Saturday, July 05, 2014

ကမ္ဘာ့ဖလားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားတွင် ရှာကီရာ ဖျော်ဖြေမည်


ဘရာဇီးနိုင်ငံမှာ ကျင်းပလျက်ရှိတဲ့ ၂၀၁၄ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားမှာ နာမည်ကျော် ပေါ့ပ်အဆိုတော် ရှာကီရာ ပါဝင်ဖျော်ဖြေမယ်လို့ CNA သတင်းဌာနမှာ ဖော်ပြထားပါတယ်။၂၀၁၀ ကမ္ဘာ့ ဖလားပြိုင်ပွဲ အဖွင့်သီချင်းဖြစ်တဲ့ This Time For Africa ကို သီဆိုခဲ့တဲ့ ရှာကီရာဟာ ဇူလိုင်လ ၁၃ ရက်နေ့မှာ ကျင်းပမယ့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားမှာ ကမ္ဘာကျော် ဂီတာသမား ကားလို့စ်ဆန်တားနား၊ ရက်ပ်အဆိုတော် ဝိန်းကလက်ဖ်ဂျင်းတို့နဲ့ အတူ ပါဝင်ဖျော်ဖြေမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပိတ်ပွဲ အခမ်းအနားမှာ ရှာကီရာဟာ နာမည်ကျော် ဘရာဇီးအဆိုတော် ကာလင်ဟိုဘရောင်းနဲ့ တွဲဖက်ပြီး La La La (Brazil 2014) သီချင်းကို သီဆိုဖျော်ဖြေမှာ ဖြစ်တယ်လို့ FIFA က ဗုဒ္ဓဟူးနေ့တုန်းက ကြေညာခဲ့ပါတယ်။

“ကျွန်မနဲ့ ဘောလုံး အားကစားကြားမှာ နားလည်ရခက်တဲ့ ပတ်သက်ဆက်နွှယ်မှု တစ်ခုရှိနေတာ သေချာပါတယ်။ ပြီးတော့ ကမ္ဘာ့ဖလားပြိုင်ပွဲဆိုတာ ကျွန်မ အပါအဝင် ကမ္ဘာတစ်ဝန်းက လူတွေအတွက် ဘယ်လောက်အရေးပါတယ် ဆိုတာကိုလည်း ကျွန်မ ကောင်းကောင်း နားလည်ပါတယ်” လို့ ရှာကီရာက ပြောပါတယ်။

ရှာကီရာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ဖျော်ဖြေတာ ယခုတစ်ကြိမ်နှင့် ဆိုလျှင် သုံးကြိမ်ရှိပြီ ဖြစ်ပြီး စပိန်လက်ရွေးစင် ဘောလုံးအသင်းရဲ့ ဘယ်နောက်ခံလူ ဂျရတ်ပီကေးနဲ့လည်း ချစ်ကြိုက်လျက် ရှိပါတယ်။

ရှာကီရာရဲ့ မိခင်နိုင်ငံဖြစ်တဲ့ ကိုလံဘီယာဟာ ကွာတားဖိုင်နယ်မှာ အိမ်ရှင်နိုင်ငံဖြစ်တဲ့ ဘရာဇီးနဲ့ ယှဉ်ပြိုင် ကစားဖို့ ရှိနေပါတယ်။

The Voice Weekly

No comments:

Post a Comment

My Blog List