Saturday, July 05, 2014

ဒီမိုကရေစီစနစ်ကာလတွင် အချိုးကျ ကိုယ်စားပြုစနစ်ဖြစ်သည့် PRစနစ်ကို မကျင့်သုံးသင့်


မြန်မာနိုင်ငံ၌ လက်ရှိကျင့်သုံး၊ အကောင်အထည်ဖေါ်နေသည့် ဒီမိုကရေစီစနစ် ကာလတွင် အချိုးကျကိုယ် စားပြုစနစ်ဖြစ်သည့် PRစနစ်ကို မကျင့်သုံးသင့်ဟု ရှစ်လေးလုံး အရေးတော်ပုံတွင်ပါဝင်လှုပ်ရှားခဲ့သူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်တွင် နေထိုင်သော နိုင်ငံရေးသမားဟောင်းကြီး ဦးမြဦးမှ ပြောကြား ခဲ့သည်။

“ကျွန်တော်တို့ နိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်တည်ဆောက်နေဆဲအချိန်မှာ အမျိုးသား လွှတ်တော်က ရုတ်တရက်PRစနစ်ဆိုပြီး အဆိုတင်သွင်းလိုက် တာဟာ ဒီမိုကရေစီ လိုလားနေတဲ့ ပြည်သူတွေကိုေ၀၀ါးသွားအောင် လုပ်သလိုဖြစ်နေပါတယ်။ ယနေ့အချိန်မှာ ကိုယ့်နိုင်ငံက PRစနစ်နဲ့ ကိုက်ညီရဲ့လား ဆိုတာ အရင်ဦးစဉ်းစားဘို့လိုပါတယ်။ နိုင်ငံဖရိုဖရဲဖြစ်နေတဲ့အချိန်မှာ ခုလို ပီအာစနစ် မဖြစ်သင့်ပါ။ တစ်နိုင်ငံလုံးက ဖွဲ့စည်းပုံဥပဒေထဲက ပုဒ်မ၄၃၆ ကို ပြင်ဆင်ဖို့လုပ်နေတာသိရက်နဲ့ ခုလို PR ဆိုပြီး တရေးနိုး  ထအော်လိုက်ခြင်းက ပြည်သူတွေ တောင်းဆိုနေတဲ့ ပုဒ်မ၄၃၆ကို အဟန့်အတားလုပ်လိုက်
တာနဲ့ တူနေပါတယ်။ ဒါဟာရိုးရိုးမဟုတ်ပါဘူး၊ နိုင်ငံရေးပယောဂပါနေပါတယ်။ PRစနစ်ကို ဒီမိုကရေစီ ရင့်ကျက်နိုင်ငံတွေက အစိုးရအစီအမံတွေကို အရင်ပြဌာန်းချမှတ်ပြီးမှ ပြုလုပ်လေ့ရှိပါတယ်၊တနည်းပြော ရရင် စစ်မှန်တဲ့ဒီမိုကရေစီ အသားကျပြီးမှ PRစနစ်ကို သုံးလေ့ရှိတာပါ။ မြန်မာနိုင်ငံမှာ လုပ်သင့်တဲ့ အရာ မဟုတ်သေးဘူး။တကယ်လုပ်ရင်တော့ ရူးလို့ လုပ်လိုက်တယ်လို့ပဲ ပြောချင်ပါတယ်။ အခုလိုဒီမိုကရေစီဖြစ် လာဘို့ ကျွန်တော်တို့ပြည်သူတွေဘယ်လိုပေးဆပ်ပြီး သယ်လာခဲ့ရသလဲဆိုတာ သိစေချင်ပါတယ်၊ ပြည်သူတွေဟာ ဒီမိုကရေစီစနစ်နဲ့ တိုင်းပြည်ထူထောင်ဖို့လွတ်လပ်ရေးမရခင်နဲ့ ရပြီး ခေတ်အဆက်ဆက် တိုက်ပွဲဝင်လာခဲ့တာ သွေးစွန်းနေတဲ့ သမိုင်းက သက်သေထူပြီးသားပါ။ခုမှဒီမိုကရေစီ လမ်းလျှောက် တတ် အရွယ်ပဲ ရှိပါသေးတယ်။ ပြည်သူတွေကိုေ၀၀ါးသွားစေမယ့်လုပ်ရပ်မျိုးတွေကိုလွှတ်တော်ကိုယ်စားလှယ်တွေ က အလေးထားသတိပြုရမှာပါ။ PRဆိုပြီးလုပ်နေတာဟာ တကယ်တမ်း ဒီမိုကရေစီကိုမလိုလားလို့ပဲလို့ ပြောချင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးဆိုင်ရာ လွှတ်တော်တွေကလည်း ပြည်သူတွေအတွက် အလေးထား စဉ်းစားပေးသင့်တယ်လို့ ပြောပါရစေ” ဟု ဝေဖန်ထောက်ပြပြောဆိုသည်။

အချိုးကျ ကိုယ်စားပြုစနစ်ဖြစ်သည့် PRစနစ်(Proportional Representati System) မှာ အကျဉ်အားဖြင့် နိုင်ငံတော်အာဏာကို ခံယူကျင့်သုံးမည့် လွှတ်တော်ကို ရွေးကောက်တင်မြောက်ရာတွင် ကိုယ်စားလှယ် အမတ်လောင်း များအချင်းချင်း ရွေးကောက်တင်မြောက်သည့် စနစ် မဟုတ်ဘဲ ပါတီအချင်းချင်းယှဉ်ပြိုင် သည့် စနစ်ဖြစ်သည်။ ယင်းမှပါတီအလိုက်ရရှိမည့် မဲရာခိုင်နှုန်းကို ဆိုင်ရာပါတီက လွှတ်တော်သို့ သူတို့ စိတ်ကြိုက် အမတ်များကို စေလွှတ်ကြသည်။ 

မဲဆန္ဒနယ်တစ်ခုတွင် ပြည်သူ မဲဆန္ဒရှင်များက မိမိလိုလားသည့် အမတ်များကို ပုဂ္ဂိုလ်ရေးအရ ရွေးချယ်ခွင့် မရှိဘဲ ပါတီတစ်ခုကိုသာ ကိုယ်စားပြုမဲ ပေးရသောကြောင့် အမတ်နှင့် ပြည်သူကြားအဆက်ဆံမရှိသည့် သဘောဖြစ် နေသည်ဟု သိရပြီး ပြည်သူ မဲဆန္ဒရှင်၏ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ရွှေးချယ်ခွင့်အရေးများပျောက် ဆုံးနေတတ်သည့် စနစ်ဖြစ်ကြောင်းသိရသည်။

လူနည်းစု၊ လူများစုပါတီများတက်လာပြီး အနည်းဆုံး ထောက်ခံ မဲ၅ရာခိုင်နှုန်းဖြင့် လွှတ်တော်ထဲ ၀င်ရောက် လာနိုင်သောကြောင့်လွှတ်တော်ထဲတွင် နိုင်ငံရေး ပလက်ဖောင်းသမားများကြီးစိုးသွားနိုင်သည့် သဘော လည်းဖြစ်နေကြောင်း၊ လွှတ်တော်တွင်ကိုယ်စားပြုစနစ်ဖြင့်တက်လာသော နိုင်ငံရေးပါတီ အများအပြား ရှိလာနိုင်မှုကြောင့် မဲဆန္ဒအရ ပါတီများ ညွှန့်ပေါင်း အစိုးရ စနစ်ဖြင့် နိုင်ငံကိုအုပ်ချုပ်ရသည်။ 

၎င်းပါတီတစ်ခုခုက ကန့်ကွက်နှုတ်ထွက်ပါက အစိုးရ ဖွဲ့စည်းပုံ ယိုင်ဆင်းသွားပြီး တိုင်းပြည်တိုးတက်ရေး အတွက် အလုပ်၊လုပ်ချိန်နည်းပါးလာကာ အစိုးရ အုပ်ချုပ်ရေးအပိုင်းများတွင်သာ ရှုပ်ထွေးလာနိုင်ကြောင်း၊ တကယ်တမ်း ဒီမိုကရေစီရင့်ကျက်နိုင်ငံများကPRစနစ်ကို ကျင့်သုံးသည့်နေရာမှာစစ်မှန်တဲ့နိုင်ငံဖွဲ့စည်းပုံ
အခြေခံဥပဒေကို အခိုင်အမာတည်ဆောက်ပြီး ကျင့်သုံးကြလေ့ရှိသည်။

တစ်ချို့နိုင်ငံများမှာ PRစနစ်ကြောင့် တိုင်းပြည်ပျက်တဲ့အထိရှိနေကြသည်၊ အမေရိကန်လိုဒီမိုကရေစီ ဖခင်ကြီးဟု ခေါ်ဆိုနိုင်သည့် နိုင်ငံပင်အဆိုပါ စနစ်ကိုမကျင့်သုံးပေ၊ လူဦးရေထူပြောသော၊ လူမျိုးစုနိုင် ငံဖြစ်သည့် အိန္ဒိယနိုင်ငံပင် ၎င်းPRကို မကျင့်သုံးသည်ကိုလည်းတွေ့နေရကြောင်း၊၎င်း ညွန့်ပေါင်းအစိုးရ 
စနစ်ကြောင့် တိုင်းပြည်ဖရိုဖရဲဖြစ်ကာ နိမ့်ဆင်းနေရခြင်းများထွက်ပေါ်နေကြကြောင်း၊ မြန်မာနိုင်ငံကဲ့သို့ ဒီမိုကရေစီကျင့်သုံးနေသော နိုင်ငံပေါင်း ၁၁၄နိုင်ငံအနက် ၇၅နိုင်ငံသာ ကျင့်သုံးနေသည်ကိုလည်း ရှိနေကြောင်း၊ ၎င်းကျင့်သုံးနိင်ငံများအနက်စစ်မှန်သောဒီမိုကရေစီစနစ်ကို အကောင်အထည်မဖေါ် ထားမှုကြောင့် အုပ်ချုပ်မှုပြဿနာများ ပေါ်ပေါက်ကာတိုင်းပြည်အရေး၊ပြည်သူလူထုအရေးများ ကျဆင်းနေ၍ အကျိုးဖြစ်ထွန်းမှုမရှိပေ။ ယင်းကြောင့် ယနေ့မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ကို အခြေခံကျကျဖော်နိုင်ရန် 
လိုအပ်နေသောကြောင့် ဒီမိုကရေစီအရေးကိုသာ ဦးစားပေးကျင့်သုံးသင့်ကြောင်းကို ဦးမြဦး မှ ဆက်လက်ပြောပြသည်။

PRစနစ်အသွင် ကျင့်သုံးနေသော ဂျာမဏီ နိုင်ငံနှင့် ဆွစ်ဇာလန် နိုင်ငံမျိုးတွင် စစ်မှန်သည့် ဖက်ဒရယ်ဒီမို ကရေစီစနစ်ကို အရင်တည်ဆောက်ပြီးတည်ငြိမ်နေသည့် ကာလရောက်မှ ၎င်းအစိုးရက ပါတီတိုင်းကို ရပ်တည်နိုင်ရေးအတွက် အပြည့်အ၀ထောက်ပံ့ပေးထားပြီး နိုင်ငံရေးအစီအမံနှင့်ပြဌာန်းချက်များကိုပြု 
လုပ်ကာ PRစနစ်အသွင် ကျင့်သုံးနေခြင်းသာဖြစ်ကြောင်း ဆက်လက်ကြားသိရသည်။

ယင်းကြောင့် မြန်မာနိုင်ငံတွင် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖေါ်ပြီး တည်ဆောက်နေရမည့်အချိန်တွင် ခုလိုအမျိုးသားလွှတ်တော်မှ အဆိုတင်သွင်းသည့်PRစနစ်အား မြန်မာ့နိုင်ငံရေး အခြေအနေနှင့် မအပ်စပ်၊ မဖြစ်သင့်သေးကြောင်း အဆိုပါပုဂ္ဂိုလ်ကသုံးသပ်ပြောဆိုခဲ့သည်။

ထို့ကြောင့်ယနေ့မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူ တစ်ရပ်လုံးက ပြင်ဆင်ရန် လိုလား
တောင်းဆိုနေသည့် အချိန်၌ လွှတ်တော်ထဲမှပြည်သူ့ကိုယ်စားလှယ်များသည် ပြည်သူကို ကိုယ်စားပြုမှု မှန်ကန်စေရန်၊မလိုလားအပ်သည့် နိုင်ငံရေးတောင်းဆိုမှုများဖြင့် နိုင်ငံ ရှုပ်ထွေးအောင်မပြုလုပ်သင့်ကြောင်း ကို နောက်ဆုံးဖြည့်စွက်ပြောကြားသွားခဲ့သည်။

ထွန်းထွန်း
The Myanmar Age

No comments:

Post a Comment

My Blog List