ဖြင့် အမှုဖွင့်ခဲ့ပြီး ရာထူးမှလည်း အနားပေးခဲ့သည်။

သမ္မတဦးသိန်းစိန်က ဇူလိုင်လ ၃ ရက်နေ့ ပြည်သူသို့ လစဉ်ပုံမှန် ပြောဆိုသော မိန့်ခွန်းတွင် ပြည်ထောင်စု ၀န်ကြီးများနှင့် ဒုဝန်ကြီးများကို ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံရန် ညွှန်ကြားထားပြီး ပြည်သူလူထု၏ အကျိုးစီးပွားအတွက် အန္တရာယ်ရှိလာသောအခါ  ထိရောက်သောအရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း ထည့် သွင်းပြောကြားခဲ့ရာ ယင်းပြောဆိုချက်သည် ၀န်ကြီး ဦးဆန်းဆင့်ကို အရေးယူခဲ့ရမှုအပေါ်  ရည်ညွှန်းပြော ဆိုခြင်းဖြစ်ကြောင်း ပြည်တွင်းနိုင်ငံရေးအသိုင်းအ၀ိုင်းက သုံးသပ်ပြောဆိုသည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List