Saturday, July 05, 2014

မဟာသန္တိသုခကျောင်းတိုက် သံဃာငါးပါး ဇူလိုင် ၁၈ တွင် ရုံးချိန်းထပ်ခေါ်


မဟာသန္တိသုခကျောင်းတိုက်မှ သံဃာငါးပါးကို ဇူလိုင်၁၈ရက်တွင် ထပ်မံရုံးချိန်ခေါ်ဆိုလိုက်ပြီး အမှုရင်ဆိုင်
နေသော တရားရုံးအပေါ်သို့ ဖိအားပေးမှုရှိနေကြောင်း အင်္ဂလန်ဆရာတော်ဦးဥတ္တရက မိန့်ကြားလိုက် သည်။ မဟာသန္တိသုခကျောင်း တိုက်နှင့် ပတ်သက်ပြီး ဖမ်းဆီး အရေးယူခံထားသော  သံဃာ တော်ငါးပါးကို ဇူလိုင် ၄ ရက်က တတိယအကြိမ်ရုံးချိန်းထုတ်စစ် ဆေးရာသံဃာတော်နှစ်ပါးကို စစ်ဆေးခဲ့ပြီး လာမည့် ဇူလိုင် ၁၈ ရက်တွင် ထပ်မံရုံးချိန်းဆင့်ခေါ်လိုက် ခြင်းဖြစ်သည်။

‘‘ဦးပဉ္စင်းတို့ကို လာမယ့် ၁၈ ရက်နေ့မှာ ထပ်မံရုံးချိန်းလိုက်ပါတယ်။ ဦးပဉ္စင်းတို့တရားရင်ဆိုင် နေရတဲ့ တရားရုံးပေါ်ကို တစ်နေရာရာကနေ ဖိအားပေးတဲ့ပုံစံမျိုး တွေ တွေ့နေရတယ်။   ပွင့်လင်း မြင်သာမှု သိပ်မရှိသလိုခံစားရတယ်။ အမှုမှန်ပေါ်ပေါက်အောင် တော့ လုပ်ဆောင်သွားမှာပါ’’ဟု ဆရာတော် ဦးဥတ္တရ ကမိန့်ကြားသည်။

 တရားစွဲဆိုခံထားရသော သံဃာငါးပါးနှင့် ပတ်သက်၍ တရားရုံးဆုံးဖြတ်ချက်သည်  မြန်မာနိုင်ငံရေးနှင့် ပြည်သူများအကြား အနည်းနှင့်အများ ဂယက်ရိုက်နိုင်ကြောင်း ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းမှ ဦးမင်းကိုနိုင်ကပြောဆိုထားသည်။

ဇွန်လ ၂၀ ရက်က တာမွေမြို့နယ်တရားရုံးတွင် လူဝတ်လဲခံသံဃာတော်များ ပထမအကြိမ် ရုံးထုတ် စစ်ဆေးစဉ် က ပုဒ်မ ၂၀/ ၁၉၊ ပုဒ်မ ၂၉၅ ဖြင့် တရားစွဲဆိုထားသော သံဃာတော်များကို ပုဒ်မ ၁၄ ဖြင့် ပြန်လည်တရားစွဲဆိုခဲ့ပြီး အာမခံပေးကာ သင်္ကန်း ပြန်ဆီးခွင့်ပေးခဲ့သည်။

မဟာသန္တိသုခကျောင်းတိုက်တွင် သီတင်းသုံးနေသော အင်္ဂလန်ဆရာတော် အပါအ၀င် သံဃာငါးပါးကို ဇွန်လ ၁၁ ရက်ညတွင် ဖမ်းဆီးပြီး ဇွန်လ ၁၃ ရက်တွင် လူဝတ်လဲ၍ တာမွေမြို့နယ် တရားရုံးတွင် ရုံးထုတ်ကာ အင်းစိန်ထောင်သို့ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List