Tuesday, July 01, 2014

ငယ်ငယ်ရွယ်ရွယ်နဲ့ ကုမ္ပဏီ စာရင်းကိုင်ချုပ် ဖြစ်လာသူ တစ်ယောက် အကြောင်း


အမေရိကန် ပြည်ထောင်စု နယူးယောက်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ Humans of New York မီယာရဲ့ အင်တာဗျူးကို ယခုလို ဖြေကြားပေးထားပါတယ်။ 'အိမ်ထောင်ကျပြီး ကျမ အသက် ၁၆ နှစ်မှာ ကလေးတစ်ယောက်ရတယ်။ စာမကြိုးစာလို့ ကျောင်းထုတ်ခံရတယ်။ ဒါကြောင့်မို့ မိသားစုက ဖွင့်တဲ့ အားကစားပစ္စည်းဆိုင်အသေးလေးမှာပဲ ဝင်ရောက်အလုပ်လုပ်တယ်။ သိပ်မကြာခင်မှာပဲ အခွန်ဆိုင်ရာ ကုမ္ပဏီတစ်ခုမှာ reception ရာထူးနဲ့ ဝင်ရောက် လုပ်ကိုင်ခွင့်ရခဲ့ပါတယ်။ 

ကုမ္ပဏီဟာ ကျမကို စာရင်းကိုင်ပညာနဲ့ အခွန်ဆိုင်ရာကိစ္စရပ်များကို လေ့လာခွင့်တွေ ပေးခဲ့ပါတယ်။ စာရင်း ကိုင် အခြေခံဝန်ထမ်းတစ်ဦး ဖြစ်လာတဲ့ အထိတောင် လေ့လာခွင့်ရခဲ့ခြင်း ဖြစ်ပါတယ်။ နောက်တော့ အဲ့ထက် အနည်းငယ် သေးတဲ့ ကုမ္ပဏီတစ်ခုက လှမ်းခေါ်လို့ စာရိုင်းကိုင် ရာထူးနဲ့ ဝင်လုပ်ခွင့်ရခဲ့ပါတယ်။ accounts payable, accounts receivable အစရှိသဖြင့် တို့အပြင် လုပ်ပိုင်ခွင့်တာဝန်အများအပြားကို ပေးအပ်ပါတယ်။

နောက်တော့ ကျမ အထက်မှာ အလုပ်လုပ်တဲ့ (Controller/ စာရင်းချုပ်) ဟာ ရုတ်တရက် အလုပ်ထွက် သွားတော့ သူ့တာဝန်ကို ယာယီလွဲပြောင်းယူခဲ့ရပါတယ်။ နောက်တော့ ကုမ္ပဏီက ကျမဟာ ဘွဲ့၊ ဒီဂရီ တစ်ခုမှ ရမထားတဲ့အတွက် စာရင်းကိုင်ချုပ် ရာထူးကို တရားဝင်မပေးပါဘူး။ ဒါနဲ့ ကျမဟာ အချိန် ၆ လ လောက်ရင်းပြီး ညကျောင်းတစ်ခုတက်ခဲ့တယ်။ နောက်တော့ ဒီဂရီတစ်ခုရရှိပြီး ကုမ္ပဏီရဲ့ တရားဝင် စာရင်း ကိုင်ချုပ် (Controller of the company) ဖြစ်လာခဲ့ပါတယ်။'

သင်ခန်းစာ 

ဘယ်လုပ်ငန်း ပညာရပ်မှာမဆို မဆုပ်မနစ် ကြိုးစား နိုင်ခြင်းက အောင်မြင် ခြင်းရဲ့ သော့ချက်တစ်ခုပဲ ဖြစ်ပါတယ်။

.
အောင်ခမ်း (www.innewsmyanmar.com)

No comments:

Post a Comment

My Blog List