Wednesday, July 02, 2014

ပြည်တော်ပြန်အလုပ်သမားအရေး ထိုင်း-ကမ္ဘောဒီးယား ဆွေးနွေး


ကမ္ဘောဒီးယားနိုင်ငံကို ရောက်ရှိနေတဲ့ ထိုင်းယာယီနိုင်ငံခြားရေးဝန်ကြီးဟာ ဇူလိုင် ၁ ရက်နေ့က ကမ္ဘော ဒီးယားနိုင်ငံနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံပြီး ပြည်တော်ပြန် အလုပ်သမားတွေအရေးနဲ့ နှစ်နိုင်ငံ ဆက်ဆံ ရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။

ထိုင်းစစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း တရားမ၀င် ကမ္ဘောဒီးယား အလုပ်သမားတွေအပေါ် ဖြိုခွင်း တော့မယ်ဆိုတဲ့ ကောလာဟလတွေကြောင့် ကမ္ဘောဒီးယားအလုပ်သမား ၂ သိန်းလောက် ပြည်တော်ပြန် ခဲ့ကြပါတယ်။

ထိုင်းနိုင်ငံရဲ့ စီးပွားရေးကဏ္ဏမျိုးစုံမှာ အိမ်နီးချင်းနိုင်ငံတွေက အလုပ်သမားတွေ ၀င်ရောက် အလုပ်လုပ်နေ ကြတာကြောင့် ထိုင်းစီးပွားရေးဟာ ဒီပြည်ပအလုပ် သမားတွေပေါ် မှီခိုနေရတာပါ။

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးကတော့ ကမ္ဘောဒီးယားအလုပ်သမားတွေ သိန်းနဲ့ချီပြီး ပြန်လာကြတာ ဟာ တရားဝင်လက်မှတ်တွေ ပြန်လာလုပ်တာ ဖြစ်တဲ့အတွက် နားလည်တယ်လို့ သတင်းထောက်တွေကို ပြောဆိုပါတယ်။

တရားမ၀င်လက်မှတ်ကိုင်ဆောင်မှုနဲ့ အဖမ်းခံထားရတဲ့ ကမ္ဘောဒီးယားအလုပ် သမား ၁၄ ဦးအရေးကိုလည်း ဖြေရှင်းပေးပါမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ကတိပေးခဲ့ပါတယ်။

ခရီးစဉ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှရဲ့ ဒုတိယစီးပွားရေးအင်အား အကြီးဆုံးနိုင်ငံ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List